Popular Posts

Wednesday, November 14, 2012

ဂျာနယ် သတင်းများထံမှ ကောက်နုတ်တင်ပြချက်


တောင်တရုတ် ပင်လယ်ရှိ မုန်တိုင်းကြောင့် တနင်္သာရီ ကမ်းခြေတွင် မိုးသက်လေပြင်း ကျနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ဗီယက်နမ် ကမ်းခြေမှ တစ်ဆင့် တနင်္သာရီ ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းများ ကျရောက် နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂလား ပင်လယ်အော် အတွင်း မုန်တိုင်းဖြစ်စေနိုင်သည့် တိမ်မျိုး မတွေ့ရှိရပဲ နောက် သုံးရက်အတွင်း ဖြစ်ပေါ်လာနိုင်သဖြင့် ဌာနမှ စောင့်ကြည့်လျက် ရှိကြောင်း ၄င်းက ပြောကြားသည်။

The Voice Weekly


ဒီချုပ်က လူငယ်ညီလာခံ ကြိုတင်ပြင်ဆင်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်၊ နိုဝင်ဘာ - ၁၄


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံ ကြိုတင်ပြင်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ - ၁၄ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

လူငယ်ညီလာခံစီမံချက်ရေးဆွဲရေးလုပ်ငန်းများ၊ အဖွဲ့ငယ်စုဆောင်းရေးနှင့်စည်းရုံးရေးလုပ်ငန်းများကို အဖွဲ့ဝင် ၁၁ ဦးပါဝင်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ
ဖွဲ့က အတည်ပြုခဲ့သည်။

ထို့အပြင် လူငယ်ညီလာခံကျင်းပနိုင်ရန် အခြားလုပ်ငန်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးတွင် ဦးမျိုးညွန့်၊ ဒေါက်တာကျော်စွာဦး၊ လုံခြုံရေး စည်းကမ်း ထိန်းသိမ်းရေးတွင် ဦးမြင့်ဋ္ဌေး၊ ဦးမောင်မောင်ဦး၊ အုပ်ချုပ်ရေးတွင် ဦးအေးထွန်း၊ ဦးသင်းဇော်၊ ဘဏ္ဍာငွေရှာဖွေရေးတွင် ဦးလှဦး၊ ဦးဋ္ဌေးငွေ၊ သတင်းနှင့်ပြန်ကြားရေးတွင် ဦးကျော်ဝင်း၊ ဦးခင်ဇော်လင်းတို့အား အသီးသီးတာဝန်ပေးအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။



သမိုင်းဝင်မိန့် ခွန်း ပြောမည့် အမေရိကန်သမ္မတ 

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့်နေရာကို အမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။



ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ရက်ရွှေ့ဆိုင်း

ရန်ကုန်၊နိုဝင်ဘာ-၁၂

ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဘွဲ့နှင်းသဘင်ကျင်းပမည့်ခန်းမ မအားလပ်ပါသဖြင့် မူလကျင်းပမည့်ရက်အစား နှစ်ပတ်ခန့်နောက်ကျ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

(၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်တက္ကသိုလ်သည် ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း မရှိသော်လည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များမှ ဘွဲ့ကြိုကျောင်းသားများအတွက် ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့အပ်နှင်းနေခြင်းဖြစ်သည်။



No comments:

Post a Comment