Popular Posts

Friday, November 23, 2012

မြန် မာ နိုင် ငံ ဒီ မို က ရေ စီ ပေါ် ထွန်း ရေး အ တွက် အ မေ ရိ ကန် အ စိုး ရ ကတ် ဘိ နက် အ တွင်း Lobby လုပ် ပေး ခဲ့ သည့် ဆူ ဆန် ရိုက်စ်


မြန်မာနိုင်ငံအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေမည့်
ကုလသမဂ္ဂ ဆိုင်ရာ
အမေရိ ကန် သံအမတ် ဆူဆန်ရိုက်စ်


မြန်မာနိုင်ငံအား အင်အားကြီး ဆူပါ ပါဝါ တရုတ်နိုင်ငံ၏ ဒြပ်မဲ့ ကျွန်ပြု ထားမှု ကို တွန်းလှန်ဖယ် ရှား နိုင် ရေးအတွက် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာ နိုင်ငံသားများ အရေးတကြီးတောင်းဆိုခဲ့သည့် မြစ် ဆုံ ရေ ကာတာစီမံချက် ဖျက်သိမ်းပေးရေး လုပ်ငန်းတွင် အညတြ မြန်မာနိုင်ငံသားများ၏ အွန်လိုင်းမှ ပေးစာများ နှင့် တင်ပြရေးသားချက်များကို အဓိကအလေးအနက်ထား အကောင်အထည်ဖေါ်ဆောင်ပေးခဲ့သော ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ဆူဆန်ရိုက်စ် ကို ဟီလာရီ ကလင်တန်၏ နေရာတွင် အစားထိုးမည်ဆိုပါက ရန်ကုန်ကြေးမုံ  ၀ိုင်းတော်သားများ အားလုံး က နှစ်ထောင်းအားရ ထောက်ခံအဆိုပြုပါကြောင်းနှင့် ဆူဆန်ရိုက်စ် ကို ဟီလာရီ ကလင်တန်   နေရာတွင် အစားထိုးပေးရန် ရန်ကုန်ကြေးမုံ မှလည်း ထောက်ခံတောင်း ဆို လိုက် သည် ။

ဆူဆန်ရိုက်စ်အနေဖြင့် မြန်မာနိုင်ငံအား အိမ်နီးချင်း အင်အားကြီး Super power တရုတ်နိုင်ငံ၏ ဒြပ်မဲ့ ကျွန်ပြုမှု ကို တွန်းလှန်ဖယ်ရှားနိုင်ရေးအတွက် မြန်မာနိုင်ငံအား ရုတ်ခြည်း စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု များ တစ်ဟုန်ထိုး တိုးတက်ဖြစ်ပေါ်အောင် Lobby လုပ်ပေးခဲ့သည့် အမေရိကန်သမ္မတရုံး ကတ်ဘိနက် အဖွဲ့ ဝင် တစ်ဦးဖြစ်ကြောင်း သိရသည် ။
ရန်ကုန် ကြေး မုံ


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်များသည် မြန်မာနိုင်ငံအရေးတွင် ကူညီဆောင်ရွက်လေ့ရှိ ခဲ့ပြီး ၁၉၉၅ ခုနှစ် ကလည်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံတမန် မက်ဒလင်း အောလ်ဘရိုက် သည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံလာရောက်တွေ့ ဆုံခဲ့သည် ။



ဝါရှင်တန်  နိုဝင်ဘာ  ၁၇
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ နေရာတွင် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမေရိ ကန် သံအမတ် ဆူဆန်ရိုက်စ် ကို ရွေးချယ် ခန့်ထားရန် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက အဆိုပြု ဖွယ်ရှိကြောင်းအင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ဆူဆန်ရိုက်စ်အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ်ခန့်ထားရန် အဆိုကို ထောက်ခံ ရန် ရီပတ်ဘလီ ကန်အမတ် များအား အခိုင်အမာ ပြောကြား ခဲ့သော်လည်းအခြား အမတ်များကအိုဘားမား၏ ရွေးချယ်မှုကို ဆန့်ကျင် သည့် အနေဖြင့် သဘော တူညီပုံ မရကြောင်းဒီမို ကရက်တစ် ပါတီဝင် များ၏ထုတ်ဖော် ပြောကြားချက် အရသိရသည်။
သို့ရာတွင် ရိုက်စ်အား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ရွေးချယ်ခန့် ထားမှုနှင့် ပတ်သက်၍နောက်ဆုံး အဆိုပြုချက်ကိုအိုဘားမားက ယခုထိ ချမှတ် ခဲ့ခြင်း မရှိသေးကြောင်း ဒီမို ကရက်တစ် ပါတီဝင် များကပြောကြား ခဲ့သည်။

2 comments:

  1. အမေရိကန် အစိုးရရဲ့  ကတ်ဘိနက် ထဲမှာ မြန်မာအရေးဆောင်ရွက်ဖို့ 
    Lobby လုပ်ခဲ့တယ်ဆိုတာ လူသိရှင်ကြားဖေါ်ပြနိုင်ရန် ထပ်မံ ဖေါ်ပြပေး
    စေလို ပါတယ်

    ReplyDelete
  2. ကိုး ကား ချက်ကို ဖေါ်ပြ နိုင် ရင် ဖေါ်ပြ ပေးပါ

    ReplyDelete