Popular Posts
Wednesday, November 28, 2012
ဂျောက်ဂျက်စက်သုံးစွဲသူများ အုပ်ချုပ်နေသည့် မြန်မာ့ဆက်သွယ်ရေး
နောက်ကြောင်း မပြန် ပါနဲ့ လို့  တောင်းဆိုရ မည့်စာရင်းတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပါဝင်
မြန်မာ့နိုင်ငံရေးကိုသာ နောက်ကြောင်းပြန်မလှည့်ပါနဲ့ လို့ ပြောဆိုနေပေမဲ့ အမှန်တကယ် ပြည်သူ့  သတင်းကို အမှန်အတိုင်း ဖေါ်ပြခွင့်ရှိနေတဲ့ ၊ ပြည်သူ့ မျက်နှာ တစ်ခုတည်းကိုပဲ ကြည့်သည့် သတင်း လုပ်ငန်းဆောင်ရွက်နေသူများအတွက် ပွင့်လင်းမြင်သာ မြန်ဆန်သော ပြည်သူတိုင်းကို အလွယ်တကူ အသုံး ပြုစေနိုင်မည့် အွန်လိုင်းမီဒီယာ ဆောင်ရွက်နေသူများကို ကန့် သတ်သည့်အနေဖြင့် မြန်မာ့ ဆက်သွယ်ရေး က အင်တာနက်လိုင်းတပ်ဆင်ထားသည့် Mobile ဖုန်းသုံးစွဲခနှုန်းထားများကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ တိုးမြှင့်ကောက်ခံရန် စီစဉ်လျှက်ရှိသည်။
မိုဘိုင်းတယ်လီဖုန်းများကို အင်တာနက်အသုံးပြုခွင့်တပ်ဆင်မှုကိုလည်း ရွှေဂုံတိုင်အိပ်ချိန်းမှ တာဝန်ခံ ဒေါ်လှိုင်လှိုင်စိန် က မှတ်ပုံ တင်မူရင်းတောင်းခံပြီးဆောင်ရွက်နေသည့်အတွက်  Globalization Age  တွင် ကနဦးတပ်ဆင်မှုအပေါ် မှတ် ပုံ တင်၊ ဓတ်ပုံ  ၊ သန်းခေါင်စာရင်း အသီးသီးကောက်ခံသိမ်းဆည်း ထားသည့် မိုဘိုင်းတယ်လီဖုန်း အင်တာနက်လိုင်းချိတ်ဆက်မှုကို အွန်လိုင်း ငွေ ဖြည့် ကတ် မှ တစ်ဆင့်  Yes / No  နှိပ်ပြီးချိတ်ဆက် တပ်ဆင် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ရွှေ ဂုံတိုင် အိတ် ချိန်း နှင့်နီးစပ်သူများက ပြောဆိုလျှက်ရှိသည် ။
တပ်မတော်အစိုးရလက်ထက် ၂၀၀၇ စက်တင်ဘာအရေးအခင်းတွင် စစ်ရုံးမှ အင်တာနက် အသုံးပြုပြီး လူထုအုံကြွမှု ကြီးမားအောင် ၀ါဒဖြန့် နေသည့်အတွက် အင်တာနက်လိုင်းများဖြတ်တောက်နိုင်ရန် ပလပ် ကြိုး ဖြုတ်ပေးဖို့  တယ်လီဖုန်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်ဝင်းမှ လူလွှတ်ပြောဆိုမှုများ အကြိမ်ကြိမ်ပြုလုပ် လာသည့်အတွက် “ မင်းတို့ စစ်တပ်က သုံးနေသည့် ဂျေက် -ဂျက် စက်များ မဟုတ်ကြောင်း၊ ပလပ် ကြိုး ဖြုတ်လိုက်ယုံ နှင့် ဆက်သွယ်မှုကွန်ယက် အင်တာနက်ဆက်ကြောင်း ပြတ်တောက်အောင် လုပ်၍ မရကြောင်း ” တုန့် ပြန် ပြောဆိုခဲ့သည့်အတွက် ရွှေ ဂုံတိုင်မှ ဆက်သွယ်ရေးအင်/ချုပ် ဦးကျော်ဝင်း အနားယူခဲ့ရကြောင်း၊ ယခု ဒေါ်လှိုင်လှိုင်စိန် ၏ လုပ်ဆောင်ချက် နှင့် အင်တာနက်သုံးစွဲမှုအပေါ် အ ဟန့် အတား ဖြစ်စေသော ငွေကြေးတိုးမြှုင့်ကောက်ခံမှုများကြောင့်  ဂျောက် ဂျက် စက် သုံးတဲ့  လူ တွေ အုပ် ချုပ် နေ တာ သိသာလွန်းတယ် ဟု ဟာသဖေါက်ပြောဆိုလျှက်ရှိကြောင်း သိရသည် ။
