Popular Posts

Monday, June 24, 2013

သူရ ဦးရွှေမန်း၏ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေတဲ့  အဖြေ - ဒါ အမှန်ပဲလား ? ? ?


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဌာနချုပ် ၊ နေပြည်တော်တွင် ပြုလုပ်လျှက်ရှိသော ပါတီ ဗဟို ညီလာခံတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံြ့ဖိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ထောင်စု နေ့ စဉ် သတင်းစာမှ သတင်းထောက်တစ်ဦး၏ လျှပ်တစ်ပြက် မေးခွန်းကို ပါတီဥက္ကဋ္ဌမှ ဖြေဆိုခဲ့သော အဖြေများ ကို ပြည်ထောင်စုနေ့ စဉ် သတင်းစာမှ ဖေါ်ပြခဲ့ရာ မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန် မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲဆိုသည့် မေးခွန်း နှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌကြီး မှ နောက်ကြောင်းပြန်အောင် ပြောတဲ့လူ လုပ်တဲ့လူ သူတို့ မှာ တာဝန်ရှိတယ်၊၊ အဲဒီလူကို ချေမှုန်းရမယ်  ဟုဖြေဆိုပြောကြားခဲ့သည်။
ယင်းအဖြေမှာ ပြည်သူအားလုံးလိုလားသည့်အဖြေဖြစ်သောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုး ရေး ပါတီ အနေဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ပါတီမူဝါဒများ ချမှတ်ဆောင်ရွက်နေပြီလား ဆိုသည့်မေးခွန်းမှာ  မြန်မာပြည်သူများအတွက်  အရေးပါလာသည့် တွေးဆစရာ မေးခွန်းနှင့် ထင်မြင် ချက်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတွင် အမာဂိုဏ်းနှင့်အပျော့ဂိုဏ်းဟူ၍ နှစ်ပိုင်းကွဲနေရာ ပါတီဥက္ကဋ္ဌ မှ ယခုကဲ့သို့  ချေမှုန်းရမယ် ဟု သုံးနှုန်းဖြေဆိုခဲ့သည့်အတွက် No Discuss , No Dialogue , No Negotiate  ဖြစ်သောကြောင့် ပါတီအတွင်းရှိ နိုင်ငံရေးနောက်ကြောင်းပြန်လိုသူများ ကို ပါတီတွင်းသန့် စင်မှု တွေ လုပ်တော့မည်လား ဟူ၍ မေးခွန်းများထွက်ပေါ်လာခဲ့သည်။ ကျွန်းပြန်နိုင်ငံရေးသမားကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအတွင်း သောင်း နှစ် သောင်း မှာ နောက်ကြောင်း ပြန်လှည့်လိုသည့် စစ်ဗိုလ်ဟောင်းများဖြစ်သည် ဟု သုံးသပ်ပြောဆိုလျှက်ရှိသည်။

Saturday, June 22, 2013

ဗိုလ်တထောင် မင်းအောင်ရဲ့  " နိုင် ငံ သား အခွင့်အရေး "


ဆီဂါလံ သန်း (၁၆၀၀) ကျော် ကွာဟနေသည့် အမှတ်(၁)ရေနံချက်စက်ရုံ - သန်လျင်

ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ နောက်ဆုံးအကြိမ် စိစစ်ရန် ဖွဲ့ စည်းပေးထားသည့် (၁၈) ဦး အဖွဲ့  သည် သန်လျင်မြို့ နယ်၊ အမှတ် (၁) ရန်ကုန်-သန်လျင် တံတားအဆင်းရှိ အမှတ် (၁) ရေနံ ချက်စက်ရုံ - သန်လျင်၏ ဆီချက်လုပ်ပုံ အဆင့်ဆင့်အား အဆိုင်းများခွဲ၍ စိစစ်ဆောင်ရွက်ရန် တာဝန်ပေးခဲ့ရာ ယင်းအဖွဲ့ မှအဖွဲ့ ဝင်များစိစစ်ချက်အရ သန်လျင် အမှတ် (၁) ရေနံချက်စက်ရုံ အနေဖြင့် ဆီဂါလံ သန်းပေါင်း (၁၆၀၀)ကျော် လေလွင့်ဆုံးရှုံးမှုစာရင်းဖေါ် ပြထားကြောင်း စိစစ်တွေ့ ရှိရသည်ဟု စုံစမ်းသိရှိရသည်။

