Popular Posts

Wednesday, November 14, 2012

ပေါ် ပေါက် လာ တဲ့  အ လွဲ သုံး စား မှု များ

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှု

မြန်မာကျပ်ငွေသန်းပေါင်းသောင်းချီ အလွဲသုံးစား လုပ်သည့် ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာစိုက်ပျိုး
ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ဟိုတယ်နှုင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ဖြစ်သည်။

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။

( The VoiceWeekly မှ ကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment