Popular Posts
Wednesday, December 30, 2015
Selamat ulang tahun Gatot Rahardjo, klaim hadiah gratis kamu
Twoo Gatot Rahardjo
Selamat Ulang Tahun, Gatot Rahardjo!
Klaim akun Premium GRATIS kamu
Hai Gatot Rahardjo
Di hari ulang tahunmu, kami memberi hadiah akun Premium GRATIS untuk 1 hari
Kamu menerima pemberitahuan ini karena kamu terdaftar sebagai Gatot Rahardjo (yangonmirror.topost@blogger.com) di Twoo - Berhenti langganan Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-id@twoo.com
Tuesday, December 29, 2015
Tasriyah ingin ngobrol
Mulai ngobrol dengan Tasriyah
Twoo Unduh aplikasinya  Twoo
Tasriyah ingin ngobrol
Tasriyah
Tasriyah, 41
Jakarta- lajang
Mulai ngobrol
Masuk
Unduh aplikasi Twoo
Kamu menerima pemberitahuan ini karena kamu terdaftar sebagai Gatot Rahardjo (yangonmirror.topost@blogger.com) di Twoo. Berhenti langganan. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-id@twoo.com
Saturday, December 26, 2015
Tasriyah, yang suka kamu, ingin ngobrol
Mulai ngobrol dengan Tasriyah
Twoo Unduh aplikasinya  Twoo
Tasriyah suka kamu dan ingin ngobrol
Tasriyah
Tasriyah, 41
Jakarta- lajang
Mulai ngobrol
Masuk
Unduh aplikasi Twoo
Kamu menerima pemberitahuan ini karena kamu terdaftar sebagai Gatot Rahardjo (yangonmirror.topost@blogger.com) di Twoo. Berhenti langganan. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-id@twoo.com
Wednesday, December 23, 2015
Tasriyah, yang suka kamu, ingin ngobrol
Mulai ngobrol dengan Tasriyah
Twoo Unduh aplikasinya  Twoo
Tasriyah suka kamu dan ingin ngobrol
Tasriyah
Tasriyah, 41
Jakarta- lajang
Mulai ngobrol
Masuk
Unduh aplikasi Twoo
Kamu menerima pemberitahuan ini karena kamu terdaftar sebagai Gatot Rahardjo (yangonmirror.topost@blogger.com) di Twoo. Berhenti langganan. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-id@twoo.com
Monday, December 21, 2015
Tasriyah, yang suka kamu, ingin ngobrol
Mulai ngobrol dengan Tasriyah
Twoo Unduh aplikasinya  Twoo
Tasriyah suka kamu dan ingin ngobrol
Tasriyah
Tasriyah, 41
Jakarta- lajang
Mulai ngobrol
Masuk
Unduh aplikasi Twoo
Kamu menerima pemberitahuan ini karena kamu terdaftar sebagai Gatot Rahardjo (yangonmirror.topost@blogger.com) di Twoo. Berhenti langganan. Massive Media Match NV, Emile Braunplein 18, 9000 Ghent, Belgium BE0537240636. info-id@twoo.com
Sunday, December 20, 2015
ပါတီတွင်းအာဏာလုပွဲများအတွက် အသုံးတော်ခံ တပ်ဖွဲ့ မဖြစ်ရေး ပြဌာန်းသင့်
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ဥပဒေအရ နောက်ကြောင်းပြန်သက်ရောက် ခြင်း မရှိစေ ရေးအတွက် အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်ကို တရားစွဲဆို ပိုင် ခွင့် ကို အတိ အလင်း တားမြစ်ထားသည့် ဥပဒေ ထုတ်ပြန် ပြဌာန်းပြီးဖြစ်သည်။
သို့ သော်လည်း ယင်းဥပဒေအပြင် ၂၀၁၅ဒီ၂၁ ရက် နိုင်ငံတော်ပိုင် သတင်းစာများမှ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေသူများအတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ကို ထုတ်ပြန် ဖေါ်ပြခဲ့သည်။
ယင်းဥပဒေသည် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ် ပြဌာန်းချက်ကို ကျော်လွန်စေသာ အချက် များ ပါဝင် နေကြောင်း၊ ယင်းမှာ သမ္မတ အနေဖြင့် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ထမ်းဆောင်ဆဲ ပါတီ တာဝန်မှ   ထမ်းဆောင်ခြင်းမရှိစေ ရ ဟု ဖေါ်ပြထားသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်မှ ခေတ္တ ရပ်နားကာ ပါတီ ဒုဥက္ကဋ္ဌ များဖြစ်သော သူရဦးရွှေ မန်း နှင့် ဦးဌေးဦး တို့ ကို ပါတီတွင်း ပူးတွဲ ဥက္ကဋ္ဌ တာဝန်များ ပေးအပ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ  ဌာနချုပ် ကို ရဲတပ်ဖွဲ့ ဖြင့် ၀န်းရံ ခဲ့ခြင်းကြောင့်  အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီဌာနချုပ် ကို ရဲတပ်ဖွဲ့ ဖြင့် ၀န်းရံခြင်းမရှိခဲ့ပဲ အာဏာရပါတီဌာနချုပ် ကို တရားခံသဖွယ် ၀န်းရံ ခဲ့ခြင်းကြောင့် ပြည်သူလူထုက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီကို ယုံကြည်မှု လုံးဝဥဿုံ ကင်းမဲ့သွားခဲ့သည်။  
