Popular Posts

Wednesday, November 14, 2012

မ ဟာ ရန် ကုန် မြို့  တော် ဖြစ် တော့  မည် ဟု ဆို


မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ကဏ္ဍ ၃ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်


Wednesday, 14 November 2012


ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲတဲ့ ဦးဆောင် အဖွဲ့ကို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရပါတယ်။ ဒီလို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း
ဆောင်ရွက် ရာမှာ မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍ၊ မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲမှု ကဏ္ဍနဲ့ အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍစတဲ့ အချက် တွေနဲ့ ဖွဲ့စည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍအောက် မှာတော့ မြို့ပြစီမံကိန်း ရေးဆွဲမှု လုပ်ငန်း အဖွဲ့၊ စီးပွားရေး လုပ်ငန်း အဖွဲ့ရဲ့ စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြ ဆိုင်ရာ အခြေခံအဆောက် အအုံ ရေးဆွဲမှု ကဏ္ဍ အောက်မှာ မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ မြို့ပြ အခြေခံ အဆောက်အအုံများ၊ လုပ်ငန်း အဖွဲ့များ ပါဝင်ပါတယ်။

အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍအောက် မှာတော့ အခြေခံ သတင်း အချက်အလက် လူမှု ပတ်ဝန်းကျင် လုပ်ငန်းအဖွဲ့၊ လူမှု လေ့ကျင့်ရေး လုပ်ငန်း အဖွဲ့၊ ပထ၀ီ မြေပုံရေးဆွဲရေး လုပ်ငန်း အဖွဲ့နဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ကို ဖွဲ့စည်း ပါဝင်တာ
ဖြစ်ပါတယ်။ အဲ့ဒီ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း မှာတော့ မြို့ပြ လမ်းပန်း ဆက်သွယ် သွားလာမှု ကွန်ရက်၊ မြို့ပြ သောက်သုံးရေ
ဖြန့်ဝေရေး ကဏ္ဍ၊ မြို့ပြ မီးရထား ကွန်ရက် စတာတွေ ပါဝင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV - 4
Myanmar Online News

No comments:

Post a Comment