Popular Posts

Wednesday, November 28, 2012

လက် ပံ တောင်း တောင် သ ပိတ် စ ခန်း အ ရေး ကိ စ္စ မှာ အ စိုး ရ ၊ လူ ထု ခေါင်း ဆောင် ၊ ပွင့်  လင်း လူ့  အဖွဲ့  အ စည်း စ သည် အား လုံး ညီ ညွတ် လျှက် ရှိ

ဂျပန်စစ်တက္ကသိုလ်ဆင်းများရဲ့ မရိုးနိုင်သောအမိန့်    မို့ ရှီး မို့ ရှီး ’’
29-11-2012
စစ်ပညာကို ရဲဘော်သုံးကျိပ် က ဂျပန်နိုင်ငံသို့ သွားရောက် သင်ယူခဲ့သလို  ဂျပန်များကလည်း မြန်မာ နိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင်  မြန်မာများအတွက် စစ်ပညာတက္ကသိုလ်များဖွင့်လှစ် သင်ကြားပေးခဲ့သည် ။ လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီစနစ်ကို လျောက်လှမ်း နေသည့်အချိန်အထိ  ဂျပန်တပ်မတော် က ပြု စု ပျိုး ထောင်ပေးခဲ့သော မြန်မာစစ်တက္ကသိုလ်ဆင်း အရာရှိကြီးများက ဂျပန်တို့ ၏ Command တစ်ခုကို မဖျောက်ဖျက်နိုင်ပဲ အရိုးစွဲသည် အထိ သုံးစွဲ လာခဲ့ကြသည် ။ယင်း Command မှာ မို့ ရှီး မို့ ရှီး  ဟူသော ဂျပန်စကားပြက်လုံးဖြစ်သည်။

စာရင်းရှင်းတမ်း မဖေါ်ပြနိုင်ပါကလည်း မို့ ရှီး မို့ ရှီး ၊ သက်သေကျန်မည်ဆိုပါကလည်း မို့ ရှီး မို့ ရှီး ၊ ကုန် သွယ် လယ်ယာ စာရင်း မရှင်းနိုင်တော့လဲ မို့ ရှီး မို့ ရှီး၊ လူထုဟောပြောပွဲစင် ဖျက်ချင်တော့လဲမို့ ရှီး မို့ ရှီး  နှင့် ယခုလည်း လက်ပံတောင်းတောင် သပိတ်စခန်းကို ၂၉-၁၁-၂၀၁၂ လင်းအားကြီး နံနက် ၀၃း၀၀ နာရီ ချိန်ခန့် က မီးလောင်ဗုံးများဖြင့် ၀င်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် အရေးတွင် နိုင်ငံတော်သမ္မတ ရုံး မှ ၀န်ကြီး ဦးအေင်မင်း က တရုတ် ကိုကျေး ဇူးဆပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် က တရုတ်ကို ကတိတည်ရန် မည် ဖြစ်ကြောင်း၊ အခုလက်ပံ တောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ မယ်။... ဒါကိုလည်း ထည့်စဉ်းစားဖို့လိုတယ်။ကမ္ဘာ့အလယ်မှာတင့်တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး”  ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်-ဒေါ်ခင်စန်းလှိုင် မှ လက်ပံတောင်းတောင် သပိတ် စခန်းသို့ ကိုယ်တိုင်သွားရောက်မည်ဟု ပြောကြားသည်။
၈၈ ကျောင်းသားအဖွဲ့ မှ မင်းကိုနိုင်တို့ အဖွဲ့ ကတော့ တနင်္သာရီ တိုင်းသို့ ထွက်ခွာသွားကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ရရှိထားပြီ ဟုဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး-ဇော်မိုးအောင် နှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ကပြောကြားသည်။


မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး-ဦးညွန့်စိုးနှင့်မုံရွာခရိုင်အုပ်ချုပ်ရေးမှူး-ဦးခင်မောင်စန်းဆိုသူ တို့က မဟာဇောတိကရာမကျောင်းတိုက်မှ ဆရာတော်များကို မထွက်ပါနဲ့ ထွက်ရင်ဖမ်းမယ် ထွက်ရဲရင်ထွက်ကြည့်ဆိုပြီးခြိမ်းခြောက်ပြောဆို ခဲ့ကြသည်။ (26-11-2012)နေ့ နေ့လည်(၂)နာရီခန့်။