ယင်း သို့  ရဲ တပ်ဖွဲ့ ဖြင့် ဝန်းရံ ခြင်း အတွက် ပါတီဌာနချုပ် မှ သင့်တော်သော အကြောင်းပြချက်ကို ယနေ့ ထိ တိုင် ပါတီ ၀င်များသို့ ရှင်းလင်း တင်ပြ ခြင်း မရှိခဲ့ပါ။ ရဲ တပ် ဖွဲ့  အ၀ိုင်းခံရသော ပါတီအဖြစ် ပြည်သူလူထုအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ ၀င်များ မျက်နှာငယ် အရှက်ရစေခဲ့သည့်အပေါ် ပါတီဌာနချုပ်မှ ဖြေရှင်းချက်တစ်စုံ တစ်ရာ ပေးခဲ့ခြင်းမရှိသကဲ့ သို့  မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ မှလည်း ဖြေရှင်းချက်တစ်စုံ တစ်ရာ ပေးအပ်ခဲ့ခြင်း မရှိခဲ့သည်မှာ အနိုင်ရ ပါတီမဟုတ် ပဲ ခရိုနီများနှင့် စစ်ဗိုလ်ချုပ် ဟောင်းကြီးများအတွက် စတေးခံ ပါတီဌာနချုပ် အဖြစ် အထင်ရောက်စေခဲ့သည်။ ပါတီ အကြီးအကဲ အဆင့်ရှိသူများ ရုံးထိုင်သည့် နေပြည်တော်ပါတီ ဌာနချုပ်ကို ရဲတပ်ဖွဲ့ မှ ၀န်းရံ ခဲ့သည့်အတွက် ပါတီဝင်များအနေဖြင့် ဌာနဆိုင်ရာများ ၏ လွှမ်းမိုးအနိုင်ကျင့်မှု ကို အလိုအလျောက်ခံရတော့မည် ဟု အထင်ရောက်စေခဲ့သည်။ အတိုက်အခံ အဖြစ် ရပ်တည်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဌာနချုပ် ကို ရဲတပ်ဖွဲ့  ဖြင့်  ၀န်းရံ ဖို့ ဝေးစွ တပ်မတော် တာဝန်ရှိသူများ ကိုယ်တိုင်ရုပ်ဖျက်ပြီး ဒေသမှူးအဆင့်ရှိသူများနှင့် အရာရှိကြီးများ၏ လူယုံ လက်ရှိ နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့ ထူး ချီး မြှင့် ပေးထားသည့် ဦးရဲအောင် ဆိုသူတို့ ဖြင့် ၀င်ရောက် စီးနင်းခဲ့သည့် ဖြစ်စဉ် သာ ပေါ်ပေါက်ဖူးခဲ့ကြောင်း၊ ယင်း အတိုက်အခံ နိုင်ငံရေးပါတီဌာနချုပ် အနီးသို့  ရဲတပ်ဖွဲ့ ဝင် များ ယူနီဖေါင်းဖြင့် အနားကပ်ဝံ့ခြင်းမရှိခဲ့ကြောင်း၊ အနိုင်ရပါတီကို ရဲတပ်ဖွဲ့ အဆင့် ဖြင့် ၀န်းရံ ခဲ့ ခြင်း နှင့် ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်မှု မရှိခဲ့ခြင်း၊ နိုင်ငံရေးပါတီ အလုပ် တွင် ရဲ  တပ်ဖွဲ့ မှ လက်နက်ဖြင့် ပါတီ ဌာန ချုပ် အတွင်း ၀င်ရောက်ခြင်းများကို ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ တစ်ရပ်လုံးက နှစ်လိုခြင်းမရှိခဲ့ပါ။
သမ္မတဟောင်းအတွက် လုံခြုံရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ အပ်နှင်းမည်ဆိုပါက ယင်းလုံခြုံရေးတပ်ဖွဲ့ ကို အကြောင်းပြု၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီတွင်း အာဏာလုပွဲများမဖြစ်ပေါ်စေရေးအတွက် ယင်းလုံခြုံရေးတပ်ဖွဲ့ ကို ပါတီဌာနချုပ်ရုံးများ သို့ လိုက် ပါခြင်းမရှိစေရေး ကန့် သတ် ပေးပါရန် ဥပဒေကြမ်းရေးဆွဲသူများသတိချပ် သင့် ပါကြောင်း……
ငွေပေးပြီးရက်စက်ခံနေရသူများ
မြန်မာအလုပ်သမားတွေ ထိုင်းမှာပက်ပက်စက်စက်ခံနေရတဲ့အကြောင်းတွေကို ရေးပေါင်းလည်းများပြီ။ သမ္မတနဲ့လွှတ်တော်ဥက္ကဌ တို့ဆီကိုလည်း အိပ်ဖွင့်ပေးစာတွေလည်းပေးခဲ့ပြီ။ လူလိမ်ပွဲစား အဖွဲ့ချုပ်MOEAF နဲ့ လည်းရန်ကုန်မြို့မှာ ဘတပြန် ကျားတပြန်သတင်းစာရှင်းလင်းပွဲတွေလည်းလုပ်ခဲ့ကြပြီ။ ကာယကံရှင်အလုပ် သမားတွေကိုခေါ်ပြီး ရန်ကုန်တိုင်း လူကုန်တားရုံးမှာ အမှုဖွင့်တာလည်းပလုံသွားခဲ့တယ်။ ငွေပေးရန်မလို တဲ့ ခေတ်မှာ အမှန်တရားကွယ်ပျောက်ပြီး မတရားမှုပြုသူတွေကပန်းပန်နေဆဲပါ။
ထိုင်းရောက်ရွှေပြောင်းအလုပ်သမားတွေရဲ့ပတ်စပို့စာအုပ်တွေဟာ ၂၀၁၄ ခုအောက်တိုဘာကတည်းက ကုန်ဆုံးလာခဲ့ကြတာ ခုဆို သိန်းကဏန်းနဲ့ချီသွားပြီ။ သန်းချီရှိနေတဲ့ထိုင်းရောက် အလုပ်သမားတွေရဲ့ တရားဝင် နေထိုင်ခွင့်တွေ တဖြည်းဖြည်းကုန်ဆုံးလာနေပါတယ်။ ၆နှစ်သက်တမ်းပြည့် ပြီဖြစ်တဲ့ ပတ်စပို့ ကို မြန်မာအလုပ် သမားတွေ သက်တမ်းမကုန်မီ ၆လ-၇ လကတည်းက မြန်မာသံရုံးမှာ အသစ်လျှောက် ထားခဲ့ကြတယ်။ မြန်မာ သံရုံးမှာ ပတ်စပို့ထုတ်ပေးရေးစခန်း တစ်ခုဖွင့်ထားရာကနေ ပတ်စပို့စာအုပ်အသစ်တွေ ထုတ်ပေးနေပေမယ့် ထိုင်းဘက်က ဗီဇာထုမပေးတာကြောင့် မြန်မာအလုပ်သမားတွေမှာ ဘာလုပ်လို့လုပ်ရ မှန်းမသိ ဖြစ်နေပါတယ်။ အမှန်က အလုပ်သမားတွေကိုပတ်စပို့ထုတ်ပေးခဲ့တဲ့မြန်မာအစိုးရက ကြိုတင်ပြီးတော့ စနစ်တကျအစီအမံရှိရမှာ ဖြစ်ပါတယ်။
မြန်မာနဲ့ထိုင်းပွဲစားတွေကတွေ ဗီဇာအတုတွေထုပေးကြလို့ ပတ်စပို့စာအုပ်လည်းပျက်စီး၊ ဗီဇအတုထုခ ပိုက်ဆံလည်းကုန်၊ လူလည်းထောင်ကျ။ ဘန်ကောက်မြို့အနီးက မဟာချိုင်မှာများဆိုရင် ဗမာမြင်ဖမ်းတော့တာ။ ပတ်စပို့မရှိ၊ ၀တ်ပါမစ် မရှိလို့ကတော့ ဘတ်ငွေသောင်းချီတောင်းပါတယ်။ လမ်းသွားတဲ့အလုပ်သမား တစ်ယောက်ကို ၀တ်ပါမစ်မပါလို့ ပိုက်ဆံတောင်းတာ သဘာဝမကျသလို အပြည့်အစုံပါပြန်တော့လည်း မူးယစ် ဆေးဝါးထုတ်တွေ အနားမှာချပြီး ဓါတ်ပုံရိုက်တယ်။ ခြိမ်းခြောက်ငွေတောင်းတာ မဟာချိုင်မှာနေ့ စဉ်နေတိုင်းပါ။
ထိုင်းနိုင်ငံအနှံ့အပြားက မြန်မာပြည်ကိုနေ့စဉ်နေ့တိုင်း ပြန်သွားနေကြတဲ့ မြန်မာအလုပ်သမားတွေကို မဲဆောက်အ၀င်မှာ ၀တ်ပါမစ်စစ်ပြီး ငွေတောင်းတယ်။ ဖမ်းချုပ်တယ်။ အကြောင်းကြောင်းကြောင့် နယ်စပ် မှာ ပြန်လည်ပြည်ဝင်ခွင့်ဗီဇာတံဆိပ်တုံးထုကြရတဲ့အခါ အလုပ်သမားတွေ မလုပ်တတ်မကိုင် တတ်ကြ တာကြောင့် မြ၀တီ မဲဆောက် တံတားနားမှာရှိနေကြတဲ့ ပွဲစားတွေကိုပဲ ထုခိုင်းကြရပါတယ်။ အဲဒီမှာ တံဆိပ်တုံးအတုဆိုပြီး ဖမ်းဆီး ထောင်ချခံကြရပြန်တယ်။
သမ္မတဦးသိန်းစိန် လက်ထက်ရွှေ့ပြောင်းအလုပ်သမားများအခြေနေ
သမ္မတကြီးဦးသိန်းစိန် ၂၀၁၂ ကာလတုန်းက ထိုင်းကိုရောက်ခဲ့ပါတယ်။ ၅နှစ်တာကာ လအတွင်းမှာ မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် (ပွဲစားများအဖွဲ့ချုပ် MOEAF) နဲ့ MOU သိန်းချီတဲ့အလုပ်သမားတွေကို ထိုင်းနိုင်ငံသို့ ပို့စားခဲ့ကြပါတယ်။ အကျိုးတူစီးပွားရေးကြီးလုပ် နေကြတာကြောင့် အလုပ်သမားအမြောက်အမြားဒုက္ခရောက်နေ ကြလွန်း လို့၊ ဖြစ်ရပ်အမှန်တွေကို သိရှိပြုပြင် နိုင်ဖို့အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနကို အလုပ် သမား ခေါ် စာတစ်စောင်လောက် လာစစ်လှဲ့ပါလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT က စိန်ခေါ်ထားတာကို အစစ်ဆေးမခံဝံ့သေးပါ။
