Popular Posts
Friday, October 28, 2016
ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂကြားခံနှင့် ရောင်းစားသူများရှိနေပြီလား?
ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုစုံစမ်းဖို့ ကုလတိုက်တွန်း
                                              ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စယန်ဟီးလီ
ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပေမဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား ရဖို့အတွက် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မခင်ဖြူထွေးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီးတော့ မစ္စ ယန်ဟီးလီ ရဲ့ အဓိက စိုးရိမ်ချက်က ဘာတွေ ရှိနေတာပါလဲ။ အရင်ဆုံး ပြောပြပေးပါရှင့်။
“ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာဆိုတော့ အခင်းဖြစ်ပွားချိန်စကတည်းက အဲဒီမှာဘာတွေ   ဖြစ် ပွားနေ သလဲ ဆိုတာကို အပြည့်အဝ မသိရပါဘူး။ ဒါပေမဲ့ ကျမတို့ အခြေအနေကို သိနိုင်ဖို့အတွက် ပြင်ပနဲ့ ဆက်သွယ်နိုင်တဲ့ ဒီခေတ်နည်းပညာတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ စစ်ဆင်ရေး ဇုံနယ်မြေ အဖြစ် ကြေ ညာနိုင်ပါတယ်။ ဒေသခံတွေအတွက်တော့ ပိုပြီးကန့်သတ်တာ ရှိနိုင်ပါတယ်။ ကုလဝန်ထမ်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဖွဲ့တွေတောင်မှ အဲဒီမှာ ဘယ်လိုအခြေအနေရှိသလဲ ဆိုတာကို သိနိုင်ဖို့အတွက် သွားလို့မရပါဘူး။”
မေး။ မစ္စယန်ဟီးလီတို့ သိထားတဲ့ အချက်အလက်တွေထဲက အကြောင်းအရာ တချို့ကို ပြောပြပါဦးရှင့်။
“ကျမတို့ကြားသလောက်က လူတွေကို ဖမ်းတာဆီးတာ၊ အိမ်တွေ မီးရှို့ခံရတာရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီး မှုတွေ ရှိနေတယ်။ အသတ်ခံရတာတွေ ရှိတယ်။ အကြောင်းပြချက်ပေးပြီး သတ်ပစ်တာတွေ ရှိတယ်။ ဒါတွေ က တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။ မတရားပြုကျင့်မှုတွေ၊ လူရှေ့သူရှေ့မှာတင် အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့လည်း ကျမတို့ကြားရပါတယ်။ ”
မေး။ ဘာ သက်သေတွေ ရှိပါလဲရှင့်။
“ဒီအချက်အလက်တွေကို မှန်မမှန် သိဖို့က သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုပါတယ်။ အခုချိန်မှာတော့ ကျမတို့ သွားလာလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေတောင် အဲဒီနေရာတွေကို သွားလာ ဖို့ကန့်သတ် ခံထားရပါတယ်။”
မေး။ အချက်အလက်တွေကို မစ္စ ယန်ဟီးလီတို့ ဘယ်လို ရရှိပါသလဲ။ မှန်ကန်တဲ့ အချက်အလက်တွေလို့ ဘယ်လို ယူဆနိုင်ပါသလဲ။
“မြန်မာနိုင်ငံထဲမှာ ကျမတို့ရဲ့လူတွေ ရှိပါတယ်။ သူတို့က ဓာတ်ပုံ အထောက်အထားတွေနဲ့ အချက် အလက်  တွေ ပို့ပေး ပါတယ်။ ကျမတို့အနေနဲ့ အခု ပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး မမှားအောင် အများကြီး ဂရုစိုက်ရပါတယ်။ မှားယွင်းပြီး စွပ်စွဲတာမျိုးလည်း ကျမတို့ မလုပ်ချင်ပါဘူး။ ဒါကြောင့်လည်း အခုကြားသိရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ကျမ တို့ တောင်း ဆိုနေတာပါ။ ဒီလိုလုပ်ဖို့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိရဖို့ လေ့လာစမ်း စစ် မှုတွေ အပြည့်အ၀ လုပ်ဖို့ပါတယ်။ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ဆိုးရွားနေသလဲ ဆိုတာကို သေချာသိဖို့လိုပါတယ်။”
မေး။ မြန်မာအစိုးရကတော့ မစ္စ ယန်ဟီးလီတို့ ပြောသလို လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး အခြေ အနေ  အောက် မှာ နေအိမ်တွေမီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီအရေးယူဆောင်ရွက်နေ တယ်လို့ပြော ပါတယ်ရှင့်။
