Popular Posts
Saturday, November 3, 2012
အ ဖေ မွေး တော် ကြ သူ များ
အဖေမွေးတော်လို့  သားကြီးတလှည့် သားငယ်တလှည့် ၀န်ကြီးဖြစ်
တပ်မတော် အစိုးရလက်ထက်တွင် ပီအေ၊ပီအက်စ်အို၊တပ်၇င်းမှ လိုက်ပါလာသူ ၊
စသည်ဖြင့် တပည့်မွေး၊ ဆ၇ာ မွေး ရှိသလို အရပ်ဘက် ၀န်ထမ်းများကလည်း
တပ်မတော်အစိုး၇လက်ထက်တွင် ရာထူးနေရာ ၇ရှိရေးအ တွက် အဖေမွေးခြင်း ကို
တပ်မတော်အစိုးရ ၀န်ကြီး ၊ ဒု ၀န် ကြီးများ နှင့် အပြိုင်
ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ပြင်ပ အရပ်သားများက အဖေမွေးဆ၇ာမွေးလုပ်ရာတွင် ဒီမိုကေ၇စီခေတ်အထိ
အောင်မြင်မှုရနေသော ဌာန မှာ သိပ္ပံ နှင့် နည်းပညာ ၀န် ကြီးဌာ န ဖြစ်သည်။
သိပ္ပံ နှင့် နည်းပညာ ၀န် ကြီးဌာ န ၏ သက်တော် ရှည် ၀န် ကြီး မှာ
ဦးသောင်းဖြစ်သည် ။ ဦးသောင်းကို အဖေအဖြစ် လည်းကောင်း
ဆ၇ာအဖြစ်လည်းကောင်းမွေးမြူ ခဲ့ကြသူများမှာ ဒေါက်တာချမ်းငြိမ်း နှင့်
ဒေါက်တာ ကိုကိုဦး တို့ ဖြစ်သည်။
ဒေါက်တာချမ်းငြိမ်း မှာ အဖားအလွန်တော် ပြီး နိုင်ငံတော်စားရိတ်ဖြင့်
ပြည်ပတွင်ဆေးကုသခွင့်၇ရှိခဲ့မှုအပေါ်
တပ်မတော်အကြီးအကဲများနှင့်အစည်းအဝေးတွင် သူ့ ကိုယ် သူ " သားသားလေးမှာ
ဖေဖေကြီးတို့ ပေးတဲ့ အ သက် ပဲ ရှိ ပါတယ် " ဟူ၍
ပြောဆိုချီးမြှောက်ခဲ့ကြောင်း ၊ ဒေါက်တာ ကိုကိုဦးမှာလည်း ဦးသောင်း၏
ချီးမြှင့် မြှောက်စားမှုဖြင့် လက်ထောက်ကထိက ဘ၀ မှ သည် ယနေ့ အခါ
ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်း ဆောင်ခွင့် ရရှိနေပြီဖြစ်သည်။
ဒေါက်တာ ကို ကို ဦး လက်ထောက်ကထိ က ဘ၀ တွင် ညွှန်ကြားရေးမှူးတာဝန်
ထမ်းဆောင်နေသည့် ဒေါက်တာ ကိုကိုဦး တို့ ဆ၇ာဖြစ်သူမှာလည်း ယနေ့ တိုင်
ညွန်ကြားရေးမှူးဘ၀ဖြင့် ပင် ၀န်ကြီး၇ုံး၌ တစ်ရုံးတည်း
အတူတာဝန်ထမ်းဆောင်နေ၇သည်။
ယင်းကဲ့သို့ ရာထူးအတက်မြန်ရခြင်း မှာ
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ယခင် RIT စက်မှုတက္က သိုလ် ၀င်းနှင့်
ယခင် အင်းစိန် GTI ကျောင်းဝင်းများကို စာသင်ကျောင်းအဖြစ်မှ
သုတ်သင်ဖယ်ရှားေ၇းအတွက် အကြံဥာဏ် ပေးခြင်း နှင့် အားတက်သေ၇ာ
ဆောင်ရွက်မှုများ ကို စဉ်တိုက်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း
သိရသည် ။
ယခင် သိပ္ပံ နှင့် နည်းပညာ ၀န် ကြီးဌာ န ၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင်
့ က RIT စက်မှုတက္ကသိုလ် ၀င်း ကို ပြန်လည် ရှင်သန်စေဖို့ ဆောင်ရွက်မည်ဟု
ထုတ်ဖေါ်ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ ခြင်း ခံခဲ့ရသည်။
ယခုတက်လာသော ဒေါက်တာ ကိုကိုဦးမှာ RIT ကျောင်းသားဟောင်း BE ( EP ) ဘွဲ
့ရ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် လောက် အရည်အချင်းပြည့်မီခြင်း
ယခင် တပ်မတော်အစိုး၇၏ သ ပ န ၀န်ကြီး ဦးသောင်း တို့ ကဲ့သို့  RIT ကျောင်းတော်ကြီး စည်ကားရှင်သန်မှာ
စိုးရိမ်သူများ သာ လက်ရှိအစိုးရအဖွဲ့  အတွင်းကြီးစိုးနေသေး ကြောင်းနှင့်
တပ်မတော်အစိုးရ၏ အ၇ိပ် မှ ကင်းလွတ်ခြင်းမရှိသေးကြောင်း သက်သေ
ပြလိုက်ခြင်းဖြစ် ကြောင်း၊ ယင်းအတွက် ပို သေချာ စေသည် က ယခင် ၀န်ကြီ
းဦးသောင်းကို အဖေအဖြစ် / ဆရာအဖြစ် မွေး မြူ ကြသူများထဲမှ
သားကြီး/တပည့်ကြီး ချမ်းငြိမ်း လည်း ၀န်ကြီးဖြစ်ခဲ့သလို ၊ သားငယ်
/တပည့်ငယ် ဒေါက်တာ ကိုကို ဦး သည် လည်း
ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့ကြောင်း၊ ဦးသောင်းအနေဖြင့်  သား ငယ် နှင့်
သားကြီး နှစ်ဦး စလုံး ကို သိပ္ပံ နှင့် နည်းပညာ ၀န် ကြီးဌာ န၏
ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိစေ သည့်
ဖခင်ကောင်းတစ်ဦးဖြစ်ကြောင်း BE ဘွဲ့ ရ ကျောင်းသား/ သူ များအတွင်း
ပြောဆိုလျက်ရှိသလို RIT ကျောင်းဝင်းကြိး နဂိုအတိုင်း ကျောင်းသား/သူ များ
နှင့် စည်ကားမည့်အဖြစ်မှ ကင်းဝေးစေခဲ့ပြီ ဖြစ်ကြောင်း၊ ဂျာနယ် စာစောင်
နှင့် သတင်းထောက်ဆိုသူများကလည်း တပ်မတော်အစိုး ရလက်ထက် က ပြန်ကြားရေးဝန်
ကြီး မရှိပြီးရော ဆိုသည့် ပညာမဲ့ အညှိုး များ နှင့် သာ လှုပ်ရှားခဲ့ပြီး  ယခု   ကဲ့ သို့ 
သမိုင်း ၀င် R I T ကျောင်း ၀င်းကြီး  ပြန်လည်ရှင်သန်မည့်အဖြစ် ကို သမိုင်း
မလတ်ဆတ်တော့သည့် ရန်ကုန်တက္ကသို လ် ၀င်းအတွင်းရှိ တ.က.သ    အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေးလုပ်ငန်းနှင့်
ဖုံးကွယ်ထားမှုကို မသိဟန်ဆောင် ရေငုံနှုတ် ပိတ်နေကြသည် ဟူ ၍ R I T
ကျောင်းသားဟောင်း BE ဘွဲ့ ရ အင်ဂျီနီယာများက ရန်ကုန်ကြေးမုံ သို့ 
ပြောကြားသည် ။
                                                                                 ရန်ကုန်ကြေးမုံ
No comments:
Post a Comment