Popular Posts

Friday, October 28, 2016

ဒေါက်တာရန်မျိုးသိမ်းက ဦးဝင်းထိန်အကြောင်း ထုတ်ဖေါ်ပြောဆို

 ဗိုလ်ကြီးဟောင်းဝင်းထိန်ကိုစိန်ခေါ်ပါတယ် ခေါင်းစဉ်ဖြင့် အစိုးရသက်သေမလုပ်ဖူးဘူး ဟု ထောက်ပြ

(မရေးမဖြစ်လို့၊ မရေးချင်ပေမယ့်၊ ရေးဖြစ်တာပါ။ ကျနော့်ရဲဘော်၊ မိတ်ဆွေ၊သူငယ်ချင်းတွေ ကတော့ အရေးလုပ်တုန့်ပြန်တာကို အပြစ်မြင်ကောင်းမြင်ပါလိမ့်မယ်။ ကျနော် ကတော့ နည်းနည်း လဲ စိန်ခေါ်ချင် တာကြောင့်ရေးရ တာပါ။)
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ထုတ်တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်မှာ အာဏာ ရှင် ဦးဝင်း ထိန်နှင့်အထူးတွေ့ဆုံခြင်းဆိုတာကို ဖော်ပြခဲ့ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်း ခန်း မှာ ဦးဝင်းထိန်က ကျနော် နဲ့ပတ်သက်တဲ့အကြောင်းကို ထည့်ပြောသွား တာတွေ့ရ ပါတယ်။ အဲဒီပြောကြားချက်တွေနဲ့ပတ်သက် လို့ ကျနော်ကလည်း နည်းနည်းပြန်ပြော ဖို့လိုလာပါတယ်။အဲဒါကြောင့် မရေးမဖြစ်ရေး လိုက်ရတဲ့စာ လို့ပဲပြောချင်ပါတယ်။
၁၉၉၂ ခုနှစ်တုန်းက ထောင်ထဲမှာ ကိုယ်ရယ်၊ ရန်မျိုးသိမ်းရယ်ရှိ တယ်ဆိုတာ မှန်ပါတယ်။ တိတိ ကျကျပြော ရရင် အင်းစိန်ဗဟို အကျဉ်းထောင်မှာပါ။ဒါပေမယ့် ကျနော်နဲ့ဗိုလ်ကြီးဟောင်း ၀င်းထိန်(ဦးဝင်းထိန်)နဲ့က မရင်းနှီးပါဘူး။ သူက အထူး တိုက် မှာပါ။ ကျနော်က အင်းစိန်ထောင်(၁)တိုက်မှာပါ။
ပုဒ်မကတော့ နှစ်ယောက်စလုံး ၁၀(က)ပါ။ အင်းစိန်ထောင်ထဲမှာ ကျနော်နဲ့ ဗိုလ်ကြီးဟောင်း ၀င်းထိန် (ဦးဝင်းထိန်)တို့ တစ်ကြိမ်တော့ဆုံဖြစ်ခဲ့ပါတယ်။အဲဒါက ဗမာပြည် ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရို အစည်းအဝေး မှတ်တမ်းဗီဒီယိုအခွေကို အင်းစိန်ထောင်၊ အထူးတိုက်မှာ နိုင်ငံရေးအကျဉ်းသားတွေ
ကို သီးသန့်ထုတ်ပြီး၊ ပြတုန်းကပါ။ စကားပြောလို့မရပါဘူး။ လူချင်းမြင်ရုံတွေ့ရုံပါ။  အဲဒီနောက် ၁၉၉၁ ခုနှစ်မှာ ကျနော်ကို ပုဒ်မ ၅(ည)နဲ့ တရားစွဲပြီး၊ နေ့ချင်း (၄)နှစ် ထောင်ချခဲ့ပါတယ်။ အဲဒီလို ထောင်မချခင်
ကျနော်တို့ အင်းစိန်ထောင်(၁)တိုက်မှာရှိတဲ့အချိန် ကျနော်တို့ကို တပ်မတော်ထောက် လှမ်းရေး က စစ်ကြောရေးပြန်လုပ်ပါတယ်။ ကျနော်တို့ရဲ့သဘောထားကို မေးမြန်းပါတယ်။ ပုဒ်မ ၁၀(က)နဲ့ ထိန်းသိမ်း ခံထားရတဲ့သူတွေအားလုံးနီးပါးကို စစ်ကြောရေးပြန်လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဗိုလ်ကြီးဟောင်း ၀င်းထိန် (ဦးဝင်းထိန်) က အထူးတိုက်မှာဖြစ်ပါလိမ့်မယ်။ ကျနော်က (၁)တိုက်မှာပါ။ အဲဒီ စစ်ကြောရေးလုပ်ပြီးမှ အနည်းငယ်ကိုပြန်လွတ်ပေးခဲ့ပါတယ်။ အများစုကိုတော့ ထောင်ချခဲ့ပါတယ်။နောက် ထောင်ချပြီးတဲ့နောက် ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အဲဒီတုန်းက ဒီချုပ်ဗဟိုအလုပ် အမှုဆောင်တွေ၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေ၊ ဒီချုပ်ရဲ့
၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းကျသူ အတော်များများ ကို မေးခွန်းတွေ ထပ်ဖြေခိုင်းခဲ့ပါတယ်။
