Popular Posts

Wednesday, October 24, 2018

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး ကွင်းဆင်းကြည့်ရှု



၂၀၁၈ အောက်တိုဘာ ၂၁ ရက် မှ ၂၅ ရက်နေ့ အထိ (၅) ရက် (၅) ည တိုင်တိုင် ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့  နယ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်သို့  ရန်ကုန် တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ဝင် ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးနှင့် ရန်ကုန် မြို့ တော် စည်ပင်သာ ယာရေး ကော်မတီ ၀င်များ လိုက်ပါလျှက် လာရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း၊ ဈေးရောင်း ဈေးသည်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ရောင်းချရေး ပြောကြားခဲ့ကြောင်း ရေကျော် သတင်း ထောက် မောင်ညီဦး မှ သတင်းပေးပို့ သည်။


ရေကျော်သီတင်းကျွတ် ပွဲတော်သို့  ရန်ကုန်မြို့ တော်ဝန်အဆင့် ကွင်းဆင်းရောက်ရှိခြင်း မှာ တပ်မတော် အစိုးရလက်ထက်အစဉ် အဆက် မရှိခဲ့ပဲ NLD အစိုးရလက်ထက်တွင်မှ ပထမဆုံး ရောက် ရှိလာသည့် ထူးခြားသော အတွေ့ အကြုံဖြစ်ကြောင်း ရေကျော် ဘိန်းမုန့် အရောင်း ဆိုင်မှ ပြောကြားသည်။

Monday, October 22, 2018

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပေါ် စွပ်စွဲချက်များကို န၀တ လက်ထက်ဝန်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ဟု ကြံ့ခိုင်ရေးမှ ချေပ

မြန်မာ့ မီးရထား တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းဌေးအား လူမှုကွန်ရက် စာမျက် နှာများတွင် မီးရထားလမ်းများ ခရီးစဉ်မရှိပဲ မီးရထားလမ်းဖေါက်ခြင်းနှင့် ဘူတာရုံ တည်ဆောက်ခဲ့ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ အွန်လိုင်းမီဒီယာ လူမှုကွန်ရက်အဖွဲ့ သားများက ယင်း မီးရထားခရီးစဉ် ပြေးဆွဲခြင်းမရှိသည့် မီးရထားသံလမ်းများနှင့်ဘူတာရုံများမှာ ဦးသန်းဌေး ဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်းနှင့်ယင်းလုပ်ငန်းများမှာ တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း လုပ်ဆောင်ခဲ့ သည့်လုပ်ငန်းများဖြစ်သည်ဟု တုန့် ပြန် ချေပ ပြောဆိုခဲ့မှုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်မင်း ၏ သြဇာ အာဏာကျဆင်းလာမှုဖြစ်ကြောင်း ကြံ့ခိုင်ရေး အသင်းဝင်ဟောင်းများက ပြောကြားသည်။
တပ်မတော်အစိုးရဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ချောမွေ့ စွာလုပ် ကိုင် ဆောင်ရွက်နိုင်ရေးအတွက် မီးရထား ၀န်ကြီး ဦးဆောင်သည့် အဖွဲ့ သည့် ပြည်သူ့ ဆက်ဆံရေးသင်တန်း၊ သတင်းစာပညာသင်တန်း ဟူသော သင်တန်းများကို နိုင်ငံတော် စရိတ်ဖြင့် အကုန်အကျခံကာ မြန်မာနိုင်ငံ အနှ့ံမှ ကြံ့ခိုင်ရေး ကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခြင်း၊ သင်တန်းကာလနှင့် ကိုယ်ရေးနောက်ကြောင်း လေ့လာချက်များကို အခြေခံကာ ရွေးချယ်တာဝန်ပေးခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ယနေ့  ပါတီ ကို  ပြန်လည် ဖွဲ့ စည်းပြီးချိန်တွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးသန်းဌေး နှင့် အခြား ပါတီ ဗဟိုအလုပ်အမှုဆောင် များ တာဝန် ယူပြီးချိန်တွင်  ဦးအောင်မင်းလက်ထက်လေ့ကျင့် တာဝန်ပေးထားသည့် ပြည်သူ့ ဆက်ဆံ ရေး သင်တန်းဆင်းများကို သစ္စာဖေါက်များ ဟု သတ်မှတ် ပြဌာန်းလိုက်ကြောင်း မကွေးတိုင်း ဒေသကြီး ကြံ့ခိုင်ရေး တာဝန်ရှိသူများ အသိုင်းအ၀န်းက ပြောကြားသည်။