Popular Posts
Thursday, November 22, 2012
ပြည် ခိုင် ဖြိုး ပါ တီ ၏ တိတ် တိတ် ပုန်း လှုပ် ရှား မှု များ ခြေ သွက် နေ
Eminent Persons Group တွင် ပါ ၀င် လာ ဦး မည့်  အ မေ စု 
(သို့ မဟုတ်)  
 ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက Eminent Persons Groups တွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင်ခွင့် ရမည်ဟု မှန်းခြေ ပေးခဲ့သော ပြည် ခိုင် ဖြိုး  ပါတီ သတင်းလုပ်ငန်းဆောင်ရွက်နေသူများ၏ အရည်အသွေးကို ၂၀၁၅ ရွေးကောက်ပွဲတွင် မဖြစ် မနေ ထည့်သွင်း သုံးသပ်ဆုံးဖြတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၊ NLD အတွက် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲ ကဲ့သို့  ရလဒ်ကောင်း ရရန် ဖြစ်နိုင်ခြေ နည်းပါးလျှက်ရှိကြောင်း သိရသည်။
ပြည် ခိုင် ဖြိုး သတင်း ပေါက် ကြား သည့် အီးမေးလ် ပါ ဖေါ် ပြ ချက် များ
၂၀၁၁ မေလ -၉ ရက်မှာ ၁၃ ရက်ထိ တူရကီနိုင်ငံ အစ္စတန်ဘူးလ် မြို့ တော်တွင်  လေးကြိမ် မြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများညီလာခံကျင်းပခဲ့ ကြောင်းသိရသည် ။
လေးကြိမ်မြောက် ကျင်းပမည့်ဖွ့ံဖြိုးမှုအနည်းဆုံးနိုင်ငံများ Least Development Countries  ( LDCs )  တွင် အာဖ၇ိကတိုက်မှ ၃၃ နိုင်ငံ၊ အာရှတိုက်မှ ၁၄ နိုင်ငံ၊ ဟေတီနိုင်ငံ စသည့် ၄၈ နိုင်ငံ ပါဝင်ကြောင်း၊ အရှေ့ တောင်အာရှ မှ  မြန်မာ ၊ ကမ္ဘောဒီးယား၊ လာအို စသည့်သုံးနိုင်ငံပါဝင်ပြီး မြန်မာ နိုင်ငံကို အာရှတိုက် ၁၄ နိုင်ငံ၏ အမှတ်စဉ် ၈ တွင် ဖေါ်ပြခဲ့သည်။
အစိုးရများ၏ အခန်းကဏ္ဍ၊ ဥပဒေပြုအမတ်များ၏ အခန်းကဏ္ဍ၊ လူထုအခြေပြုအဖွဲ့ အစည်း များ၏ အခန်းကဏ္ဍ ၊ ပုဂ္ဂလိက အခန်းကဏ္ဍ စသည့် လမ်းကြောင်း လေးသွယ်ဖြင့်ညီလာခံကိုကျင်းပ ရန်စီစဉ်ထားကြောင်းနှင့် ထောင်စုနှစ်သစ်၏လုပ်ငန်းစဉ်များကို လည်း ဖေါ်ပြပါ အခန်းကဏ္ဍ ကြီးလေး ရပ်ဖြင့် အကောင်အထည်ဖေါ်ရန် စီစဉ်ထားကြောင်း သိရသည်။
LDCs နိုင်ငံများ၏ လေးကြိမ်မြောက် ညီလာခံမှာ ရည်ရွယ်ချက် သုံးရပ်ရှိကြောင်း သိရသည်။ ၄င်းရည်ရွယ်ချက်များမှာ (၁) လာမည့်ဆယ်စုနှစ်များတွင် ဆင်း၇ဲမွဲတေမှုနှင့်ဆာလောင်မှုခံစားနေရသူ အရေအတွက် ထက်ဝက်လျှော့ချရေး၊ ( ၂ ) နိုင်ငံအလိုက်ပြည်တွင်းဖူလုံမှုရှိစေ၇န် စိုက်ပျိုးရေးနှင့် အလုပ်အကိုင်ဖန်တီးနိုင်မှုအတွက် ရုပ်ပိုင်း၊လူမှုရေးပိုင်း အခြေခံအဆောက်အအုံများတည်ဆောက် ခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ ( ၃ ) လာမည့်ဆယ်စုနှစ်အတွင်း ( ၂၀၁၁ မှ ၂၀၂၀ ထိ) LDCs အရေအတွက်ကိုတစ်ဝက်လျော့ချရေးတို့ ဖြစ်သည် ။
LDCs နိုင်ငံများ၏ အောင်မြင်မှု ကို တိုင်းတာအကဲဖြတ်သော ကဏ္ဍ ခုနှစ်ခုရှိရာ ၁။Productive Capacity ၂။ Development Assistance ၃။ Foreign Direct Investment ၄။  Agriculture and Food Security ၅။ Trade  ၆။ Climat Change ၇။ Access to Essential Services တို့ ဖြစ်ကြသည်။