အဲဒီတုန်းက ဗိုလ်ကြီးဟောင်း ၀င်းထိန် (ဦးဝင်းထိန်) အနေနဲ့ ကိုယ်ဘယ်လိုဖြေခဲ့တယ်ဆိုတာ ကိုယ်ကိုယ် တိုင် အသိဆုံးဖြစ်မှာပါ။ ကျနော်ကတော့ ကိုယ်ဘယ်လိုဖြေခဲ့တယ် ဆိုတာ အမြဲတမ်းအမှတ်ရနေပါ တယ်။ အဲဒီနောက် ၁၉၉၂ ခုနှစ် မေလ ဆန်းမှာ ကျနော့်ကို ပြန်လွှတ်ပေးခဲ့ ပါတယ်။ အဲဒီတုန်းက ဆရာမင်းသိင်္ခ၊ ၉၀ အမတ် ဦးဘပွား၊ ဒေါ်ခင်စန်းလှိုင်အ ပါအ၀င် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ဆယ်ယောက် လောက် ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကကျနော်တို့ကို လာလွှတ်ပေးတဲ့တာဝန်ခံက တပ်မတော်ထောက်လှမ်းရေးက ဒုတိယဗိုလ်မှူးကြီး ထွန်းချွန်ပါ။ သူက ကျွန်တော့်ကိုစကား လာပြောတဲ့ အခါ၊ ကျနော်က ဆေးတက္ကသိုလ်ပြန်တက်ခွင့်ရနိုင်မလားလို့မေးခဲ့ပါတယ်။ သူက ပြန်တက်ခွင့်ရ ပါလိမ့်မယ်လို့ပြန်ဖြေခဲ့တာပါ။ အဲဒါကြောင့် ကျနော်ပြန်လွတ်ပြီးနောက်ပိုင်း ကျနော်ဟာ တစ်ပိုင်းတစ်စ ပညာရေးကို ပြန်ဆက်ဖို့ ကြိုးစားခဲ့ရပါတယ်။ အခြားကျောင်းက အခြားသူတွေ တက်ခွင့်မရတာဘာ
ကြောင့်ဆိုတာ မသိနိုင်ပါ။ ကျနော်တို့ တက္ကသိုလ်မှာတော့ တက်ခွင့်ရခဲ့ပါတယ်။ ကျနော်တစ်ယောက် တည်းမဟုတ်ပါ။ နောက်စက်မှုတက္ကသိုလ်မှာလည်း ထောင်ကလွတ်လာပြီးတဲ့နောက်အားလုံး ပြန်တက် ခွင့်ရခဲ့ကြပါတယ်။
နောက် ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)ပြောတဲ့ သူကဒေါ်စုဆီစာရေးတယ်။ ကျွန်တော့်ပညာရေး အတွက် နောက်မိဘကိုကျေးဇူးဆပ်ချင်လို့ ဆေးတက္ကသိုလ်တက်ချင်လို့ သက်ဆိုင်ရာနဲ့နားလည်မှု ယူလိုက်ရ တာပါပေါ့။ သူ့ကို အထင်မမှားပါနဲ့။ ဘာညာဘာညာပေါ့။ အဲဒီစာ ကိုယ့်ကိုပေးတော့၊ ကိုယ်
ကတစ်ဆင့် ဒေါ်စုကိုပေးတာ။ အဲဒီစာ ကိုယ်ရယ်၊ ဒေါ်စုရယ်နှစ်ယောက်ပဲ ဖတ်ရ တယ်။ ပြီးတော့ မီးရှို့ပစ်လိုက်တယ်။ အဲဒီလိုကောင်။ လို့ပြောပါတယ်။
နည်းနည်းလေးတော့ ပြန်ရှင်းရင်း ပြောပြချင်မိပါတယ်။ အဲဒါ က ကိုယ်ဖြတ်သန်း ခဲ့တဲ့အကြောင်း နဲ့လည်းဆက်စပ်နေလို့ပါ။ကျနော်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နောက်ဆုံးတွေ့ဆုံဆွေးနွေးငြင်းခုန် စ ကားပြောဖြစ်ခဲ့တာ ၁၉၈၉ ခုနှစ် ဇွန်လပါ။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် နဲ့ ဒီချုပ်ဗဟိုလူငယ် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းထဲကပြန်ကြားရေးတဲမှာ လုပ်ခဲ့တာပါ။ အဲဒီတုန်းက ကျနော်ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)နဲ့လည်း မသိပါ။စကားလည်းမပြောဖူး ပါ။  ဒေါ်စုနဲ့ကျနော်တို့ဆွေးနွေးတဲ့အခါမှာလည်း ဘယ်တုန်းကမှ မပါခဲ့ဘူးပါ။ အဲဒီနောက်ပိုင်း ကျနော်ဒေါ်အောင်ဆန်းစုကြည်နဲ့သီးသန့်မတွေ့ဖြစ်တာ ဒီနေ့အထိပါ။ ၁၉၈၉ ခုနှစ်တုန်းက ကျနော့်ပုံစံက ပိန်ပိန်ပါးပါး ပါ။
၁၉၉၅ ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကနေ လွတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာကျနော်က တတိယနှစ်ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် စက်မှုတက္က သိုလ်က ကျောင်းသားတွေလည်း ကျောင်းပြန်တက်နေကြပါပြီ။ အဲဒီကာလနောက်ပိုင်းမှာ ကျနော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဆက်အသွယ်တွေလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာဟာ သခင်