 ရန်ကုန်ကြေးမုံ
ဖုန်းအင်တာနက် သုံးစွဲခပြောင်းလဲမှု အဆင်မပြေနိုင် ( ဧရာဝတီ )
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ Data Rate ဖြင့် ပြောင်းလဲ ကောက်ခံ သွားမည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ်သည် ဖုန်းအင်တာနက် အသုံး ပြုသူများ အတွက် အဆင်မပြေနိုင်ကြောင်း သုံးစွဲသူများက ဆိုသည်။
တလလျှင် လစဉ်ကြေး ၁၅၀၀ ကျပ်နှင့် ၁၀၀ ကီလိုဘိုက်လျှင် ၂ ကျပ် နှုန်းဖြင့် အကန့်အသတ်မရှိ သုံးနိုင်ရန်၊ 1 GBလျှင် ၇၀၀၀ ကျပ်ဖြင့် သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မိမိအသုံးပြုသည့် Data Rate အလိုက် ကောက်ခံမည် ဟု မြန်မာ့ ဆက်သွယ်ရေးက ကြေညာ ထားသည်။
မြန်မာနိုင်ငံ၏ နှေးကွေးနေဆဲ အင်တာနက်မြန်နှုန်းဖြင့် Data Rate အရ ကောက်ခံပါက လက်ရှိ ကောက်ခံသည့်နှုန်းထက် များစွာပိုမိုကျသင့်နိုင်ပြီး သုံးစွဲရ အဆင်မပြေနိုင်သဖြင့် ပြောင်းလဲမည့် အစီအစဉ်ကို ကန့်ကွက်လိုကြခြင်း ဖြစ်ကြောင်း သုံးစွဲသူများက ပြော ဆိုကြသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်ကမူ“အရင်က ဒေါင်းလုတ်ဒ် ဆွဲချင်သလောက် ဆွဲလို့ရတယ်။ ပိုက်ဆံသိပ်မကုန်တော့ လိုင်းဆွဲများပြီး အင်တာနက်လိုင်းညံ့တယ် ဖြစ်လာတယ်။ ဒီလိုလူတွေကတော့ ကန့်ကွက်ကြမှာပဲလေ။ အခုတော့ ဒေါင်းလုတ်ဒ် လုပ်ချင်သ လောက်လုပ်၊ ပိုက်ဆံပေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းအားမှာ မကြာခဏပြတ်တောက်မှုများ ရှိနေသည့်အတွက် Data Rate ဖြင့်သာကောက်ခံပါက သုံးစွဲသူများ အတွက် ကုန်ကျစရိတ်များပြားကာ အဆင်မပြေနိုင်သောကြောင့် အခြားနိုင်ငံများနည်းတူ အင်တာနက်လိုင်းအား ကောင်းမွန်မှသာ ပုံစံသစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်မှာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပုံမှန် အင်တာနက်သုံးစွဲလေ့ရှိသူ တဦးဖြစ်သည့် ကိုညီညီထွန်းက ပြောသည်။
