Popular Posts
Saturday, November 3, 2012
ပါတီ ရေး ရာ သတင်း များ ။
                                NLD လူငယ်များက ပါတီဝင်များနုတ်ထွက်ရမှု အကြောင်းရင်းရှာဖွေ
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည့်နောက်ပိုင်းတွင် NLD ပါတီအတွင်း အချင်းချင်းသွေးကွဲမှုများ ဖြစ်
နေသည့် အပေါ်  NLD လူငယ်များက ဖြစ်ပေါ်ရသည့် အ ကြောင်းရင်းများကို ရှာဖွေ ဖေါ်ထုတ်လျှက်ရှိရာ
NLD ပါတီ သို့ ရောက် ရှိနေသည့်  ၁၉၇၄ ခုနှစ် ကျောင်းသားအမည် ခံ  နိုင်ငံရေး သမားများနှင့် DPNS
လူ့ ဘောင် သစ် ဒီမိုကရက်တစ်ပါတီ ၀င်ဟောင်းများ ကြောင့် ဖြစ်ကြောင်း ပါတီပြိုကွဲမည့်  လုပ်ဆောင်
ချက်များကို ယင်း NLD မဟုတ်သော နိုင်ငံရေးအင်အားစုများက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊
၇၄ ကျောင်းသားဟောင်းများနှင့် လူ့ ဘောင် သစ် ဟောင်းများက  NLD ၏ ပါတီ ညီလာခံကျင်းပနိုင်
ရေးဆောင်ရွက်မှုတွင် ယင်းတို့ နှင့်နီးစပ်သူများကို အခွင့်အရေးပေး နေရာပေး အမည် ပေး တင်မြှောက်
ဖေါ်ထုတ်တွေ့ ရှိခဲ့ကြောင်း နှင့် NLD  လူငယ်များက ယင်းကိစ္စ ကို ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
နှင့် ပါတီ နာယကကြီးများ ၊ ပါတီ တာဝန်ရှိသူထံ သို့ တိုက်ရိုက် တင်ပြထားကြောင်း ရန်ကုန်ကြေးမုံ မှ
သတင်း ရရှိသည် ။
   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ ၏ တိုင်းနှင့် ပြည်နယ်ဒေသကြီး ဥက္ကဌ နှင့်ဒုတိယဥက္ကဌ                             နေရာများအတွက် မကျေနပ် မှုများ သဘောထား တင်းမာမှုများ ဖြစ်ပေါ်
၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရသည့် ပြည်ထောင်စုကြံ့ခို်င်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ၂၀၁၂ ခုနှစ်တွင်ပြုလုပ်
ခဲ့သည့် ပါတီဗဟို ညီလာခံအပြီးတွင် တိုင်း/ပြည်နယ်ဒေသကြီး ပါတီအဆင့် ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများ အတွက် ပါတီအတွင်း သဘောထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည် ။ တိုင်း/ပြည်နယ်ဒေသကြီး
အဆင့် ၏ ဥက္ကဌ ဆိုသူကို CEC အဆင့် သတ်မှတ်ထားခြင်းအပေါ် အောက်ခြေ ပါတီဝင်များ ကျေနပ်ကြ
သော်လည်း တိုင်း/ပြည်နယ်ဒေသကြီးအဆင့် ပါတီ၏ ဒုဥက္ကဌ နေရာအတွက် ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်
ခန့် အပ်ရန်အမည်စာရင်းပေး လျာထားမှုအပေါ် ကျေနပ်မှုမရှိကြောင်း ၊ ယင်းမကျေနပ်မှုများကို ဖေါ်ထုတ်
ပြောဆိုကြမည် မဟုတ်သော်လည်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမှုတွင် အောက်ခြေ
အဆင့် ပါတီများက ကိုယ်ကျိုးရှာကြရန်အတွက်သာ ဆောင်ရွက်ရန် ရည်မှန်းနေကြကြောင်း ရန်ကုန်တိုင်း
No comments:
Post a Comment