ယင်းရေနံချက်ဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်အရ မိမိတို့ ဌာနမှ တိုက်ရိုက်ချက်၍ သို/ဖြန့်  ဌာနသို့ တိုက်ရိုက်ပေးပို့ ရကြောင်း၊အရှုံးအမြတ်များကို မိမိတို့ ရေနံချက် ဌာန အနေ ဖြင့် လုံးဝမသိရှိရကြောင်း၊ ရေနံ သို / ဖြန့် ဌာန အနေဖြင့် အရှုံးအမြတ်များကို တိုက်ရိုက်ကိုင် တွယ်ကြောင်း သိရသည်။

ယနေ့ အထိ ဆုံးရှုံးဆီဂါလံများကို စိစစ်ဆဲဖြစ်ကြောင်း ၊ ရေနံချက် ဌာနမှ တာဝန်ရှိသူတစ်ဦးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အရှုံးပေါ်ပါက မိမိတို့ ရေနံချက်ဌာနအား  အမြဲအပြစ်ပုံချလေ့ရှိခဲ့ကြောင်း၊ ယခုအခါမှ ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးအဖွဲ့ က လုပ်ငန်းစစ်အဖွဲ့ အားထားရှိ စစ်ဆေးစေခြင်းဖြစ် ကြောင်း၊ ယခင် စစ်ဆေးရေးအဖွဲ့ များက စက်ရုံမှ စက်ရုံမှူး နှင့် ဖိုမင်ချုပ်များ ၊ဖိုမင်များ တို့ နှင့် တိုင်ပင် ပြီး စာရင်းလိမ်လည် ပြဆိုမှုများဆောင်ရွက်ခဲ့ကြောင်း၊ သန်လျင်ရေနံချက်စက်ရုံရောက်ရှိသည့် စာရင်းစစ် လုပ်ငန်းစစ်တိုင်း ကိုယ်ကျိုးစီးပွားအမြတ်ထွက်လေ့ ရှိ ကြောင်း ကို ရန်ကုန်ကြေးမုံသို့  ပြောကြားသည်။

ရေနံချက်ဌာနမှ အရာရှိတစ်ဦး က သို/ဖြန့် ဌာန တွင် ဆီတိုင်ကီများအတွင်း အောက်တွင်ခံထားသော ရေများ အား အလျဉ်းသင့်သလို အရှုံး/အမြတ်ပေါ်မူတည်၍ ထုတ်နေကြောင်း ပြောကြားသည် ။

သို / ဖြန့် ဌာနမှ ဖိုမင်ချုပ်၊ဖိုမင် နှင့် အရာထမ်းများ မှာ ပင်စင်နှင့် အလုပ်ပြုတ်မည်ကို ကြိတ်၍ဆုတောင်းလျှက်ရှိနေကြောင်း၊ ဖိုမင်တစ်ဦးက  ရှုံးသည့်ဆီများအား လျော်ကြေးငွေ မပေးဆောင်စေပဲ ပင်စင်နှင့် အလုပ်တန်းဖြုတ်လိုက်လျှင် စွမ်းအင်ဝန်ကြီးရုံးမှ ပြည်ထောင်စုဝန်ကြီးနှင့် လူကြီးများအားအထူးကျေးဇူးတင်မည်ဖြစ်ကြောင်း ပြောဆိုလျှက်ရှိသည်။

ငဇင်ကာ ( သန်လျင်-သိုက်ချုပ်ကြီး )