“အင်တာနက်မြန်နှုန်းက တက်လိုက်ကျလိုက် ဖြစ်နေတာ။ ဒီလိုနှုန်းထားနဲ့ ဒေါင်းလုတ်ဒ်ဆွဲ သုံးစွဲမှုအပေါ်မူတည်ပြီး သုံးစွဲခကောက် ခံ မယ် ဆိုရင် ပေးရမယ်ဆိုရင် လက်ရှိပေးနေရတဲ့ငွေထက် အများကြီး ပိုကုန်မှာပဲ။ ဆက်သွယ်ရေးအနေနဲ့ အင်တာနက်လိုင်း ကောင်းအောင် အရင်လုပ်သင့် တယ်”ဟု ၎င်းက ဆိုသည်။
ဖုန်းအင်တာနက် အသုံးပြုသူတဦးဖြစ်သူ ကိုသိန်းစိုးထိုက်ကလည်း“ကျနော်ဆို အလုပ်နားချိန်နဲ့ ညဘက်မှာ ပုံမှန် ဖုန်းနဲ့ အင်တာ နက် သုံးဖြစ်တယ်။ သုံးရတဲ့အချိန်က လူသုံးများတဲ့အချိန်ဖြစ်တော့ လိုင်းအားက ကျပ်တယ်။ ဝက်ဘ်ဆိုက်တွေဆို တော်တော်နဲ့ဖွင့် လို့ မရဘူး။ ဒီလို လိုင်းနဲ့ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ် ပေးရမယ်ဆိုတာတော့ အဆင်မပြေဘူး”ဟု ပြောဆိုသည်။
လက်ရှိတွင် အင်တာနက်သုံးစွဲခများမှာ စတင် လိုင်းလျှောက်ထားစဉ်က ၁၅၀၀၀ ကျပ်နှင့် တမိနစ် အသုံးပြုခအတွက် ဂျီအက်စ် အမ်ဖုန်းသည် ၂ ကျပ်နှင့် စီဒီအမ်အေဖုန်းများသည် ၄ ကျပ် ပေးဆောင် ရသည့် အတွက် နေ့စဉ် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်ကြား သာ ကုန်ကျနိုင်သော်လည်း  Data Rate ဖြင့်သာ ပြောင်းလဲမည်ဆိုပါက နေ့စဉ်အသုံးပြုခသည် ၁၀၀၀ ကျပ် ခန့် ပျမ်းမျှကုန်ကျနိုင် ကြောင်း သိရသည်။
ဖုန်းအင်တာနက် အသုံးပြုခများကို Data Rate ဖြင့်ကောက်ခံမည် ဆိုသော်လည်း အင်တာနက် လိုင်းမြန်နှုန်းကို ပိုမိုကောင်း မွန် ရန်ကိုမူ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လတ်တလော အချိန်တွင် ခက်ခဲမှုရှိနေနိုင်သေးကြောင်း၊ ထို့ကြောင့် လတ် တလောတွင် ဖုန်းအင်တာနက် လာရောက် လျှောက်ထားသူများကို ၁၀၀ ကီလိုဘိုက် ဖြင့်သာပေးသွားမည်ဟု ဦးစိုးအောင်က ပြော သည်။
မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲလိုသူများ အနေဖြင့် ရန်ကုန်မြို့တွင် အလုံ၊ ရွှေဂုံတိုင်နှင့် ပန်းဆိုးတန်း တို့ရှိ မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် လျှောက်ထားရမည် ဖြစ်ပြီး နယ်မြို့များမှလျှောက် ထားလို သူများ သည် သက်ဆိုင်ရာ မြို့နယ် ဆက်သွယ်ရေး မန်နေဂျာ ရုံးခန်းတွင် လျှောက်ထားရမည် ဖြစ်ကြေင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။
http://burma.irrawaddy.org/archives/26566 မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment