Popular Posts

Tuesday, November 20, 2012

သ မ္မ တ အို ဘား မား မိန့်  ခွန်း အ ပေါ် ပဲ့ တင် သံ များ


အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကိုတပ်ဆင်ပေးထားကြောင်းတွေ့ရသည်။

ယင်း Teleprompter ကိရိယာ၏ ရုပ်မြင်မှန်ပြားဝယ် မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာကို အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းက အသုံးပြုခဲ့ကြောင်းသိရသည်။

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


Photo From :Popular Myanmar News Journal


သမ္မတအိုဘာမားခရီးနဲ့မိန့်ခွန်းကို ဒီလိုမြင်တယ်။


၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ ဗမာ၊ သမ္မတသိန်းစိန်နဲ့တွေ့တော့ မြန်မာခေါ်ရတယ်။ မြန်မာလား၊ ဗမာလားဆိုတာ အရေးမကြီးဘူး။ သံတမန်ရေးက ပိုအရေးကြီးတယ်လို့ ခံယူပုံရတယ်။

၂။ ရခိုင်ကို ရခိုင်တိုင်းရင်းသားများလို့ ဖော်ပြပြီး ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာများလို့ ခေါ်တယ်။ ဒါဟာ ရိုဟင်ဂျာကို လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုတာ ဖြစ်ပြီး တိုင်းရင်းသားဟုတ်မဟုတ် မပြောခဲ့ပါ။ တိုင်းရင်းသားရေးရာမှာ အပစ်ရပ်ရေးကို ပြောတယ်။

၃။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှု၊ မြန်မာနိုင်ငံနဲ့ ရန်ကုန်တက္ကသိုလ်သမိုင်းကြောင်းများကို ပြောပြီး အမေရိကန်ဒီမိုကရေစီနဲ့ မိတ်ဆက်ပေးတယ်။

၎။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် (၃)မျိုးကို အကျယ်တဝင့် ပြောတယ်။

အနှစ်ချုပ်ကို ဒီလိုပဲ မြင်ပါတယ်။ ကျန်တဲ့စကားလုံးအလှအပများကတော့ မိန့်ခွန်းကို တန်ဆာဆင်ပေးရုံမျှပဲဖြစ်တယ်။



No comments:

Post a Comment