Popular Posts

Wednesday, October 26, 2016

မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများ အရေး ၀ိုင်းဝန်းဖြည့်ဆည်းပေးကြပါစို့ 

၂၀၁၆ခုနှစ် အောက်တိုဘာလ ၂၆ ရက်
• နိုင်ငံတကာတွင်၊သွားရောက်လုပ်ကိုင်စားသောက်နေကြသည့်၊မြန်မာရွေ့ပြောင်းအလုပ်သမားများအား၊ မြန်မာနိုင်ငံတော်အစိုးရအနေနှင့်၊ စနစ်ကျပြီး ထိထိရောက်ရောက်ကူညီဆောင်ရွက်၊ ပေးနိုင်ရန်၊ အတွက်၊နိုင်ငံတော်အစိုးရအနေနှင့် မူဝါဒများချမှတ်လုပ်ဆောင်သင့်ပါသည်၊ အစိုးရ၊အနေနှင့်မူဝါဒရေးဆွဲပါက၊ ပါဝင်သင့်သည့် အချက်များကို မိမိတို့ အနေနှင့်အကြံပြုတင်ပြထားပါသည်။
• မြန်မာနိုင်ငံ၊ ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့်၊ မူဝါဒရေးရာအကြံပြူစာတမ်း၊ဖြစ်မြောက်၊ အောင်၊ ပညာရှင်ရှု့ဒေါင့်မှ၊ ရေးသားကူညီ၊ တည်းဖြတ်ပေးခဲ့သည့် ဦးအောင်သူငြိမ်း Aung Thu Nyeen အား အထူးကျေူးဇူးတင်ရှိပါသည်။၊ သို့အပြင်၊ အချက်အလက်များပေးပို့ခဲ့ သည့်၊ ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားများနှင့်။ ရွေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်ပေးနေသည့်၊ အစည်းအစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်းလွန်စွာကျေးဇုးတင်ပါသည်။

• အဆိုပါအကြံပြုစာတမ်းကို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသား၊လူ့အခွင့်အရေးကော်မရှင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတာဝန်ရှိသူများ၊ SNLD ( ရှမ်း၊တိုင်းရင်သားများဒီမိုကရေးစီအဖွဲ့ချုပ်) တို့ ပေးပို့ထားပြီးဖြစ်ပါသည်။
. အောက်တိုဘာလ (၂၀) ရက်နေ့၊ နေပြည်တော်၊ Hilton Hotel တွင်ပြုလုပ်ခဲ့သည့်၊(၉ ) ကြိမ်မြောက်၊ အရှေ့တောင်အာရှ၊ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး ကြိုတင်ညှိနိုင်းပွဲသို့တက်ရောက်လာသည့်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကိုလဲ ဝေငှပြီးဖြစ်ပါသည်။
• မိမိတို့အနေနှင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့်၊ ရွေ့ပြောင်းအလုပ်သားအရေးဆောင်ရွက်နေသည့်၊ အဖွဲ့အစည်းများသို့ လဲ ပေးပို့ သွားမည်ဖြစ်ပါသည်။ အဆိုပါ၊ ရွေ့ေုပြာင်းအလုပ်သမား၊ များနှင့် ပတ်သက်သည့် မူဝါဒရေးရာအကြံပြုစာတမ်းအား၊ ရယူလို့ပါက မိမိတို့ FED ရန်ကုန်ရုံးနှင့် ဆက်သွယ်၊ ရယူနိုင်ပါသည်၊ ( အင်္ဂလိပ်၊မြန်မာ၊ နှစ်ဘာသာဖြင့် ပုံနှိမ့်ထားပါသည်)
၁။ ဒေါ်သဇင်လှိုင် ( ၀၉ ၉ ၇၂၀၅၆၂၈၀)
၂။ ကိုထက်အောင် ( ၀၉ ၄၂၀၁၆၅၆၇၁)
၃။ ကိုမျိုးးသန့်ကျော်( ၀၉ ၇၉ ၂၅၂၉ ၂၇၈)
(ထူးချစ်)

No comments:

Post a Comment