Access to Essential Services ခေါင်းစဉ်အောက်တွင် ပညာရေး၊ကျန်းမာရေး၊ ရေ နှင့်စွမ်း အင် စသည့်အခန်းကဏ္ဍများပါဝင်ကြောင်း၊ ပညာရေးအခန်းကဏ္ဍ တွင် ၂၀၀၈ ခုနှစ်စာရင်းအရ ဘူတန် နိုင်ငံ၊ ဂမ်ဘီးယားနိုင်ငံ၊ မြန်မာ နိုင်ငံ စသည့် သုံးနိုင်ငံတွင် အလယ်တန်းအဆင့်ပညာသင် ကျောင်းများသို့  ကလေးငယ်များ၏ ငါးဆယ်ရာခိုင်နှုန်းကျော် တက်ရောက်စေနိုင်သည့်အတွက် non-LDCs နိုင်ငံများနီးပါး ပညာရေးကောင်းမွန်သည်ဟု ဖေါ်ပြထားကြောင်း သိရသည်။
ယခုညီလာခံမှာ ၂၀၁၁ - ၂၀၂၀ အတွင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တက်ရောက်လာ သည့် နိုင်ငံအစိုးရတာဝန်ရှိသူများက လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။ အကြိုညှိနှိုင်းမှုများကို ဇန္န၀ါ ရီလ နှင့် ဧပြီလအတွင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ကမ်းစာစောင်များတွင်     Eminent persons Group ၏ အခန်းကဏ္ဍကိုထည့်သွင်းဖေါ်ပြထားရာ ဒေသတွင်း နိုင်ငံတွင်း ထင်ရှားကျော် ကြားသူမည်သူ့ ကိုမဆို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်  မှ ခန့် အပ်တာဝန်ပေးနိုင်ကြောင်း ၊ ထင်ရှားကျော် ကြားသူ က LDCs နိုင်ငံများ၏လိုအပ်ချက်များကို ဖွ့ံဖြိုးတိုးတက်ရေးအတွက် တင်ပြ တောင်းဆိုနိုင် သည် ဟု ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်  ၏ တိုက်ရိုက်ခန့် ထားနိုင်သည့်  EPG တွင် ပါဝင်နိုင်သူတစ်ဦးဖြစ် ကြောင်း သိရသည်။
လာမည့်ဆယ်စုနှစ်သစ်ဖြစ်သော ၂၀၁၁ မှ ၂၀၂၀ အတွင်း လုပ်ဆောင်မည့်လုပ်ငန်းများ၏ နည်းလမ်း လေးသွယ်တွင် ဥပဒေပြုအမတ်များ၏ အခန်းကဏ္ဍ ပါဝင်နေသောကြေင့် မြန်မာနိုင်ငံ၏ လက်ရှိ လွတ်တော်အမတ်များနှင့် ပါတီများရှိ ဗဟို၊တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့ နယ် ပါတီကော်မတီဝင် များ အင်္ဂလိပ်ဘာသာစကား ပြောကျွမ်းကျင်နေရန်အေ၇းကြီးကြောင်း၊ ဘာသာစကားပေါက်သူ၏ ကနဦး ပြောကြားမှုမှာ အရေးကြီးလာနေကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် ဘာသာစကားပေါက်သူ ဥပဒေပြု အမတ်များနှင့် ပါတီကော်မတီဝင်များ၏ ပြောစကားကို အလေးထားဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ သို့ ဖြစ်ပါ၍ ပြည် - ခိုင် - ဖြိုး ပါတီ လွတ်တော်ကိုယ်စားလှယ်များနှင့် ပါတီ ကော်မတီဝင်များအနေဖြင့် အင်္ဂလိပ်စကားကို လေ့ကျင့်ထားသင့်ပြီး ပါတီအတွင်း ပညာအရည်အချင်း ရှိသူများကို တာဝန်ပေးမှုများဆောင်ရွက်ရန်လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
LDCs ၄၈ နိုင်ငံ စာရင်းတွင်ပါဝင်နေသည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပိတ်ဆို့ မှုများ ၏ အကြောင်းရင်းသည် နိုင်ငံတကာပိတ်ဆို့ မှုများကြောင့် ဖြစ်သည်ကို ကမ္ဘာသိ အောင် အစ္စတန်ဘူးလ် ညီလာခံတွင် ရှင်းလင်းပြောဆိုသင့်ပြီး ၊ နိုင်ငံတကာပိတ်ဆို့ မှုများမရှိခဲ့လျှင် လက်ရှိအရွေးခံထားရ သော အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁- ၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် LDCs နိုင်ငံများ စာရင်းမှ ရုန်းထွက်နိုင်မည်ဖြစ်ကြောင်း ညီလာခံတက်ရောက်မည့် အစိုးရတာဝန်ရှိသူအနေဖြင့် ကမ္ဘာ သိ အောင် အသိပေးကြေငြာသင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS သံတမန် ခန့်အပ်
 ဒီဗွီဘီ ၂၁ နိုဝင်ဘာ ၂၀၁၂
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက HIV နဲ့ AIDS ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေး ဆိုင်ရာ အစီအစဉ်ရဲ့ UNAIDS သံတမန်အဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ HIV/AIDS ရောဂါကူးစက် ခံနေသူတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ တာဝန် ထမ်းဆောင် ရမယ်လို့ UNAIDS က ဆိုပါတယ်။
လူ့အသိုင်းအ၀ိုင်း အပြင်ဘက်မှာ နေထိုင်နေရသူတွေ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိန်းသိမ်းထားနိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်ကြိုးပမ်းနေရသူတွေကို ရပ်တည်ကာကွယ်ပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတာကို အထူးပဲ ဂုဏ်ယူပါတယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အသံမဲ့တွေရဲ့အသံ တနည်းအားဖြင့် ပြောဆိုခွင့် မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီတာဝန်ကို လက်ခံခဲ့တဲ့အတွက် အေဂျင်စီက ဂုဏ်ယူပါတယ်လို့ UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး မစ်ချယ် ဆိုင်းဒိုင်းက ဆိုပါတယ်။
UNAIDS Executive Director Michel Sidibé, and Nobel peace prize winner and Member of Parliament Aung San Suu Kyi. Credit: UNAIDS
4 comments:
  1. ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ရွေးကောက်ပွဲ မ၀င်ခင်တည်းက UN ရဲ့  ကိုယ် စားလှယ် ဖြစ်မယ် ဆိုတာ ကို ပဲ ဖေါ်ပြထားတာလား။ ကြံ့ခိုင်ေ၇း
    ပါတီ သတင်းလုပ်ငန်းရဲ့  အောင်မြင်မှုကို ဖေါ်ပြထားပဲလား ။ ရန်ကုန် က
    မြို့ နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးတွေရဲ့  လင်ငယ် ၊ မယားငယ်ထား
    တာတွေ ၊ ခရိုင်ပါတီအတွင်းေ၇းမှူးတွေ ခရိုင် ပါတီ ရုံး အတွက် ပေးတဲ့ကား
    ကို ကိုယ်ပိုင်ကားလုပ်ပြီးရောင်းစားတာတွေေ၇ာ အသေးစိတ်သိရင် ဖေါ်ပြပေး
    ပါဥိး လား
    ReplyDelete
  2. တိတ်တိတ် ပုန်း လှုပ်ရှားမှုတွေထဲမှာ ဒီလို လုပ်ငန်းတွေကို ပိုစိတ်ဝင်စားတယ် ။
    ReplyDelete
  3. ဖြစ်နိုင်တာလား..ဖြစ်သင့်တာလား ..ဖြစ်ခြင်တာလား..
    ReplyDelete
  4. Eminant Person က တော့ မထင်မှတ် ပဲ ဦးသိန်းစိန် ဖြစ်လာသလို
    ငွေကြေးများကို ပြည်သူများထံလက်ရောက် ဖြန့် ဝေပေးသူများမှာ ဦးကျော်ဆန်း(သမ၀ါယမ ပြည်ထောင်စုဝန်ကြီး) နှင့် ဦးခင်မောင်အေး ( C B bank ) တို့ ဖြစ်လာတာ ကတော့
    အံ့သြစရာပါ
    ReplyDelete