အစိုးရတစ်ရပ်၊ အလုပ်သမားဝန်ကြီးဌာနတစ်ခုဟာ အလုပ်သမားလေးငါးသန်းရှိတဲ့ထိုင်းနိုင်ငံကို အလုပ် သမားသံအရာရှိ၂ဦးစေလွှတ်ထားတာ တာဝန်ကျေပြီးလိုထင်ထားပုံရတယ်။ အလုပ်သမားသံအရာရှိတွေ ဘာ လုပ်နေလဲဆိုတာ အလုပ်သမားလေးငါးယောက်လောက်ကိုဖုန်းဆက်ပြီးမေးကြည့်ပါက အခြေအနေမှန်ကို သိရှိ နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် အလုပ်သမားယောင်ဆောင်ပြီး အလုပ်သမားသံအရာရှိ တွေကို ဖုန်းဆက်ရင် လည်း သိရှိနိုင်ပါတယ်။
လက်ရှိဝန်ကြီး ညွန်ချုပ် အတွင်းဝန်တို့ဟာပြည်တွင်းပြည်ပအလုပ်သမားတွေအတွက်ဘာမှ မလုပ်ပေး နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာလည်းလောလောဆယ်လည်း အလုပ်လုပ်ပြီးထမင်းဝမယ့်အလုပ် အကိုင်တွေမရှိသေး တာကြောင့် တိုင်းပြည်မပြန်နိုင်ကြတဲ့ အလုပ်သမာတွေဟာ အသစ်တက်လာမယ့် NLDအစိုးရသစ်ရဲ့ အလုပ် သမားဝန်ကြီးနဲ့ ညွန်ချုပ် အတွင်းဝန် အသစ်စက်စက်တို့ကများပြုပြင်ပြောင်း လဲလာမလားလို့ပဲ ပြည်ပရောက် အလုပ်သမားထုကြီးကမျှော်လင့်နေကြပါပြီ။
အရည်အချင်းရှိတဲ့အစိုးရ၊ တာဝန်ယူတဲ့အစိုးရဆိုရင် ဒီအလုပ်သမားတွေအတွက် ကျမ္မာရေး၊ ပညာရေးနဲ့ လုံခြုံရေးကအစ၊ စနစ်တကျ တာဝန်ယူ ဖြေရှင်းနိုင်အောင် အစီအမံတွေ ပြင်ဆင်ထားမှာဖြစ်ပါတယ်။
တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်ပါတယ်
Certificate of Identity - CI ပဲထုတ်ထုတ်၊ ပတ်စပို့ပဲလုပ်လုပ်၊ အလုပ်သမားတွေအတွက် အကျိုးရှိ မလား၊ ဘယ်သူတွေ အကျိုးရှိမလဲ။ လုပ်ပေးထားတဲ့ CI နဲ့ ပတ်စပို့အတွက် ထိုင်းနိုင်ငံအနှံ့ နေ့တိုင်းတက်နေတဲ့ ပြဿနာတွေကို ဘယ်သူရှင်းမလဲ။ ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းရဲတွေက အနိုင်ကျင့် ခဲ့ရင်ဒီပြဿနာကို ဘယ်သူ ဖြေရှင်းမလဲ။ အလုပ်သမားသံအရာရှိရှင်းမှာလား၊ မြန်မာသံရုံးက ရှင်းမှာလား။ ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိလျှက်နဲ့ ထိုင်းပုလိပ်က ဘာဖြစ်လို့ ဖမ်းတာလဲ။ တရားဝင်အလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်မခံရအောင် ဘယ်လို လက်တွေ့အကောင်အထည်ဖေါ်မလဲဆိုတာအရေးအကြီးဆုံးဖြစ်ပါတယ်။
လူကုန်ကူးမှုကိုတိုက်ဖျက်မှုအားနည်းနေတဲ့ထိုင်းနိုင်ငံကို အီးယူနဲ့အမေရိကန်တို့က ထိုင်းပင်လယ်အစားအစာကို မသွင်းတော့ဘူးလို့ခြိမ်းခြောက်ပြောဆိုနေမှုတွေကြောင့် ထိုင်းအစိုးရဟာ ငါးဖမ်းလှေနဲ့ ပင်လယ် အစားအစာထုတ်လုပ်တဲ့ အလုပ်ရုံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ဘတ်ကဒ် ထုတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီကဒ်ဟာ နယ်ကျော်ရင်အဖမ်းခံရပါတယ်။ လုပ်ငန်းရှင်မတူလို့ဆိုပြီးလည်းအဖမ်းခံရပြန်တယ်။ မြန်မာအလုပ်သမားတွေရဲ့ဘ၀ က ငွေကုန်တာကလွဲရင် ပတ်စပို့လုပ်လို့လည်းမလုံခြုံ၊ ဘတ်လုပ်လို့လည်း မလုံခြုံပါဘူး။
၂၀၁၃ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေပြောင်းအလုပ်သမားတွေဆီက အိမ်ပြန် စရိတ်ဆို ပြီး တစ်ယောက်စီဆီကနေ ဘတ်ငွေ ၁,၀၀၀ စီဖြတ်တောက်ထားတာရှိပါတယ်။ အဲဒီပိုက်ဆံကို လက်ရှိ မြန်မာ အလုပ်သမားဝန်ကြီးတို့ ပြန်လည်တောင်းခံသင့်ပါတယ်။ ဒီလောက်များတဲ့ငွေကို အလုပ်သမားကိစ္စတွေမှာ သုံး စွဲလို့ရပါတယ်။
အလုပ်သမားဆိုတာငွေထုတ်စက်လား
ပြီးခဲ့တဲ့ ဇူလိုင်လက ပန်းရောင်ဘတ်ကဒ်လုပ်ထားတဲ့အလုပ်သမား ခြောက်သိန်းကျော်ရဲ့ကိုယ်ရေး အချက်အလက်၂၇ ချက်စီကောက်ခံဖို့ MOEAF က ပွဲစားတပ်ကြီး ၆၀ လောက်ချီတက်လာခဲ့တယ်။ အောက် တိုဘာလ၂၀ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မျက်စိနောက်ပြီး ပိတ်သိမ်းပစ်လိုက်တယ်။
ပြုတ်ခါနီ အာဏာရှင်ယန္တရားထဲက အလုပ်သမားဝန်ကြီးဌာနက အကျင့်ပျက်ဝန်ထမ်းတွေဟာ လုပ် ကိုင်ခွင့်နဲ့သူဌေးဖြစ်မယ့် နောက်ဆုံး ဂွင်ဖန်ဖို့ ပွဲစားဂိုဏ်းချုပ်တွေခြံရံပြီး မကြာမီထိုင်းကိုကြွချီ လာကြအုံးမယ် လို့မြန်မာသတင်းတွေအရကြားသိရပါတယ်။ MOU နဲ့တင်သွင်းလာပြီး စုပုံထားတဲ့နေရာတွေကိုပြချင်စမ်းပါဘိ။
ပြောရရင် ထိုင်းအစိုးရဟာ မြန်မာအလုပ်သမားတွေကို ပန်းရောင်ဘတ်ကဒ်ထုတ်ပေးပြီးတော့အကျိုး အမြတ်ရှာသလို၊ မြန်မာအစိုးရကလည်း ပတ်စပို့ထုတ်ပေးပြီးအကျိုးအမြတ်ရှာတာဖြစ်တယ်လို့အလုပ်သမားတွေက မြင် လာကြပါတယ်။ ဒါ့အပြင် မြန်မာနဲ့ထိုင်းပွဲစားတွေသာမက ထိုင်းရဲတွေအတွက်ပါမြန်မာအလုပ်သမားတွေဟာ ငွေထုတ်စက်ကြီးဖြစ်နေပါတယ်။
လက်ရှိ အလုပ်သမားဝန်ကြီးဌာနဟာ ငါးသန်းလောက်ရှိတဲ့ ပြည်ပရောက်အလုပ်သမားတွေအတွက် ရေတို၊ ရေရှည်အစီအစဉ် ဘာတစ်ခုမှ မယ်မယ်ရရအကောင်အထည်မဖေါ်နိုင်ခဲ့ပါ။ ဒါ့အပြင် ပြည်တွင်း အလုပ် သမားတွေအတွက်လည်း ထမင်းစားလောက်တဲ့ ပုံမှန်လစာကိစ္စနဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကိုမဖြေ ရှင်းပေးနိုင်ပါ။
အဲဒါကြောင့် ပြည်တွင်းပြည်ပအလုပ်သမားတွေအတွက် တာဝန်ခံမယ့် အလုပ်သမားဝန်ကြီး၊ ညွှန်ချုပ်၊ အတွင်းဝန်နဲ့ အလုပ်သမားသံအရာရှိတွေကို NLD အစိုးရသစ်က အလျှင်အမြန် အစားထိုးခန့်ထားနိုင်ပါစေလို့ အလုပ်သမားထုကြီးကဆုတောင်းမျှော်လင့်နေကြကြောင်းပါ။ ။
ကျော်သောင်း
soe-lin-aung ၏ ဖေ့ဘုတ်စာမျက်နှာ မှ ကူးယူဖေါ်ပြသည်။
ရန်ကုန်ကြေးမုံ
Thursday, September 17, 2015
ရွေးကောက်ပွဲ မဲဆွယ် ကတိစကားများရဲ့ အတိမ်အနက်
