Popular Posts
Sunday, November 25, 2012
ရန် ငြိုး အာ ဃာ တ တွေ နည်း နည်း စီ လျော့  ကြ ပါ
လက်ပံတောင်းတောင်အရေးကိစ္စ တွင် ပြည်သူ့ ဆန္ဒ လိုက်လျောပေးစေလို
လယ်တီဆရာတော်ကြီးရဲ့  သိမ် နဲ့  သက်ဆိုင်နေသည့်အတွက်
ယင်းသိမ်တော် ပျက်စီးမည့်အရေး နှင့်လယ်တီဆရာတော် ဘုရား၏ တရားထိုင်ဂူများပျက်စီးမည့်
အရေးတို့ မှ ရှောင် ကြဉ် ပေးကြပါရန်
အာဏာပိုင်များကို တိုက်တွန်းလိုက်ပါသည်။
တပ်မတော်အစိုးရလက်ထက်တာဝန်ထမ်းဆောင်သူများအားလုံး အလုံးစုံပျက်သုဉ်းရမည်ဟူသော
တင်ကူးကြံရွယ်ချက်များဖြင့် ဆောင်ရွက်နေကြသည့်အကျဉ်းကျခံနိုင်ငံရေးသမားများအနေဖြင့်လည်း
မြန်မာနိုင်ငံ ဒီမိုကရေစီဖွံ့ ဖြိုးမှုအရေး တိုးတက်ဆောင်ရွက်နိုင်ရန် အတိတ်ကဖြစ်ခဲ့သည့်
နာကျည်းမုန်းတီးစရာ ၊ စက်ဆုတ်စရာကိစ္စ များကို သန်းခြောက်ဆယ်သော
မြန်မာပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမှုကို ရှေး ရှု ကာ
သည်းခံခွင့်လွှတ်ဖို့ တောင်းဆိုချင်ပါသည်။
ယင်းနာကျည်းမုန်းတီး စက်ဆုတ်စရာ ကိစ္စ၊ ဖြစ်ရပ်ဆိုးများကို မေ့ပျောက်ဖြစ်ဖို့ 
မတောင်းဆိုပါ ။ သန်း ၆၀ သော မြန်မာပြည်သူများ၏
အမျိုးသားကိုယ်ကျိုးစီးပွားအတွက် ရှေးရှုလျက်
ရန်ငြိုး အာဃာတ များကို ဖြေလျော့ပေးကြဖို့ တိုက်တွန်းပါသည်။
မတရားပြစ်ဒဏ်များဖြင့် ထောင်သွင်းအကျဉ်းကျခံရသော နိုင်ငံရေးသမားများ၏ ဘ၀ ကို စာနာပါသည်။
အဖွဲ့ မျိုးစုံဖွဲ့ စည်းပြီးဆောင်ရွက်နေခြင်းသည် နိုင်ငံရေးအကျဉ်းသားဆိုသူများ၏
လူမှု စီးပွားဘ၀ ဖွံ့ ဖြိုးရေးလမ်းကြောင်းမှန်ပေါ်ဆောင်ရွက်ရန်အတွက်သာဖြစ်သည်ဟု ရန်ကုန်ကြေးမုံ ကရှုမြင်ပါသည် ။
၂၀၁၂ ခုနှစ် နိုင်ငံရေး ဆင့်ကဲ ပြောင်းလဲ မှု ဖြစ်စဉ်အတွင်း အထိနာရဆုံးမှာ တပ်မတော်အစိုးရလက်ထက်
တာဝန်ထမ်းဆောင်ခဲ့သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်တာဝန် ထမ်းဆောင်နေသူများ၊
တပ်မတော်၊ အစိုးရ နှင့် အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ တို့ ကို
တစ်ကန့် စီ တစ်ကန့် စီဖြစ်အောင် သွေးခွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည့် နိုင်ငံရေးသမားများအနေဖြင့် ယခုလက်ပတောင်းတောင် ကိစ္စပြီးစီးသည့်အချိန်မှစ၍
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသလို
စားပွဲဝိုင်းပေါ်ဆွေးနွေးအဖြေရှာခြင်းဖြင့်ဆောင်ရွက်ကြရန်
ရန်ကုန်ကြေးမုံ မှ တိုက်တွန်းလိုက်ပါရစေ။
သန်း ( ၆၀ ) သော မြန်မာပြည်သူများဘ၀ ကို ငဲ့ဖို့ တိုက်တွန်းလိုက်ခြင်းသာဖြစ်သည် ။
အာဏာပိုင်များအနေဖြင့်လည်း သန်း ( ၆၀ ) သော ပြည်သူများဘ၀ကို ငဲ့ညှာပါလို့ တောင်းပန်အပ်သည်။
နှစ်ဦးနှစ်ဘက် ရန်ငြိုးအာဃာတတွေကို အပြိုင်ထားနေကြမည်ဆိုပါက နှစ်ဖက်အကျိုးနည်းခြင်းသာ အဖတ်တင်မည်ဖြစ်ကြောင်း
ရန်ကုန်ကြေးမုံ
"ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေကို (အာဏာပိုင်ဘက်ကရော၊ အတိုက်အခံဘက်ကပါ) အကြီးအကျယ် စိန်ခေါ်စမ်းသပ်နေတဲ့ လက်ပံတောင်းတောင် အထွေထွေသပိတ်"
