Popular Posts
Saturday, November 10, 2012
ငလျင် ကြော ကြောင့် လှုပ်တာ မဟုတ်တဲ့ ငလျင်လား ? ? ?
  မြန်မာပြည်အထက်ပိုင်းကငလျင်
သတင်းဂျာနယ်တိုက်များ တင်ပြချက်ကို ကူးယူဖေါ်ပြလိုက်ပါသည်။
ရန်ကုန်ကြေးမုံ
အစိမ်းရောင်လွင်ပြင်
ရွှေဘိုမြောက်ဘက် ဗဟိုပြု၍ အင်အားပြင်းထန်သော ငလျှင်လှုပ်ခတ်
by Myanmartandawsint Newspaper on Sunday, November 11, 2012 at 10:46am ·
ရန်ကုန်၊ နိုဝင်ဘာ ၁၁
          ယနေ့နံနက် ၇း၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတာစကေး ၆.၈ ရှိ ငလျှင်လှုပ်ခတ်ခဲ့ရာ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေးမြို့များတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။
          အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့ရှိ မြို့ဟောင်းစေတီမှာ စိန်ဖူးတော်မြေခခဲ့ပြီး၊ ဆောက်လုပ်ဆဲ ရွှေဘို-သပိတ်ကျင်းဆက်သွယ်မည့် ရတနာသိင်္ဃတံတားပျက်စီးသွားခဲ့ကြောင်းနှင့် မန္တလေး ဈေးချိုနာရီစင် ယိမ်းယိုင်သွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
          ငလျှင်ဒဏ်အား ခံစားခဲ့ရသော မြို့နယ်များမှာ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိုးညှင်း၊ ပခုက္ကူ၊ မုံရွာ၊ လားရှိုးနှင့် တောင်ကြီးမြို့များဖြစ်ကြောင်း သိရသည်။
          လက်ရှိအချိန်အထိ လူအထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးသော်လည်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ရတနာသိင်္ဃတံတားဆောက်လုပ်ရေးမှ လူ ၁၀ ဦးအား ဆေးရုံသို့အရေးပေါ်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
          (အထက်ပါသတင်းနှင့် ပတ်သက်၍ ထပ်မံသိရှိရသော သတင်းများအား ဆက်လက် ဖော်ပြသွားပါမည်။)
မြန်မာ သံတော်ဆင့် သတင်းဖေါ်ပြချက်
www.news-eleven.com မှ ကူးယူဖေါ်ပြချက်
မန္တလေးမြို့တွင် နိုဝင်ဘာလ ၁၁ရက် နံနက် ၇နာရီ ၄၂ မိနစ် အချိန်ခန့်က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ 
မန္တလေးမြို့တွင် နိုဝင်ဘာလ ၁၁ရက် နံနက် ၇နာရီ ၄၂ မိနစ်ခန့်က ရစ်ချက်တာစကေး ၆.၈ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း  မိုး/ဇလ ဦးစီးဌာနမှ သိရှိရသည်။ အဆိုပါငလျင်သည် ရွှေဘိုမြို့အရှေ့ဘက် ၂၇ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ ကြောင်းသိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့စက်မှုဇုန်တွင် ၁၀မိနစ်ခန့် လျှပ်စစ်မီးများ ပြတ်တောက်မှုဖြစ်သွားခဲ့ကြောင်း သိရသည်။ မန်းမြန်မာ ပလာဇာတွင်လည်း ၂၅ထပ်ရှိ မှန်များ ကွဲအက်မှုဖြစ်ပွားခဲ့ပြီး မန်းမြန်မာပလာဇာ အဆောက်အဦးတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထို့ပြင် မန္တလေးမြို့ရှိ ဘုရားပုထိုး စေတီအချို့တွင်လည်း ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ပြီး မိနစ် ၂၀ ခန့်အထိ စစ်ကိုင်းမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အိမ်နံရံအက်ကွဲမှုများနှင့် အုတ်အချပ်လိုက်ကွာကျမှုများ ဖြစ်ပေါ်ခဲ့သည်။ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရံစိန်ဖူးတော်လေးလုံး ငလျင်ဒဏ်ကြောင့် မြေခခဲ့ကြောင်း သိရသည်။
''ဒီနေ့မနက် ငလျင်ဒဏ်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ ရှစ်လက်မအရွယ်ရှိတဲ့ စိန်ဖူးတော်နဲ့ သုံးလက်မအရွယ် အရံစိန်ဖူးတော်တွေ မြေခခဲ့ပါတယ်။ ထူပါရုံဘုရားမှာလဲ အပျက်အစီးရှိတယ် ကြားပါတယ်'' ဟု ဆင်များရှင်ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။
မန္တလေးမြို့ရှိ ၂၅ထပ် ဈေးချို မန်းမြန်မာပလာဇာတွင် ပထမထပ်နှင့် မြေညီထပ်ဆိုင်ခန်းများမှ ဈေးသူဈေးသားများ စိုးရိမ်မှုကြောင့် ဆိုင်ခန်းများ ပိတ်ထားကြောင်း
မကြာမီမြို့တော်ဝန် လာရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့ အခြေအနေများ
နိုဝင်ဘာ ၁၁ ရက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိတ္ထီလာမြို့၌ စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း မိတီင်္ထလာခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။ "ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည် လေးမြို့နယ်လုံးမှာ ငလျင်လှုပ်သွားတယ်။ သိသာရုံပဲ ရှိပါတယ်။ ခုချိန်ထိတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။ မြို့နယ်စခန်း အားလုံးကို မေးပြီးပါပြီ၊"ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းမှ အဆိုပါနေ့ မနက် ၉ နာရီတွင် ပြောပြသည်။
"မနက်က ငလျင်လှုပ်တာ သိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတော့မှ ငလျင်လှုပ်မှန်းသိတယ်။ အစက အိပ်ရာထ ခေါင်းမူးနေလို့ လှုပ်နေတယ်မှတ်တာ။ ဆယ်စက္ကန့်လောက်ကြာမယ် ထင်တယ်။"ဟု မိတ္ထီလာမြို့ခံ မသီသီအောင်က ပြောပြသည်။ မိတ္ထီလာမြို့မှ မိုင်လေးဆယ်ခန့် ကွာဝေးသော ရမည်းသင်းမြို့နှင့် မိုင်နှစ်ဆယ်ခန့် ကွာဝေးသော ပျော်ဘွယ်မြို့တို့တွင်လည်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။ "ပျော်ဘွယ်မှာလည်းမနက်က ငလျင်လှုပ်သွားတယ်။ လူတော်တော်များများ ငလျင်လှုပ်မှန်း သိကြတယ်။ ခုချိန်ထိတော့ လူထိခိုက်သံ မကြားဘူး။ ရမည်းသင်းကတော့ ကျွန်တော်တို့လောက် မပြင်းဘူး ပြောတယ်၊'' ဟု ပျော်ဘွယ်မြို့ခံတစ်ဦးမှ ပြောပြသည်။
Updated : 10:25 AM
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပြိုကျခဲ့ရာ လတ်တလော ရရှိသော သတင်းများအရ  အလုပ်သမား ၄ ဦးသေဆုံးပြီး ၂၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးခဲ့ကြောင်း၊နွယ်ငြိမ်းမြို့နယ်တွင်လဲ အိုးဖုတ်ဖို ပျက်စီးဆုံးရှုံးမှု အရေအတွက် ဆယ်ဂဏန်း ၀န်းကျင်ရှိကြောင်း  ဒေသခံများက ပြောကြားခဲ့ပါသည်။
Updated : 10:39 AM
ရွှေဘိုမြို့ ရွှေချက်သိုဘုရား ကြာမောက်ကြာလန်များ ငလျင်ကြောင့် ကွာကျ
Update : 11:28 AM
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာအတွင်းတွင် ငလျင်ဒဏ်ကြောင့် စေတီ၊ဘုရားပုထိုးများ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့အပြင်ရှိန်းမကားဆိပ်ကမ်းအနီး ဧရာဝတီမြစ်ကြောင်းအတွင်းရှိ သဲသောင်ခုံများလည်း ငလျင်အရှိန်ကြောင့် အက်ကွဲပြိုကျမှုများဖြစ်ပေါ်ခဲ့ကြောင်း ရှိန်းမကားဒေသခံ တစ်ဦးမှ ဆက်သွယ်ပြောကြားပါသည်။ အဆိုပါဒေသအတွင်းတွင် ငလျင်အကြီးလှုပ်ပြီးနောက် ငလျင်ငယ် ၅ ကြိမ် ထပ်မံလှုပ်ရှားခဲ့ကြောင်း ဆက်လက်သိရှိရသည်။
ငလျင်လှုပ်ခက်မှုကြောင့် မန္တလေး-စဥ့်ကူးဧရာဝတီမြစ်ကြောင်းခရီးစဉ်အတွင်း ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းသုံး အသုံးပြုရေယာဉ်တစ်စီးလည်း တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု သိရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် ငလျင်လှုပ်ခက်မှုကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာ ကွင်းပြင်များသို့ တိမ်းရှောင်နေထိုင်ခဲ့ရကြောင်း သိရသည်။
မိုးကုတ်အနောက်ပိုင်း ညောင်ပင်ကြီးရပ်တွင် ရှေးဘုရားတစ်ဆူပြိုကျခဲ့ပြီး၊ မိုးကုတ်ဈေးတွင်လည်း မှန်များကွဲကျခဲ့ကြောင်းသိရသည်။
ဂျာနယ် သတင်းတိုက်များ ကို ကျေးဇူးတင်ရှိ ပါသည် ။
ရန်ကုန်ကြေးမုံ   
1 comment:
  1. င လျင် ကြော ကြောင့် လှုပ် တာ မဟုတ်၇င် အနုမြူ စမ်းသပ်လို့ 
    လှုပ်တာလို့ ပဲ ပြောစရာရှိတော့တယ်။
    အခု ငလျင်ကတော့ စစ်ကိုင်းငလျင်ကြောကြောင့်လှုပ်တာ ပဲ
    ဖြစ်စေချင်တယ်လေ
    ReplyDelete