Popular Posts

Wednesday, October 26, 2016

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံ အမတ် ကြီး နှင့် ပြည် ခိုင် ဖြိုး ပါတီ ဥက္ကဋ္ဌ တို့  ငြိမ်းချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Patrick မှ  လာရောက်တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Patrick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ(၁၄း၀၀)နာရီ အချိန် တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင် ရွက်ရေး၊ ပြည် တွင်း ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေ များအပေါ် ပြည်ခိုင်ဖြိုးပါတီ ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment