Popular Posts
Wednesday, January 24, 2018
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး မြို့ နယ်တွင် လူသတ်မှု ဖြစ်ပွား
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံမြို့ နယ်ဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့  နယ် တွင် လူသတ်မှု ဖြစ်ပွားကြောင်း facebook page  သတင်းများ မှ သိရသည်။
ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာအာစု ခရာစုကျေးရွာ လယ်ကွင်း ထဲတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၏ရုပ်အလောင်းအား ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိကြောင်း ဒေသခံ များ မှ ပြောကြားသည်။
၂၀၁၈ဇန်၂၅ နံနက် ၁၀၁၅ သတင်းပေးပို့ ချက်အရ ရေးသားဖေါ်ပြသည်ဟု ရန်ကုန်စောင့်ကြည်Admin Team များ က ရေးသား ဖေါ်ပြထားကြသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ရေး သည် NLD အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှု ပေါ် အခြေခံ
မေခ မလိခ မြစ်နှစ်ခု ပေါင်းဆုံရာ တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန် တရုတ် အစိုးရ နှင့် ကမ်းလှမ်းထားမှု အပြီးတိုင် ရပ်ဆိုင်းရေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရသည့် NLD ပါတီ အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှု သတ္တိ နှင့် သာ သက်ဆိုင်ကြောင်း အငြိမ်းစားအကြီးတန်းအရာရှိဟောင်း တစ်ဦးမှ ရန်ကုန် ကြေးမုံသို့  ပြောကြားသည်။ 
NLD ပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင် ဒေါ်အောင်ဆန်းစုကြည် ၏ သတ္တဗျတ္တိ နှင့် အပြည့် အ၀ သက်ဆိုင်ကြောင်း ပြောကြားသည် ။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အငြင်းပွားမှု များတွင် အထင် ရှား ဆုံးဖြစ်ခဲ့သည့် မြစ်ဆုံ စီမံကိန်း နှင့် လက်ပံတောင်းတောင် စီမံကိန်း တို့  အနက် လက်ပံတောင်း တောင် စီမံကိန်း နှင့် သက်ဆိုင်သည့် လုပ်ငန်းလုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်သည့် စာချုပ် ကို တပ်မတော် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( Chemistry ကျောင်းသားဟောင်း မင်းခင်ဇော်ဦး ) မှ လက်မှတ် ရေးထိုးထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ် အစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ရန် မဖြစ်နိုင် မတတ်နိုင်ခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း နှင့် ပတ်သက်၍ လွှဲပြောင်းမှု လုပ်ငန်းအပ်နှံမှု ဆိုင်ရာ စာချုပ်များ တရားဝင် ချုပ်ဆိုခဲ့ခြင်း မရှိသည့် အတွက် ဒီမိုကရေစီအစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ စာချုပ် စာတမ်း ဥပဒေ အရ အပြည့်အ၀ ငြင်းဆို ပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရသည် အိမ်စောင့် အစိုးရသာ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရလက်ထက် လုပ်ဆောင် မှုများကို ဒီမိုကရေစီ အစိုးရများက အပြီးသတ် ငြင်းဆို ပိုင်ခွင့် ရှိကြောင်း ယင်းအကြီးတန်း အရာ ရှိ ဟောင်း က ဆက်လက်ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များအရ မြန်မာအစိုးရ အနေဖြင့် ဦးသန်းရွှေ လက်ထက်အစိုးရသည် အိမ်စောင့်အစိုးရသာ ဖြစ်သည်ဟူသော ကန့် သတ်ချက် မူဘောင် စကားရပ်ဖြင့် လက်လွှတ် ဆုံးရှုံးရသည့် ရှုံးနိမ့်မှုများ ပေါ်ပေါက်ခဲ့သည်များ ရှိကြောင်းသိရသည်။
သမ္မတ ဦးသိန်းစိန် လက်ထက် အတွင်း နိုင်ငံတော်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် သတ္ထုတွင်း ဌာန မှ ထွက်ကုန် များ ၀ယ်ယူခဲ့ကြသူများတွင် မိုးထိမိုးမိ ရွှေလုပ်ကွက်မှ ရွှေဗြုန်း တူးခွင့် လုပ်ငန်းလည်း ပါဝင်ခဲ့ကြောင်း၊ လက်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် တင်ဒါ လက်ဝယ်ပိုင်ခွင့် ရရှိသူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှ ဦးစိုးထွန်းရှိန်သည် တစ်နှစ်လျှင် ရွှေ တစ်တန် အစိုးရ သို့ ပေးသွင်း မည် ဟု စာချုပ် ချုပ်ဆိုခဲ့သော်လည်း နိုင်ငံတော် အစိုးရ ထံသို့ ရွှေပေးသွင်းရန် ပျက်ကွက်မှုများ ပေါ်ပေါက် လျှက် ရှိခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်း ရန် အစိုးရမှ တားမြစ်ထားကြောင်း၊ သို့ သော်လည်း အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ မှ ရွှေလုပ် သား များ ကို လစာ မပေးပဲ အစိုးရ နှင့် ရန်တိုက်ကာ လူစုလူဝေး နှင့် ဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုး လှုံ့ ဆော်မှုများ ပြုလုပ်လျှက်ရှိကြောင်း အငြိမ်းစားအကြီးတန်းအရာရှိကြီးမှ ပြောကြားသည်။ 
တပ်မတော်အစိုးရ လက်ထက်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တို့ တွင် ကြံ့ခိုင်ရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် လျောက်လွှာအမျိုးမျိုး တင်ပြ လျောက်ထားသည့် ပါတီ ခေါင်းဆောင်များသည် ပါတီ ရန်ပုံငွေ သို့ ပေးသွင်းခြင်းမရှိပဲ ပစ္စည်းဝယ်ယူသည့်လုပ်ငန်းရှင် နှင့် လက်ဝါးချင်းရိုက်ကာ ပါတီသို့ ရန်ပုံ ငွေ အနည်း ငယ် သာ ပေးသွင်းခဲ့မှုများကြောင့် ပြည်ခိုင်ဖြိုး ပါတီ အောက်ခြေ ပါတီတွင် ပြည်သူလူထုက ပြည်သူ့  ဘဏ္ဍာ ခိုးယူ သူများ ဟု စွပ်စွဲမှုများပေါ်ပေါက်နေသလို ပါတီဌာနချုပ် နှင့် တိုင်း / ပြည်နယ် အဆင့် ပါတီများ ကလည်း တိုင်း / ပြည် နယ်  နှင့် ဗဟို ရန်ပုံငွေ အကြောင်းပြပြီး ကိုယ်ကျိုး စီးပွားရှာ နိုင်ရန် ကြိုးစား အား ထုတ်လို သူများပြားနေသောကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရ ပါတီ ဖြစ်ရန် ကြံ့ခိုင်ရေး အနေဖြင့် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကြောင်း သုံးသပ် ပြောဆိုမှုများ အငြိမ်းစား အရာရှိကြီးများအတွင်း ပြောဆိုနေမှုများကို သိရှိစေဖို့  ရန်ကုန်ကြေးမုံမှ ရေးသားဖေါ်ပြလိုက်ရပါသည်။