လူထုတိုက်ပွဲဆိုတာ လိုကိုလိုအပ်လို့ ပေါ်လာရတာဖြစ်တယ်။ ဘယ်သူမှ အားအားယားယား ဆန္ဒပြပြီး အလုပ်ပျက်ခံ၊ ဒုက္ခခံချင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ်ပဲ အေးအေးလူလူ နေထိုင်လုပ်ကိုင် စားသောက်ချင်ကြမှာပါ။
အခုတော့ အဲသလို နေလို့မရလို့ လက်ပံတောင်းတောင်အထွေထွေသပိတ် ဆိုတာကြီး ပေါ်လာရပါပြီ။ ဒါကို အလကားနေရင်း ဆန္ဒပြနေကြတာပဲလို့ ဦးနှောက်တိမ်တိမ်နဲ့ မြင်သူတွေကလည်း မြင်ကြပါတယ်။ အဲသလိုမြင်သူတွေကို အဲဒီလက်ပံတောင်းတောင် ဒေသခံတွေနဲ့အတူ တလလောက် သွားနေကြည့်ဖို့ပဲ အကြံပြုရတော့မယ် ထင်ပါရဲ့။
ခေါင်းဆောင်မှုအပိုင်းက ပုဂ္ဂိုလ်တွေအတွက်လည်း လူထုတိုက်ပွဲဆိုတာ ဟိုလိုလို ဒီလိုလို မသိချင်ယောင်ဆောင်ပြီး မလိမ့်တပတ် ရှောင်ဖယ်နေလို့ မရဘူးဆိုတာ အခု လက်ပံတောင်းတောင်သပိတ်က သက်သေပြနေပါပြီ။
လက်ပံတောင်းတောင် ဒေသခံ တောင်သူတဦးက "ကြီးတဲ့အကောင်နဲ့ ပြောချင်တယ် ... ကြီးတဲ့အကောင်နဲ့ တွေ့ချင်တယ်" လို့ ရဲရဲတင်းတင်း တောင်းဆိုလို့ လျစ်လျူရှုလို့မရတဲ့အဆုံး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ရောက်လာခဲ့ရပါပြီ။ "တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား" ဆိုတာကလွဲလို့ ဘာအဆုံးအဖြတ်မှ မပေးနိုင်ခဲ့ပါဘူး။
အခု အများမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဝင်ဘာ ၂၉ ရက်နေ့မှာ လာပါဦးမယ်။ ပြဿနာဖြေရှင်းဖို့ မဟုတ်ဘဲ ဒေသခံတွေကို အားပေးမလို့ လာမှာပါလို့ ကြိုကာထားတာကို သတင်းမှာ ဖတ်ရတယ်။ သပိတ်စခန်းကို မသွားဘူးလို့လည်း ဆိုပါတယ်။ ဒေသခံ ၂၆ ရွာက တောင်သူတွေကိုယ်တိုင် ဆန္ဒပြသပိတ်မှောက်နေတာ သပိတ်စခန်းကို သွားအားမပေးလို့ ဘယ်လိုနေရာကို သွားအားပေးပြီး ဒေသခံတွေရဲ့ အသံအစစ်အမှန်ကို နားထောင်မှာလဲတော့ မသိပေဘူး။
သေချာတာကတော့ လက်ပံတောင်းတောင် အထွေထွေသပိတ်က ခေါင်းဆောင်မှုအပိုင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကို (အာဏာပိုင်ဘက်ကရော၊ အတိုက်ခံဘက်ကပါ) အကြီးအကျယ် စိန်ခေါ်စမ်းသပ်နေပါပြီ။ ကြမ်းမလား၊ နုမလား ဆိုတာကတော့ ခေါင်းဆောင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းတတ်မှုအပေါ်မှာ အများကြီး မူတည်လိမ့်လို့ ထင်ပါတယ်။ ဖြေရှင်းတတ်ပါစေ၊ ဖြေရှင်းပေးနိုင်ပါစေလို့ပဲ ....။
ဒေါ်အောင်ဆန်းစုကြည်ကလက်ပန်တောင်းတောင်ကိစ္စနဲ့ပတ်သပ်ပြီးမီဒီယာတွေရဲ့အမြင်ကိုမေးမြန်းဆွေးနွေး
စဉ်မှာသူတခုပြောခဲ့တာတော့ရှိတယ် အဲ့ဒါက " ကိစ္စတိုင်းမှာ Demonstration နဲ့ချည်းသွားလို့မရဖူး၊ Negotiation နဲ့သွားနိုင်အောင်လုပ်ရမယ်" လို့ဆိုတာပါပဲ။ 
(ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် Media ကန်တင်း၊ ၂၃၊၁၁၊၁၂)
မြန်မာ့စီးပွားရေးဦးပိုင်၊၀မ်ပေါင်ကုမ္ပဏီ နှင့်ဆားလင်းကြီးမြို့နယ်(၂၆)ရွာရှိ ရွာသူရွာသားများထိပ်တိုက်တွေ့နေ -