အုန်းမြင့်(အဘဦးအုန်းမြင့်)(ကွယ်လွန်)ကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကို သတင်းတွေ၊ အချက်အလက်တွေစတာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ သခင်အုန်းမြင့်ကအကူအညီတောင်း တဲ့အကြောင်း အရာတွေကိုလည်း ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကာလတုန်း က ဒေါ်အောင်ဆန်းစုကြည်ဆီကိုကျနော့်ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့စာတစ်စောင်မှ မရေးခဲ့ဘူးပါ။ ဒီမိုကရေ စီရေး နဲ့ပတ်သက်တဲ့စာတွေ၊ သတင်းတွေ၊ အထောက်အထားတွေ၊ အချက်အလက်တွေကိုပဲ သခင် အုန်းမြင့် (အဘဦးအုန်းမြင့်)ကနေတဆင့် ပို့ပေးခဲ့တာပါ။ အဲဒီတုန်းက စစ်ထောက်လှမ်းရေးအနေ
အထား အရ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လုံးဝတွေ့ဆုံခဲ့ခြင်းမရှိတဲ့အပြင်၊ ဗိုလ်ကြီးဟောင်းဝင်း
ထိန် (ဦးဝင်းထိန်)နဲ့လည်း တွေ့ဆုံခဲ့တာမရှိပါဘူး။
အဲဒီတုန်းက ကျနော်အမြဲတွေ့ဖြစ်တာက သခင်အုန်းမြင့်ပါ။ အဘဦးအုန်းမြင့်က ဒေါ်စုခြံထဲကို တံခါးမရှိ
ဓားမရှိဝင်နိုင်၊ ထွက်နိုင်တဲ့အပြင်၊ သခင်အုန်းမြင့်ကိုအပြည့်အ၀ယုံကြည်တာမို့ သူတစ်ယောက်တည်းနဲ့
ဆက်သွယ် အလုပ်လုပ်ခဲ့တာပါ။ ကျနော်ဟာ ဒီချုပ်ပါတီဝင်တစ်ယောက်လဲမဟုတ်တဲ့အပြင်၊ ဒေါ်စုနဲ့
တောင် တွေ့ ဖို့စိတ် မကူးခဲ့ပါဘူး။ အဲဒါ အဲဒီကာလလုံခြုံရေးအနေအထားအရပါ။ အဲဒီကာလတုန်းက
ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ရန်မျိုးသိမ်းဆိုတဲ့နာမည်ကို သိကောင်းသိနိုင်ပေမယ့်၊ လူနဲ့နာမည်နဲ့
တွဲသိဖို့  မလွယ်လောက်ပါဘူး။ အဲဒီကာလတုန်းကကျနော်နဲ့ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)နဲ့
အပြင်မှာလုံးဝမတွေ့ဘူးတာကို ကျနော်က ဘယ်လိုသူ့ဆီကတဆင့် ဒေါ်စုဆီ စာပေးလို့ရမလဲ ကျ
နော် မ  စဉ်းစားတတ်ပါ။ သူပြောပုံအရ ဒေါ်စုရယ်၊သူရယ်၊ ကျနော်ရယ်ပဲသိတဲ့ ကိစ္စကြီးဖြစ်နေပါတယ်။
ပြီးတော့ စာကိုတောင် မီးရှို့ပစ်လိုက်တယ်လို့ဆိုပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့
ကျနော့်  ကိုတောင် ကောင်းကောင်း မှတ်မိမှာမဟုတ်ပါဘူး။
နောက် ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)ပြောတဲ့ ကိုယ်နဲ့နှစ်ယောက်ထဲဆို ဒီကောင်မပြောရဲဘူး။
ကွယ်ရာကနေသာ လှမ်းကစ်နေတာဆိုတာကတော့လွဲနေပြီထင်ပါတယ်။ ကျနော်က မပြောရဲစရာ အကြောင်းမရှိပါဘူး။ တကယ်သာ ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)အနေနဲ့ သတ္တိရှိ မယ်ဆိုရင် ကျနော်နဲ့နှစ်ယောက်တည်း စကားစစ်ထိုးကြရအောင်ပါ။ တခြားအကြောင်းမဟုတ်ပါဘူး။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့လက်ငင်းအခြေအနေနဲ့ပတ်သက်လို့ပါ။ သတ္တိတကယ်ရှိတယ်။သွေးရဲတယ်ဆိုရင် ရန်ကုန် မှာ တစ်ပွဲတစ် လမ်းလောက်အကဲစမ်းချင်ပါတယ်။ အဲဒီစကားစစ်ထိုးပွဲမှာ ပြောမယ့်၊ဆွေးနွေး မယ့် အကြောင်းအရာတွေက ဒီချုပ်ပါတီရဲ့ပိုအားကောင်းတဲ့ခေါင်းဆောင်မှုနဲ့ပိုအားကောင်းတဲ့အနာဂတ်အ တွက်ပြော မှာနော်။ နိုင်ငံရေးသိက္ခာရှိရှိ၊အရည်အသွေးရှိရှိ ပြောမှာနော်။ သတ္တိနည်းနည်းဖြစ်ဖြစ်ရှိ ရင် ကျနော် ရန်မျိုးသိမ်းက ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)ကို စိန်ခေါ်ပါတယ်လို့။