ယခုအခါ မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲ ပါဝင် အရွေးချယ်ခံကြတော့မည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြပြီ ဖြစ်သည်။
မဲပေးရွေးချယ်ကြရမည့် ပြည်သူတွေကလည်း ထို မဲဆွယ်စည်းရုံးရေး ဆင်းကြသည့် ကိုယ်စားလှယ်လောင်းများရဲ့ အပြုအမူ အပြောအဆို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုနှင့် သူတို့ရဲ့ သမိုင်းကို အကဲခတ် ဆုံးဖြတ်လျက် မည်သူ့ကို မဲပေးသင့် မသင့် ချင့်ချိန်ကြရ ဆုံးဖြတ်ကြရသည်။
ယခုအခါ မဲဆွယ်စည်းရုံးရေး ဆင်းကြသည့် ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးရေး စကားများကိုလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြင်ကြရ ကြားလာ နေကြရသည်။
သည်လိုမြင်ကွင်းမျိုး သည်လိုစကားမျိုးနှင့် သည်လိုပတ်ဝန်းကျင် အခြေအနေများ မကြားကြရ မမြင် ကြရသည်မှာ နှစ်ပေါင်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီမို့ မင်္ဂလာရှိသော မြင်ကွင်းများ စကားများဖြစ်သည် ကိုမူ မည်သူမျှ ငြင်းနိုင်ကြလိမ့်မည် မထင်ပါ။ အထူးသဖြင့် အသက် ၂၀ ကျော် ၃၀ အောက် လူငယ် များမှာ ဒီမိုကရေစီ ရွေးချယ်တင်မြှောက်ပွဲ ရွေးကောက်ပွဲကို ကိုယ်တိုင် စတင်မြင်တွေ့ခွင့် ရကြပြီဖြစ် သဖြင့် တိုင်းပြည်အတွက် အစဉ်အလာကောင်းသည့် သမိုင်းအတွေ့အကြုံ တစ်ခုလည်း ဖြစ်ပါ သည်။
မိမိတို့ ပြည်သူများသည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အမျိုးအစားမျိုးနှင့် မတွေ့မ ကြုံရသည်မှာလည်း ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပြီ ဖြစ်သလို ရွေးချယ်ခံကြမည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများသည်လည်း စစ်မှန်သည့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းအတွေ့အကြုံများကို တွေ့ဖူး ကြုံဖူးသူ နည်းကြမည် ဖြစ်သည်။ ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကာလ ပြောမှုဆိုမှု မဲဆွယ်မှု အခြေအနေများမှာလည်း မိမိတို့အတွက် စိတ်ဝင်စားဖွယ် ကောင်းနေသည်မှာလည်း အသေအချာပင် ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက သူသာ အရွေးချယ်ခံရပါက သူအရွေးချယ်ခံရ သည့် နယ်မြေတွင် လမ်းတွေ ခင်းပေးမည်ဟု ကတိပေး မဲဆွယ်သည်ကို ကြားရသည်။ အခြားတစ်ဦး ကမူ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သောအားဖြင့် လူမျိုးခြားများကို ပိုတင်းကြပ်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်အောင် လုပ်မည်ဟု ကတိပေး စည်းရုံးသည်။ အခြားတစ်ယောက်ကမူ ဒီမိုကရေစီခေတ် ကြီးနေ့ချင်းညချင်း ဖြစ်လာအောင် လုပ်ပေးမည်ဟု ကတိပေးသည်။ အခြားကိုယ်စားလှယ် တစ်ဦးကမူ ပဒေသာပင်ကြီး ပေါက်လာအောင် လုပ်ပေးမည်ဟု ကတိပေးသည်။ အခြားတစ်ယောက် ကမူ လူမျိုးခြား ဘာသာခြားနှင့် နိုင်ငံခြားများကို မုန်းတီးသည့် အမုန်းစိတ်ကို အခြေခံသည့် ကတိစ ကားများ ပေးသည်။ အခြားတစ်ယောက်ကမူ လူတိုင်း ချမ်းသာကြွယ်ဝလာအောင် လုပ်ပေးမည်ဟု ကတိပေး သည်။
မိမိတို့တိုင်းပြည်တွင် စစ်မှန်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲများ ရာစုနှစ်တစ်ဝက်ကျော် မရှိခဲ့ သဖြင့် ယင်းဒီမိုကရေစီ၏ အခွင့်အာဏာ၊ စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ် အတွေ့ အကြုံများ ဆင်းရဲမွဲတေလှသည့် အဖြစ်ကို ယင်းလွှတ်တော် ကိုယ်စားလှယ်များရဲ့ စည်းရုံးရေး ကတိ စကားများကို ကြည့်လျှင် ထင်ရှားစွာ သိနိုင်ကြမည် ဖြစ်သည်။
အမှန်တကယ်အားဖြင့်ဆိုလျှင် မိမိတို့အားလုံး လာမည့် ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို နေ့ချင်းညချင်း တည်ဆောက်လို့ရသည့် အဆုံးအဖြတ်ကို မပေးနိုင်ပါ။ပေးနိုင်သည့် အခြေအနေ ပတ်ဝန်းကျင်လည်း မဟုတ်ပါ။ ဥပမာ နှစ်ပေါင်းများစွာ အခြေတည်လာ  ခဲ့သည့် အာဏာရှင် အငွေ့အသက်များ၊ ဒီမိုကရေစီလမ်းကြောင်းကို ပိတ်ဆို့ထားသည်ဟု ယူဆရသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိနေဆဲဖြစ်သည်ဟု ဝေဖန်ခံနေရမှုများ ရှိနေသေးသည့် အချိန် တွင် ရုတ်တရက် ချက်ချင်း မဖြစ်နိုင်သည့် ကတိစကားများကို မဲဆန္ဒရှင်များထံ အလွယ်တကူ ကတိ ပေးရန် မသင့်ချေ။ ပေးလို့လည်း မရနိုင်ပါချေ။
ထို့ကြောင့် ပြည်သူများသည် တချို့သော လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ ကတိ လွယ်လွယ်ပေးတတ်မှု၊ လူပိန်းကြိုက် ကတိများ ပေးတတ်မှု၊ ရန်လိုမုန်းတီးမှုကို အခြေခံသော ကတိ များပေးတတ် မှုနှင့် တကယ်စစ်မှန်ပြီး ဒီမိုကရေစီ အပြောင်းအလဲကို တိုက်ရိုက် အထောက်အကူပြု သည့် ကတိစကားများကို မှန်ကန်စွာ ရွေးချယ်သုံးသပ် နိုင်ပါစေကြောင်း တိုက်တွန်း တင်ပြလိုက်ရ ပါသည်။
http://mizzimaburmese.com/article/4843  ကူးယူဖေါ်ပြသည်။
ဒေါ်စု၊ စကားပြော လောသွားလေသလား
အခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ငြင်းခုံမှုအများဆုံး စကားလုံးကတော့ အစိုးရ မဖွဲ့နိုင်တဲ့ တစ်သီးပုဂ္ဂလ အမတ်တွေကို မဲမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် ကယားပြည်နယ် ရှားတောမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။
ဘယ်လို အကြောင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီလိုစကားမျိုး ပြောခဲ့တာပါလဲ၊ ဒီစကားလုံး ဘယ်အထိ ဂယက် ရိုက်ခတ်သွားပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားလုံး အပြည့်အစုံက ခုလိုပါ။ " အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ကြပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။