နိုဝင်ဘာလ ၂၅ရက် ၂၀၁၂ခုနှစ် သတင်း - The Hot News Weekly
မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး အတွက် ဆားလင်းကြီးမြို့နယ်ရှိ ရွာ(၂၆)ရွာမှ ရွာသူ/ရွာသားများ ဆန္ဒပြတောင်းဆိုမှုများမှာ ပိုမို ပြင်းထန်လာပြီး မြန်မာ့စီးပွားရေး ဦးပိုင် ၀မ်ပေါင်ကုမ္ပဏီမှာလည်း လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား ရကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဦးပိုင်နှင့် ၀မ်ပေါင်Copper Limited တို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံ တောင်း တောင်ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်း ဆိုနေကြသည်မှာ လအတန်ကြာ နေခဲ့ပြီး ယခုတစ်ခါဆန္ဒပြတောင်း ဆိုသည်မှာဦးပိုင်ကုမ္ပဏီ၏လုပ်ငန်းခွင်များ အတွင်းဝင်ရောက်ကာ ဆန္ဒပြနေခြင်းဖြစ်ကာ ထိုကဲ့သို့ ဆန္ဒပြနေသည်မှာလည်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မရ အောင်တားဆီးကန့်ကွက်ဆန္ဒပြ နေခြင်းဖြစ်ကြောင်းသိရသည်။
ဦးပိုင်ဝမ်ပေါင်ကုမ္ပဏီကြေးနီ ထုတ်နေသည့် လက်ပံတောင်း တောင်ပေါ်ရှိ လယ်တီဆရာတော် ကြီးတည်ထားခဲ့သော ဘုရားကြီး တွင် သပိတ်စခန်းဖွင့်ဆန္ဒပြနေ သည့်အထဲမှ အမျိုးသမီးတစ်ဦးက ပြောဆိုရာတွင် ""ဦးပိုင် ၀မ်ပေါင် ကုမ္ပဏီလုပ်ငန်းအတွင်းကို ၀င် ရောက်ဆန္ဒပြတော့ တားဆီးမှုတွေ ရှိတယ်၊ကျွန်မတို့ကလည်း သူတို့ လုပ်ငန်းလုပ်တာနဲ့နည်းအမျိုးမျိုး နဲ့ရအောင်တားတာပဲ၊အခုလတ် တလော အခြေအနေကတော့ ရဲတပ်ဖွဲ့အင်အားတွေ ထပ်ဖြည့် နေတယ်လို့သိရတယ်""ဟု ဆန်္ဒပြ နေသည့် အသက်(၂၅)နှစ်ဝန်းကျင် ခန့် အမျိုးသမီးတစ်ဦးက ပြော သည်။
အဆိုပါ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းရပ်တန့်ရေး အထွေထွေသပိတ်နှင့်ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီဘက်မှ တစ်စုံတစ် ရာ ဖြေရှင်းပေးခြင်းမရှိသေးပဲ၊ ကြေးနီထုတ်လုပ်သည့် လုပ်ငန်း ကိုသာ ခတ္တရပ်ဆိုင်းထားကြောင်း သိရသည်။အဆိုပါ လက်ပံတောင်း ကြေးနီစီမံကိန်းရပ်တန့်ရေးဆန်္ဒပြ ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်သွားရောက်မည်ဟူသော သတင်းများလည်းထွက်ပေါ်နေ သည်။ လက်ရှိကာလတွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီနှင့်ဆားလင်းမြို့ နယ်ရှိ ကြေးနီစီမံကိန်းရပ်ရေး ဆန်္ဒပြနေသော ရွာ(၂၆)ရွာမှ ရွာသူ/ရွာသားများမှာ ထိပ်တိုက် တွေ့နေကြောင်း ယင်းကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ၂၀၁၂ခု နှစ် နိုဝင်ဘာ(၂၆)ရက်နေ့တွင် လွှတ်တော်၌ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းနေ ကြောင်းသိရသည်။ 
အဆိုပါ ပြဿနာအား နိုင်ငံတော်အစိုးရ ဘက်မှ လတ်တလောမဖြေရှင်း ပေးပါက ပြည်သူလူထု များသွေး မြေကျမည့်ဖြစ်ရပ်မျိုးဖြစ်ပွားလာ နိုင်ကြောင်း ပြည်တွင်းမီဒီယာ အချို့မှ သတင်းပညာ ရှင်များက ဝေဖန်ပြောဆိုနေကြသည်။
မျိုးမြင့်
No comments:
Post a Comment