Popular Posts

Tuesday, November 6, 2012

နွားထီးငါးကျပ်၊ နွားမငါးကျပ်ဖြစ်နေသည့် မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးလစ်လျူရှုမှု



နွားထီးငါးကျပ်၊ နွားမငါးကျပ်ဖြစ်နေသည့် မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးလစ်လျူရှုမှု

၂၀၁၂ ခုနှစ်အတွင်းအမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားမှုများကိုအကန့် အသတ် ဖြင့်  ဖြေ ချ ပေးခဲ့မှု ကြောင့် လက်ငင်းရလာဒ်အဖြစ် ရန်ကုန်နှင့်မြန်မာနိုင်ငံ၏မြို့ ကြီးများ၊ ကမ်းခြေများ နှင့် ရှေး ဟောင်း ယဉ်ကျေးမှု နယ်မြေများတွင် နိုင်ငံခြား သား ခရီးသွားများဖြင့် ပြည့်လျှံ စည်ကားခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့သော်လည်း မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရ၀န်ကြီးချုပ် များက ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာကမ်းခြေသို့  နိုင်ငံခြားသားခရီးသွားဧည့် သည်များ မပြတ်တမ်း ဥဒဟို စည်ကားနေသော်လည်း လျှပ်စစ်ဝန်ကြီးဌာန က ချောင်းသာ ကို လျှပ်စစ်မီး ပြည့်ဝစွာ ပေးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ 

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာတွင် တစ်နေ့ တွင်လျှပ်စစ်မီးကို ညစဉ် ၁၉း၀၀ နာရီမှ ၂၂း၀၀ နာရီ အထိသာ အစိုးရလျှပ်စစ်ဓါတ်အားလိုင်းမှ ရရှိနေကြောင်း၊ ယင်းတစ်နေ့  လျှင် သုံးနာရီသာဖြန့် ဝေသည့်လျှပ်စစ် မီးကို လည်းပြည့်ဝစွာ မရရှိပဲ တစ်ခါတစ်ရံ ပြတ်တောက်မှုများ နှင့် လည်း တွေ့  ကြုံ နေရကြောင်း၊ ယင်းသို့  လျှပ် စစ် မီး ဖူလုံစွာ မရရှိသည့် အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် စိတ်ပျက်စရာဖြစ်စေပြီး ချောင်းသာကမ်းခြေ ခရီးသွားဈေးကွက် ၏ ဥပဓိရုပ်ကို ညှိုးနွမ်းစေကြောင်း၊ ယင်းသို့ နိုင်ငံခြားသားများကို သာ စိတ်ပျက်စေသည်သာမက ချောင်းသာ တွင် ညအချိန်မှောင်လေ့ ရှိသည့်အတွက် အမှောင်ကိုအခွင့်ကောင်းယူသည့်မြန်မာပြည်အနှံ့မှဒုစရိုက်သမားများကလည်း ရှောင်တိမ်းပုန်းအောင်း ရာနေရာဒေသအဖြစ် အသုံးပြု နေသည့် အတွက် နိုင်ငံခြားသားခရိသွားဧည့်သည်များ၏ လုံခြုံရေးအတွက်ပါ စိုးရိမ်ဖွယ်ဖြစ်နေရကြောင်း၊  ချောင်းသာ ဟိုတယ် ဇုန် တွင်လည်းကောင်း၊ ချောင်းသာ စီးပွားရေးဇုန်တွင်လည်းကောင်း၊ ချောင်းသာကမ်းခြေ လူနေကျေးရွာတွင်လည်းကောင်း  ညစဉ် ၁၉း၀၀ နာရိ မှ ၂၂း၀၀ နာရီအထိသာ လျှပ်စစ်မီးဖြန့် ဝေပေးနေမှု  ကြောင့် လျှပ်စစ်ဓာတ်အားဖြန့် ဝေရေးဌာနအနေဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေသည့် မီးခိုးမထွက်သည့် စက်ရုံများရှိရာ ချောင်းသာကမ်းခြေဒေသတွင် နွားထီးငါးကျပ်၊နွားမငါးကျပ် နှုန်းတူကြေးတူ သတ်မှတ်ပြီးမြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးအပေါ်လစ်လျူရှုဆောင်ရွက်လျှက်ရှိကြောင်း  ချောင်းသာ ကမ်းခြေ စီးပွားရေးဇုန် မှ လုပ်ငန်းရှင်များ က ရန်ကုန်ကြေးမုံသို့ ပြောကြားသည်။

ရန်ကုန်ကြေးမုံ

No comments:

Post a Comment