တစ်သီးပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့ မရတာကြောင့်မို့ တစ်သီးပုဂ္ဂလတွေအတွက် မဲပေမယ့်အစား အစိုးရဖွဲ့မယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မဲတွေက တန်ဖိုး ရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ" ဆိုပြီးတော့ ဖြစ်ပါတယ်။
ပထမ စဉ်းစားရမှာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကယားပြည်နယ် ရှားတောလို နေရာမျိုးမှာ ဘာကြောင့် အဲဒီစကား ပြောရသလဲ ဆိုတာပါ။ အဖြစ်နိုင်ဆုံးကတော့ အဲဒီနေရာမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ ရွေးကောက်ပွဲဝင်မယ့်နေရာ ဖြစ်နေ လို့ပါပဲ။ ဝန်ကြီးနှစ်ပါးဟာ ပြည်ခိုင်ဖြိုးပါတီဝင်အနေနဲ့ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲဝင်လို့ မရတာကြောင့် တစ်သီးပုဂ္ဂလအဖြစ် စာရင်းသွင်း ဝင်ပြိုင်ဖို့ ဖြစ်လာတာပါ။
ဝန်ကြီးနှစ်ပါးကို ပြည်ခိုင်ဖြိုး အမတ်လောင်းအဖြစ် ခွင့်မပြု ပယ်ချခဲ့သူဟာ အဲဒီကာလက ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ လည်းဖြစ်၊ အမတ်လောင်း ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် ၊အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ သူရဦးရွှေမန်းပါ။ နောက်ပိုင်း အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းကို အစိုးရအဖွဲ့နဲ့ တပ်မတော် ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ပြောရရင် ပြည်ထောင်စု ဝန်ကြီးနှစ်ပါးနဲ့ သူရဦးရွှေမန်းဟာ ရန်ဘက်တွေသဖွယ် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဦးရွှေမန်းနဲ့ အလွန်ခင်မင် ရင်းနှီးသူပါ။
ဒါကြောင့် လည်း ရှားတောမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ကို ရည်ရွယ်ပြီး တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကို မဲပေးဖို့ မသင့်တဲ့အကြောင်းပြောဆိုခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက မှန်းဆချက်ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်း တို့ကိုပဲ ရည်ရွယ်သလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဒါကြောင့် အဲဒီ ပြောဆိုချက်ဟာ လာမယ့် ရွေးကောက်ပွဲကြီးကို ဝင်ပြိုင်ကြမယ့် အယောက် ၃၀၀ ကျော်သော တစ်သီးပုဂ္ဂလ အမတ်လောင်းတွေကို ရည်ရွယ်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြ အဆင့်ကို ရောက်လာတာပါ။
ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောစကား အမှားမပါပါဘူး။ မှန်ပါတယ်။ တစ်သီး ပုဂ္ဂလတွေဟာ လွှတ်တော်ထဲမှာ အစိုးရဖွဲ့လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာ အစိုးရမဖွဲ့နိုင် တာဟာ တစ်သီးပုဂ္ဂလ အမတ်တွေချည်းပဲ သက်သက်တော့ မဟုတ်ပါဘူး။ လက်ရှိ အမတ်လောင်း တင်သွင်းမှု အခြေအနေ၊ ပေါ်ထွက်လာနိုင်တဲ့ ခန့်မှန်း ရွေးကောက်ပွဲရလဒ်ကို တွက်ဆကြည့် ရင်ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှာ သမ္မတတစ်ယောက် တင်၊ အစိုးရ ဖွဲ့နိုင်မယ့်သူ ဆိုတာဟာ အင်န်အယ်လ်ဒီ ဒါမှမဟုတ် တပ်မတော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး ပေါင်းထားတဲ့ အုပ်စု စုစုပေါင်း ၂ ခုပဲ ရှိပါတယ်။
အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုသာ မဲထည့်သင့်တယ် ဆိုရင် အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီကိုပဲ ရွေးချယ် မဲထည့်၊ ကျန်ပါတီတွေအားလုံး၊ တိုင်းရင်း သား ပါတီတွေအားလုံးနဲ့ တစ်သီးပုဂ္ဂလတွေ အားလုံးကို မဲမထည့်နဲ့လို့ ပြောလိုက်ရာလည်း ရောက်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲတစ်ခုမှာ ဒီလိုမျိုးကတော့ ပြောဆိုဖို့ မသင့်တော်ပါ ဘူး။
ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ အမတ်တစ်ယောက် လွှတ်တော်ထဲ ရောက်သွားရင် လုပ်ရမယ့် အလုပ်သုံးခု ရှိပါတယ်။ ပထမတစ်ခုက တိုင်းပြည် အထွတ်အထိပ် သမ္မတတစ်ယောက် ကိုရွေးချယ်ရာမှာ မဲပေးခွင့်ရှိမှာ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဥပဒေပြုရေး ဖြစ်ပါတယ်။ တတိယ တစ်ခုကတော့ ပြည်သူတွေနဲ့ သက်ဆိုင်တာတွေကို မေးခွန်းမေးမြန်းခွင့်၊ အဆို တင်နိုင်ခွင့်တွေပဲဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို အစိုးရဖွဲ့ရေး တစ်ခုတည်း မဟုတ်ပါဘူး။ မှန်ပါတယ်။ အင်န်အယ်လ်ဒီ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပူးပေါင်းထားတဲ့ အုပ်စုသာဆိုရင် လွှတ်တော်ထဲမှာ သူတို့ပါတီက ကြိုက်ရာ တစ်ယောက်ယောက်ကို ဒုသမ္မတ အဖြစ် တင်မြှောက် နိုင်ပါလိမ့်မယ်။ တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေကတော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီ အမတ်တွေအားလုံးဟာ ဒုသမ္မတ၊ သမ္မတတွေကိုတော့ ရွေးချယ်မဲပေးခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်သီးပုဂ္ဂလ အမတ်ဖြစ်စေ၊ တခြားပါတီ တစ်ခုခုက အမတ်ကို ဖြစ်စေ၊ ပြည်သူတွေ ပေးလိုက်တဲ့မဲ တန်ဖိုးလျော့နည်း သွားစေမှာ မဟုတ်ပါဘူး။ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်၊ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရချင်ဇော စတာတွေကြောင့် စကားပြောလောသွားတာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ တခြားပါတီ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ အမတ်တွေရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဝေဖန် ထောက်ပြနိုင်ပါတယ်။ ကိုယ့်ပါတီရဲ့ မူဝါဒပိုင်း ဆိုင်ရာ အားသာချက်တွေကို ပြောပြီး ကိုယ့်ပါတီကိုပဲ မဲပေးဖို့ စည်းရုံး လှုံ့ဆော်နိုင်ပါတယ်။ မူဝါဒသဘော မဆောင်တဲ့ အစိုးရ မဖွဲ့နိုင်ရုံနဲ့ ပုဂ္ဂလိက အမတ်လောင်းတွေကို မဲမပေးဖို့၊ ပါတီငယ်၊ ပါတီလတ်တွေကို မဲမပေးဖို့ ပြောဆိုတာမျိုးကတော့ သင့်တော်မှု မရှိပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။
