Popular Posts

Monday, November 19, 2012

ရွှေ တိ ဂုံ စေ တီ တော် မြောက် ဘက် မုခ် မှ တက် ရောက် ပြီး ရေ သ ပ္ပါယ် နေ သည့် သ မ္မ တ အို ဘား မား

အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက်အိုဘားမား ရွှေတိဂုံ စေတီတော် ကြည်ညို ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၁၉


အမေရိကန်ပြည်ထောင်စု သမ္မတမစ္စတာဘားရက် အိုဘားမားသည် နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး မစ္စဟီလာရီကလင်တန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများနှင့်အတူယနေ့ နံနက် (၁၁) နာရီမိနစ် (၄၀) တွင် ရွှေတိဂုံစေတီတော်သို့...
ရောက်ရှိရာဂေါပက အဖွဲ့ဝင်များက ကြိုဆိုကြသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက် အိုဘားမား သည် ဗုဒ္ဓ ရုပ်ပွားတော်အား ပန်း၊ ရေချမ်းလှူဒါန်း၍ စေတီတော်အား လှည့်လည် ကြည်ညိုသည်။

အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘားရက် အိုဘားမားသည် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မွန်းလွဲ (၁၂) နာရီမိနစ် (၂၀) တွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်၌ လက်ခံ တွေ့ဆုံသည်။

အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက် အိုဘားမားသည်မွန်းလွဲ (၂) နာရီမိနစ် (၄၀) တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ လူထုအခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်ဆရာဆရာမများနှင့် ပြည်သူများအား မိန့်ခွန်းပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသမ္မတသည် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရန် ညနေ (၃) နာရီ (၂၅) မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြု၍ ဂုဏ်ပြုနှုတ်ဆက်သည်။

ယင်းနောက် အမေရိကန် ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက် အိုဘားမားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အထူး လေယာဉ်ဆီသို့ ခရီးဦးကြိုဆို ခေါ်ဆောင် လာပြီး လေယာဉ်လှေကားထိပ်၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘားရက်အိုဘားမား၏ အထူး လေယာဉ် သည် ညနေ (၃) နာရီ (၃၅) မိနစ်တွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားသည်။

မြ၀တီ

No comments:

Post a Comment