Popular Posts

Wednesday, February 25, 2015

NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေး စီမံချက်ရေးဆွဲပြီ

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်မည်ဟုရေပန်းစားနေသော အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ် ပါတီအနေဖြင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးစီမံချက် ကို ရေးဆွဲ နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။ လာမည့် ၂၀၁၅ခုနှစ် မတ်လဆန်း အတွင်း ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် စီစဉ်လျှက် ရှိကြောင်း သတင်းရရှိသည်။
ယင်းသို့ စီမံချက်ထားဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကဲ့သို့ အင်အားကြီးနိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများရှိနေမည်ဖြစ်သော်လည်း စည်းရုံးရေးစီမံချက် များ ပေါ် ထွက် လာခဲ့ခြင်းမရှိကြောင်း သိရသည်။