အပြီးသတ်အနေနဲ့ပြောပြချင်တာက-ကျနော်ဟာ အစိုးရသက်သေမလုပ်ခဲ့ဘူးပါ။
ကျနော်ဟာ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအကြား သစ္စာမဖောက်ခဲ့ဘူးပါ။
ကျနော်ဟာ စစ်အစိုးရအဆက်ဆက်ဆီကကိုယ်ကျိုးအတွက် အခွင့်အရေးမယူခဲ့ဘူးပါ။
ထောင်ထဲမှာနေခဲ့တုန်းကလဲ ကိုယ်အနေချောင်ဖို့ကိုယ်အဆင်ပြေဖို့ အာဏာပိုင်နဲ့မပေါင်းခဲ့ပါ။
ထောင်ထဲမှာ ကိုယ်အနေချောင်ဖို့၊ ကိုယ်အဆင်ပြေဖို့ အချင်းချင်းအကြား ဖောက်လွဲဖောက်ပြန်
မလုပ်ခဲ့ ဘူးပါ။
ကျနော်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းပါဆိုပြီး၊ဘာအခွင့်အရေးမှမယူခဲ့ဘူးပါ။
ကျနော်ကိုယ်တိုင်ရော၊ ဆွေမျိုးသားချင်းတွေရောနိုင်ငံခြားမှာပညာသင်ခွင့်ရအောင်မလုပ်ခဲ့ဘူးပါ။
နိုင်ငံရေးအကျဉ်းသားအနေနဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဆီကမှ ဘာအကူအညီမှမယူခဲ့ဘူးပါ။
လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။
https://www.facebook.com/yan.m.thein/posts/10208948038195391

No comments:

Post a Comment