Popular Posts

Sunday, October 30, 2016

ဒေါ်အောင်ဆန်းစုကြည် ကို အာဏာ အပ်ရန် တပ်မတော်က အစစ အရာရာ ကြိုတင်ပြင်ဆင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုး အမာခံများ ပြောဆို

သာသနာရေးဆိုင်ရာ ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို တပ်မတော်အစိုးရ လက်ထက် ဒီပဲယင်း အရေး အခင်းကြီး ဖြစ်စဉ် ကို ဖွင့်ဟ ပြောဆို ပြီးနောက် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာ လွှဲပြောင်း အပ်နှင်း ရန် စနစ် တကျ ပြင်ဆင်ခဲ့သည် ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး အသင်း အမာခံများ က ဖွင့်ဟ ပြောဆိုလိုက်သည်။
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များသည် အောင်မြင်သော ခွာ စစ် ကို ပြင်ဆင်ရေး နှင့်  ဒေါ်အောင်ဆန်း စုကြည်ကို အာဏာအပ်နှင်း နိုင်ရေးအတွက် ပြည်သူလူထု နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း တွင် ဘ၀ ပေး မြှုပ်နှံ ထားသည့် အမာခံ များ မသိလိုက်စေပဲ စနစ်တကျ ဆောင်ရွက်ခဲ့သည်မှာ မှတ်တမ်း ဓါတ်ပုံများ က အခိုင်အမာ သက်သေ အဖြစ် ကျန်ရှိ နေပြီ ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာအပ်နှံ ရန် အတွက် တပ်မတော်အနေဖြင့် အမျိုး သမီး အရာရှိ ဗိုလ်လောင်း စစ်သမီးများ ခေါ် ဆို မှု ကို စတင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အာဏာရသည့်အခါ အရာရှိ စစ်သမီးများ နှင့် အတူ ပူးတွဲ ကာ တိုင်း ပြည် တာဝန် ထမ်းဆောင် နိုင်ရန် ဖြစ်ကြောင်း စောင့်ကြည့် နိုင်ငံရေးသမားများက စွပ် စွဲ  ပြောဆိုလိုက်သည် ။
သူရ ဦးအောင်ကို သည် ဒီပဲယင်း ဖြစ်စဉ်ကာလ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း အလုပ် အမှု ဆောင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း၊ ဒီပဲယင်းဖြစ်စဉ် နှင့် အခြား သော နိုင်ငံရေး နှင့် သက်ဆိုင်သည့် အရေးအခင်း ကြီးများ ကို ဖန်တီးသူမှာ ဦးသန်းရွှေ ၊ ဦး မောင် အေး နှင့် ဦးခင်ညွန့် တို့  သုံးဦး တိုင်ပင် ဆောင်ရွက် ခြဲ့ခင်း ဖြစ်သည် ဟု ဦးခင်ညွန့် က ကျောက် တန်း နာရေးတစ်ခု တွင် လက်ရှိ ခရိုနီ နာမည်ကြီးများထံ သို့ တရားဝင် ပြောဆို ဖူး သည် ။

No comments:

Post a Comment