http://mizzimaburmese.com/article/4844  ကူးယူဖေါ်ပြသည်။
Sunday, September 13, 2015
ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်
ကြံ့ခိုင်ရေးပါတီက ဦးစီးကျင်းပသော တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်သို့ ရောက်ရှိလာသော တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကိုတွေ့ရ စဉ်။ ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ)
ရန်ကုန်၊ စက်တင်ဘာ ၁၃ ။          ။ " ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့" ဆောင်ပုဒ်ဖြင့် ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း မဲဆွယ် စည်းရုံးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း က စက်တင်ဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
"ရှေ့အပတ် စနေနဲ့ တနင်္ဂနွေမှာ တောင်ဥက္ကလာက တစ်လမ်းချင်းစီကို ကားနဲ့ပတ်ပြီး မဲဆွယ်စည်းရုံးမှု လုပ်မယ်။ ပြုပြင်ပြောင်းလဲဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ပါ" ဟု ၎င်းက ဆိုသည်။
ဦးအောင်သိန်းလင်းက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး မဲဆွယ် စည်းရုံးရေးကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင် စတင် ပြုလုပ်မည်ဟု ပြောဆိုခြင်းလည်း ဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဦးအောင်သိန်းလင်း (ပြည်ခိုင်ဖြိုး) အပါအဝင် ဒေါက်တာစောနိုင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်ခင်အိအိစိန် (အမျိုးသား တိုးတက်ရေးပါတီ)၊ ဒေါက်တာ မင်းအောင်(အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ)၊ ဦးကျော်ဌေး (မြန်မာအမျိုးသား ကွန်ဂရက်ပါတီ) တို့က အသီးသီး ယှဉ်ပြိုင်ကြမည်။
ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်သူတစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုး တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်က ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ရာ၌  ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဆင့်မှ ဗဟိုကော်မတီဝင်အဆင့်သို့ ပြောင်းလဲ သတ်မှတ် ခံထားရသူလည်း ဖြစ်သည်။
၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သည့် အငြိမ်းစားဗိုလ်မှူးချုပ် တစ်ဦး လည်း ဖြစ်သည်။ ယင်းနောက်  ပြည်ခိုင်ဖြိုးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာမှ အမတ်နေရာ ၇၆ နေရာ အနိုင်ရရှိခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် အမတ်ဖြစ်လာသူလည်း ဖြစ်သည်။
http://mizzimaburmese.com/article/4626 မှ ကူးယူဖေါ်ပြသည်။
ပါတီရှိသူတွေကိုသာ မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ကယားပြည်နယ် ရှားတောမြို့က ကေ့ထျိုးဘိုးကွင်းပြင်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေကို မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကယားပြည်နယ် ရှားတောမြို့က ကေ့ထျိုးဘိုးကွင်းပြင်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဆိုတာ အစိုးရမဖွဲ့နိုင်ကြောင်းနဲ့ ပါတီတွေကသာ အစိုးရဖွဲ့နိုင်တဲ့အတွက် ပါတီတွေကိုသာ မဲပေးကြဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"တကယ်ဆိုလို့ရှိရင် ကျမမေးလိုက်မယ် ပရိသတ်ထဲမှာ ဗမာစကားတက်တဲ့သူကများလား၊ ဒီလိုဆိုလို့ရှိရင် ကျမ ဗမာလိုပဲပြောတာ နည်းနည်းအဆင်ပြေမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်နေလို့ရှိရင် အချိန် လည်းပိုယူမယ်၊ မဲထည့်တဲ့အခါကျရင် ကိုယ်စားလှယ်တစ်ယောက်ကို မဲထည့်တာထက် ပါတီတစ်ခုကိုမဲထည့် တာပဲ ဖြစ်ပါတယ်၊ အခုဆိုလို့ရှိရင် တချို့တွေက တသီးပုဂ္ဂလအနေနဲ့ ဝင်ရွေးကြပါတယ်၊ တသီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့မရပါဘူး၊ တသီးပုဂ္ဂလတွေဆိုတာဟာ အစိုးရဖွဲ့လို့မရတာကြောင့်မို့လို့ တသီးပုဂ္ဂလတွေအတွက် မဲပေးမယ့်အစား အစိုးရဖွဲ့မယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်၊ ဒါမှကိုယ့်ရဲ့မဲတွေဟာ တန်ဖိုးရှိမှာပါ"
လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ အမျိုးသားလွတ်တော်အတွက်  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရှားတောမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းဟာ ဘောလခဲမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရှားတောမြို့နယ် မဲဆန္ဒဟာ မဲပေးနိုင်တဲ့လူ ဦးရေ လေးထောင်နီးပါးသာ ရှိပါတယ်။ ကယားပြည်နယ်က မဲဆန္ဒနယ်မြေတွေဟာ လူဦးရေနည်းတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေ များနေတာ ဖြစ်ကြောင်းလည်း မနေ့က ဖါးဆောင်းမြို့က ဟောပြောပွဲမှာ ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ဘော်လခဲ မြို့နယ်မှာဆိုရင် ရပ်ကွက် ၂ ခု နဲ့ ကျေးရွာအုပ်စု ၅ ခု သာ ပါဝင်ပါတယ်။
ကယားပြည်နယ်မှာ မြို့နယ် ၇ ခုရှိပြီး လူဦးရေ ၂ သိန်း ၇ သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ ၁ သိန်းခွဲကျော် ရှိတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ခရီးစဉ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက် နေ့ထိ ၃ ရက်ကြာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ရှားတောမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့ကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/election-party-voter-dassk-speech-09122015053211.html  မှ ကူးယူဖေါ်ပြသည်။ 
ခ လေး တွေ ပြန် ခေါ် ပေး ပါ
မြန်မာပြည်မှာ ကလေးသူငယ်တွေ ခဏခဏပျောက်နေတဲ့ တရားခံကို ရှာတွေ့ပါပြီ
ကလေးငယ်တွေကိုခိုးကာ နိုင်ငံခြား ပို့ပြီး ရောင်းစားနေသော မွတ်စလင် ကုလားလင်မယားကို ဖမ်းထားပြီ
ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်ဥတ္တမလမ်းနေ ဦးဟိန်းကို (ခ) ယူနွတ်နှင့် 
ဒေါ်ဟာစီနာအား လူကုန်ကူးမူ တားဆီးကာကွယ်ရေး ပုဒ်မ ၂၄ဖြင့်  စက်တင်ဘာ ၇ရက်နေ့တွင် 
၎င်းတို့နေအိမ်တွင်  ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်
၎င်းတို့အိမ်မှာ တွေ့ရှိရသော ကလေးသူငယ်များမှာ ဒေါပုံ ဒလ သန်လျင်နှင့် တွံတေးမြို့နယ်တို့တွင်
နေထိုင်သော ၈နှစ်နှင့်၁၄နှစ်သား မိန်းကလေးအပါအဝင် စုစုပေါင်း၉ဦးဖြစ်ကြောင်း သိရှိရသည်
ဒီကလေးတွေကို ကော့သောင်းမှတဆင့်ထိုင်းနိုင်ငံရနောင်း ရနောင်းမှ တရားမဝင်လမ်းကြောင်းဖြင့် မလေးရှားသို့  ခိုးသွင်းမဲ့အကြောင်းသိရှိရသည်
အရင်မလေးရှားနိုင်ငံသို့ ပို့ထားပြီးသော  ကလေးတွေကို ပိုက်ဆံတောင်းဖို့  မလေးမှာရှိသောကုလားလူခံတွေက  မလေးရှားဘာသာစကားကို ကလေးတွေကိုသင်ပေးပြီး  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  လူစည်ကား  ရာလမ်းတွေ ကုန်တိုက်နားတွေနဲ့  KFC ဆိုင်ရှေ့တွေမှာ လိုက်လံတောင်းခိုင်းတယ်  လို့   ဆိုပါတယ်
တနေ့ကို မလေးရှားပိုက်ဆံ ရင်းဂစ်၁၅၀မအပ်နိုင်ရင်  ရိုက်နှက်ပြီး ထမင်းမကျွေးပဲထားလေ့ရှိပြီး
ခြေလက်တွေကိုဖြတ်ပစ်ပြီး တောင်းခိုင်းမယ်လို့  ခြိမ်းခြောက်ထားပြီး ထွက်ပြေးလို့မရအောင်
ဒီကလေးတွေကို စောင့်ကြည့်နေပါတယ်လို့
၃နှစ်ကျော် ဒီလို သူတောင်းစားဘဝကနေ  အတင်းအဓမ္မ စေခိုင်းခံရတဲ့ဘဝကနေ  လွတ်မြောက်လာတဲ့ သန်လျင်မြို့နယ်က  ၉နှစ်အရွယ်ကလေးတယောက်ရဲ့  ပြောဆိုချက်ကို Tho voice Daily
မှ ဖော်ပြထားတာကို မျှဝေလိုက်ပါတယ်
တောက် ငါတို့နိုင်ငံမှာလည်းနေသေးတယ်  ငါတို့မျိုးဆက်သစ်ကလေးတွေကို အယုံသွင်းပြီးကုလားတွေနိုင်ငံကို  ပို့ပြီး တောင်းစားခိုင်းတယ်ဆိုတော့  မင်းတို့တွေတော်တော် လွန်နေပြီကွာ
သထုံ နယ်စားလေး
Than Zaw ဖေ့ ဘုတ် မှ ကူးယူ ဖေါ်ပြသည်။
Saturday, September 12, 2015
ရန်ကုန်ရှိ မီးပွိုင့်များ အဆင့်မြှင့်ရေးတင်ဒါလျှောက်လွှာ နောက်ဆုံးနေ့ထုတ်ပြန်
Photo - The Global New Light of Myanmar
စက်တင်ဘာ ၁၁ ရက် ။          ။ ရန်ကုန်မြို့ရှိ ခေတ်မမီတော့သည့် မီးပွိုင့် ၁၅၄ ခုအား နိုင်ငံတကာ အဆင့်မီ အချက်ပြမီးပွိုင့်စနစ် များဖြင့် အစားထိုးနိုင်ရန် တင်ဒါလိုချင်သူများအနေဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးတင်သွင်းရမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဖြစ်ပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကို အစိုးရအရံငွေမှ ထုတ်ယူ သုံးစွဲသွားမည်ဟု ရန်ကုန်စည်ပင် အတွင်းရေးမှူး ဦးကျော်စိုးကပြောသည်။
လမ်းကြောများပိတ်ဆို့မှုအတွက်ဖြေရှင်းရန်ရည်ရွယ်သည့် ယင်းတင်ဒါခေါ်ခြင်းကို ဇူလိုင်လထဲက ထုတ်ပြန်ထားခဲ့သည်ဟု သိရသည်။
ကုမ္ပဏီအခု ၅၀ ကို တင်ဒါတင်သွင်းခွင့်ပြုထားသော်လည်း ကုမ္ပဏီပေါင်း ၂၈ ခု သာလျှောက်လွှာတင်ထားသေးကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် Global New Light of Myanmar ကဖော်ပြသည်။ တင်ဒါလျှောက်လွှာတစ်စောင်အား ကျပ် ၂ သိန်းခွဲဖြင့် ၀ယ်ယူကြရမည်ဖြစ်ပြီး ကြိုတင်ငွေအဖြစ် ကျပ် ၅ သိန်းတင်ရမည်ဖြစ်သည်။
တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ကနိုင်ငံတကာတင်ဒါစနစ်အတိုင်း ပွင့်လင်းမြင်သာစွာ စနစ်တကျ ရွေးချယ်မည်ဟု စက်တင်ဘာ ၂ ရက် နိုင်ငံပိုင်သင်းစာအရ သိရသည်။ ယာဉ်ကြောထိန်း မီးပွိုင့်များတွင် စီစီတီဗွီများပါ တပ်ဆင်မည်ဟုဆိုသည်။
ရန်ကုန်စည်ပင်နယ်မြေအတွင်း ယာဉ်ကြောထိန်းမီးပွိုင့် ၁၈၈ ခုရှိပြီး ၁၁ ခုကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် အဆင့်မြှင့်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
http://mizzimaburmese.com/article/4537 မှကူးယူဖေါ်ပြသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက်အမှတ် (၁၁)နှင့် (၁၂) ထုတ်ပြန်
ရန်ကုန် စက်တင်ဘာ ၁၁