သက်တော် ၆၀ ၊ သိက္ခာတော် ၄၂ ၀ါ ရှိ မုံရွာ မှ ဦဇင်း သုမလ မီးလောင်းဗုံးကြောင့် ဒဏ်ရာ အပြင်းအထန် ရ    
 ( FNG မှ ကူးယူဖေါ်ပြသည် ။ )
လက်ပံတန်းတောင် သပိတ်စခန်း ကို ဒီနေ့  နံနက် လင်းအားကြီး အချိန် မှာ မျက်ရည်ယို ဗုံး တွေ ၊ မီးလောင်ဗုံး တွေ ၊ မီးသတ် ပိုက် တွေ သုံး ပြီး ဖြို ခွဲခဲ့ ပါတယ်။ ဆန္ဒပြ သပိတ် ခေါင်းဆောင် တွေ ဟာ ယင်းမာပင် ၊ ပုလဲ နဲ့  ဖောင် ကား ဘက်က ရွာ တွေ ထိ ထွက် ပြေး ခဲ့ ရပါတယ်။ ဆန္ဒပြ ပွဲ မှာ သံဃာ တော် တွေ ကို ဦးဆောင် ခဲ့ သူ တစ်ဦး ဖြစ်တဲ့ ဦးဇင်း ဦးသု မလ က တော့မီးလောင်းဗုံး ဒဏ်ရာ အပြင်းအထန် ရ ခဲ့ လို့  ဘေးနား က ရွာတစ်ရွာ မှာခေတ္တ ခို လှုံ နေ ရ ပါတယ်။ ထွက်မ ပြေး ဘဲ နေတဲ့ သူ တွေ ကို ဖမ်းထားတယ် လို့  ဖောင်ကား ကို ရောက် လာ တဲ့ ၀ှက်မှေး ကျေးရွာသား သာ ကိုနိုင် က FNG ကို ပြောပါတယ်။

နံနက် ၃ နာရီ လောက် မှာအင်အား ခြောက်ရာ ကျော် လောက် ရှိ တဲ့ လုံ ထိန်း တွေ ဟာ တောင် ခြေ က သပိတ် စခန်း ကို စတင် ဖြို ခွဲ ပြီး နောက် မှာ ၀မ်ပေါင် စီမံ ကိန်း ကို ၀င် တဲ့ တောင်ကြား သပိတ် စခန်း နှစ် ခု ကို တော့ မီးလောင်း ဗုံး တွေ ပစ် ထည့် ပြီး အကြမ်းဖက် ဖြိုခွဲ ခဲ့ တာ ဖြစ်ပါတယ်။

ဓာတုဗေဒ လက်နက်များမသုံးကြာင်း နှင့် မီးခိုးဗုံး(Smoke )တွေသာ သုံးစွဲကြောင်း သမ္မတရုံးမှ ပြောကြား 
မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်စခန်းများကို ဖြိုခွင်း ရာတွင် ဓါတုလက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှု ဦးမှူးဇော်က ပြောကြားသည်။

အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေသည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည်ကိုမူ သိထားပြီး ရဲတပ်ဖွဲ့သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက်နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

အကောင်အထည်ဖော်နေဆဲ စီမံကိန်းများကိုတစ်ဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို
by FNG on November 28, 2012

ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပြီး အကောင်အထည်ဖော်နေဆဲ စီမံကိန်းများကို တစ်ဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြော ကြားသွား ခဲ့သည်။ 
အခုလက်ပံ  တောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊
ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စားနိုင်တော့ဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင် အစည်း အဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့ရာ   ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည် ရှင်းလင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းနှင့် ပတ်သက်၍ မီဒီယာများ သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။
အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ်ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့် အတွက် တစ်လလျှင် ဒေါ်လာ သန်း ဆုံးရှုံး နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော် တွင် ပြောကြားခဲ့သည်။ 
နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝရ ရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုး စီးပွားအတွက်သာ ဖြစ်ပါတယ်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂ မကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကအန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်းနဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲမမှန် နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ဖို့ပဲ လိုပါတယ်ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment