Popular Posts

Thursday, November 22, 2012

ရန် ကုန် မြို့  လယ် မှ လမ်း လျောက် ပွဲ များ ပြန် စ


လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြ


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား(၃၀) နီးပါးလောက်ဟာ လသာမြို့နယ် ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့ကနေ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း မြို့၊ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရှေ့ကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာပိုင်တွေဖက်က ဖြေရှင်းမှု မလုပ်ပေးမခြင်း ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆန္ဒပြလယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာရှိတဲ့ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဖို့ ၁၉၉၈ ခုနစ်ကတည်းက လယ်ယာမြေ ဧက ၈၀၀ ကို ၀ါဝါ၀င်းကုမ္ပဏီက သိမ်းယူထားတယ်လို့ သိရပြီး လယ်သမားတွေဟာ လယ်ယာမြေတွေမှာ လုပ်ကိုင်ခွင့်ပြန်လည်ရရှိဖို့အတွက် နိုဝင်ဘာလ (၁) နေ့ကစပြီး နေ့ရောညပါ ၀ါဝါ၀င်းကုမ္ပဏီရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် ၃ ပတ်ကျော်ရှိသွားပြီလို့ သိရပါတယ်။

No comments:

Post a Comment