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စက်တင်ဘာ (၁၁)ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် အမှတ် (၁၁)နှင့်(၁၂)တို့ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းထုတ်ပြန်ချက်အမှတ်(၁၁)တွင် မန္တလေးတိုင်းဒေသကြီး ရတနာပုံ တက္ကသိုလ်မှ ဖမ်းဆီး ထိန်းသိမ်း ခြင်းခံရသော ဆန္ဒပြကျောင်းသား (၄)ဦးက စာမေးပွဲဖြေဆိုရန် အတွက် အချုပ်လွတ်ထုချေခွင့် အာမခံလျှောက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားများ၏ ပညာသင်ကြားမှု အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ၎င်းတို့၏ လျှောက်ထားချက်ကို အလေးထား စဉ်းစားပေးသင့်ကြောင်း၊ အကြံပြုတိုက်တွန်းအပ်ပါသည် ဟူ၍လည်းကောင်း၊ သတင်းထုတ်ပြန်ချက်အမှတ်(၁၂)တွင် ၂၀၁၅ခုနှစ် မတ်(၁၀)ရက်က လက်ပံတန်းမြို့၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရေး အတွက် ဆန္ဒပြသော သပိတ် စစ်ကြောင်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့် ပတ်သက်၍ အဓိကရုဏ်း ဖြစ်ပွားသည့်နေ့တွင် နည်းလမ်းတစ်ကျ လိုက်နာဆောင်ရွက်ခြင်း မရှိသော ရဲတပ်ဖွဲ့ဝင် များအား ထိုက်သင့်သလို အရေးယူ သင့်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအား ရေသန့်ဗူးဖြင့် စတင်ပစ်ပေါက်ခဲ့သူများ၊ ရဲတပ်ဖွဲ့၏ ယာယီတဲများနှင့် အတား အဆီးများကို ဖျက်ဆီးခဲ့သူများ၊ တုတ်၊ ခဲများနှင့် ပစ်ပေါက်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူသင့်ကြောင်း၊ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားချိန်တွင် အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် အဆင့်အဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူများအား အရေးယူသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည် ဟူ၍ လည်းကောင်း ဖော်ပြပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အပြည့်အစုံအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်းသတင်းရရှိသည်။
https://www.facebook.com/MOIWebportalMyanmar မှ ကူးယူဖေါ်ပြသည်။
ဒဂုံမြို့သစ် မြောက်ပိုင်း အမှတ် (၄၁) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
12 September 2015
ဒဂုံမြို့သစ် မြောက်ပိုင်း အမှတ်(၄၁)ရပ်ကွက်တွင် ယနေ့ နံနက် ၇:၃၀ အချိန်က မီးစတင် လောင်ကျွမ်းခဲ့ရာ အဆိုပါမီးလောင်မှုတွင် လူနေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုမှာ အိမ်အမှတ် ၂၇၅ မှ စတင် လောင်ကျွမ်းခဲ့ပြီး နေအိမ်ငှားဖြစ်သူမှာ မီးလောင်စဉ် ထွက်ပြေးသွားပါသဖြင့် မီးစတင်လောင်ကျွမ်းမှုကို စုံစမ်းဆဲဖြစ်ကြောင်းနှင့် နံနက် ၇:၅၀ တွင် မီးညွန့်ကျိုး ၍ ၈း၀၀ နာရီတွင် ငြှိမ်းသတ်နိုင်ခဲ့ ပါကြောင်းသိရပါသည်။
ဒဂုံ မြောက်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
http://www.thithtoolwin.com/2015/09/blog-post_232.html  မှ ကူးယူဖေါ်ပြသည်။
မူဆယ်မြို့  နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွား
မူဆယ်၊ စက် (၁၂)
၂၀၁၅ စက်တင်ဘာ ၁၀၊ ၀၁း၄၅ အချိန်တွင် မူဆယ်မြို့ ၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ ကုန်စည်ဝင်းအတွင်းရှိ Fuxing Brothers ကုမ္ပဏီ ၏ အကွက်အမှတ် B-62 ရှိ လူဝင်၊လူထွက် သံတံခါးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
Fuxing Brothers ကုမ္ပဏီပိုင် (၃)ကွက်တွဲခြံဝင်းအတွင်းရှိ အကွက်အမှတ် B-62 မှ အကျယ် (၄) ပေခန့် ၊ အမြင့် (၆)ပေခန့် ရှိ လူဝင်၊လူထွက်သံတံခါးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယင်းသံတံခါး ပြုတ်ထွက်ခဲ့ပြီး တံခါးတပ်ဆင်ထားသည့် အုတ်တံတိုင်းတိုင် ၂ ခုမှာ အောက်ခြေ ၂ ပေခန့် စီ အနည်းငယ်ပျက်စီးခဲ့ကာ ခြံစည်းရိုးအုတ်တံတိုင်း သံဇကာလည်း ပြုတ်ထွက်ခဲ့ကြောင်း၊ လူ၊တိရိစ္ဆာန် တစ်စုံတစ်ရာ သေကြေဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ၄င်းက ဆက်လက်ပြောပြသည်။
၀၁း၄၅ အချိန်လောက်မှာ ပေါက်ကွဲသံတစ်ခု ကြားလို့  ကျွန်တော့် ခြံစောင့် နှစ်ယောက်က ထွက်ကြည့်ပါသေးတယ်။ ဘာမှထူးထူးခြားခြားမတွေ့ လို့  သူတို့ ပြန်အိပ်ကြတယ်လို့  ပြောပါတယ်။ ဒီနားမှာ ကုန်တင်ကားကြီးတွေ ဘီးပေါက်ရင်လည်း အဲဒီလိုအသံမျိုးထွက်လို့  ဘီးပေါက်တယ်လို့ ပဲ ထင်မိ တယ်။ မနက်ကျမှ ခြံတံခါး ပျက်စီးနေတာတွေ့ လို့  သက်ဆိုင်ရာကို သတင်းပို့ တာပါဟု ကုမ္ပဏီတာဝန်ခံ ဦးxxx က ပြောပြသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော သံတံခါးနေရာတွင် 923B စာတမ်းပါ ဆားကစ် ကော်ဗူး အမဲရောင်နှင့် အရှည် ၄ ပေခန့် ရှိ လိမ္မော်ရောင်နှစ်ပင်လိမ် ၀ါယာကြိုး ၁ ချောင်း၊ ၆ လက်မခန့် ရှိ အနက်ရောင် ၀ါယာကြိုး ၃ ပင်၊ AA အရွယ်အစား ပါဝါဓါတ်ခဲအသေး ၅ လုံး၊ ဘောစေ့အသေး ၁၅ လုံး တို့ အား တွေ့ ရှိ သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်၏နောက်ကွယ်မှ လက်သည်ကို ဖော်ထုတ် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာမှ ဆောင်ရွက်နေကြောင်း သိရသည်။
 မှန်ကောင်း(လားရှိုး)
Lashio News Diary
https://www.facebook.com/lashio.news.city
http://www.thithtoolwin.com/2015/09/blog-post_141.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29  မှ ကူးယူဖေါ်ပြသည်။