“ဘယ်လိုဥပဒေမျိုးကို ပြောတာလဲ။ အဲဒါပဲ ကျမ သိချင်တာပါ။ ဘယ်လို ဥပဒေမျိုးကို သူတို့ပြောနေတာပါလဲ။ လူသားချင်းစာနာ ထောက်ထားတဲ့ ဥပဒေလား။ ဘယ်လိုဥပဒေမျိုးလဲ။”
မူစလင်လူဦးရေ အများစုရှိတဲ့ မောင်တောမြို့နယ်တွင်းက စစ်ဆင်ရေးတွေအတွင်းမှာ လက်နက်မဲ့ အရပ် သားတွေအပေါ် မတရားပြုကျင့်တာ၊ ရပ်ရွာတွေကို မီးရှို့တာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မစ္စယန်ဟီးလီ အပါအ၀င် ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်တွေက မြန်မာအစိုးရကို မနေ့က ကြေညာချက်ထုတ် တောင်း ဆိုခဲ့တာ ပါ။ မောင်တောမှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီး တဲ့နောက် မြန်မာလုံခြုံရေးတပ်တွေက ဒေသတွင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါ တယ်။ မြန်မာအစိုး ရဘက်ကတော့ သူတို့အနေနဲ့ စစ်ဆင်ရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေ တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
http://burmese.voanews.com/a/3566982.html ဒါကတော့ VoA မြန်မာပိုင်းအစီအစဉ် က ထုတ် လွှင့် သွားတာ ပါ ။ အဲဒီတော့ မြန်မာနိုင်ငံ ရခိုင် ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရကလည်း ဥပဒေ နဲ့ အညီ ဆောင်ရွက်နေတယ်လို့ တုန့် ပြန်ပြောဆိုပြီးဖြစ်သလို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်းကလည်း ရခိုင်အရေးအတွက် သူ၏ ဖေ့ဘုတ် စာမျက်နှာမှ တစ်ဆင့် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါတယ် ။ သူရ ဦးရွှေမန်း က ဘင်္ဂါလီ လျော့ တွက်ထားရင်မှားလိမ့်မယ် ခေါင်းစဉ်
တွေ့ ရသည်။
မြန်မာ့လူ့ အခွင့်အရေးကိုယ်စားလှယ် Yanghee Lee ရဲ့  ဖြေဆိုချက်များကို အနက်ကောက်ကြည့်သော အခါ 
မေး။ မစ္စယန်ဟီးလီတို့ သိထားတဲ့ အချက်အလက်တွေထဲက အကြောင်းအရာ တချို့ကို ပြောပြပါဦးရှင့်။
“ကျမတို့ကြားသလောက်က လူတွေကို ဖမ်းတာဆီးတာ၊ အိမ်တွေ မီးရှို့ခံရတာရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီး မှုတွေ ရှိနေတယ်။ အသတ်ခံရတာတွေ ရှိတယ်။ အကြောင်းပြချက်ပေးပြီး သတ်ပစ်တာတွေ ရှိတယ်။ ဒါတွေ က တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။ မတရားပြုကျင့်မှုတွေ၊ လူရှေ့သူရှေ့မှာတင် အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့လည်း ကျမတို့ကြားရပါတယ်။ ”
မေး။ ဘာ သက်သေတွေ ရှိပါလဲရှင့်။ ဆိုသည့် အခါ သက်သေရှိ ကြောင်း ပြောဆိုနိုင်ခြင်းမရှိပဲ
“ဒီအချက်အလက်တွေကို မှန်မမှန် သိဖို့က သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုပါတယ်။ အခုချိန်မှာတော့ ကျမတို့ သွားလာလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေတောင် အဲဒီနေရာတွေကို သွားလာ ဖို့ကန့်သတ် ခံထားရပါတယ်။” လို့  ဖြေဆိုခဲ့ တာ ကို တွေ့  သည့် အခါ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee အနေဖြင့် သက်သေခိုင်လုံခြင်းမရှိသော မြန်မာနိုင်ငံတွင်း မှ ပေးပို့ ပြော ဆို သော စကားများကိုသာ One Sided Person နားတစ်ပေါက်ဖြင့်သာ သတ်မှတ် ယုံကြည်လျှက် ရှိ ကြောင်း ကို  -  မြန်မာနိုင်ငံထဲမှာ ကျမတို့ရဲ့လူတွေ ရှိပါတယ်။ သူတို့က ဓာတ်ပုံ အထောက် အ ထားတွေ နဲ့ အချက် အလက်  တွေ ပို့ပေး ပါတယ်။ လို့  ဖြေ ဆို ထား ခြင်းက သက်သေခံလျက်ရှိသည်။
ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee ကို ၀န်းရံ လျက် ရှိ ကြောင်း တွေ့ ရ သည်။ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee အနေဖြင့် လူသားချင်း စာနာမှု အကြောင်းပြချက်ဖြင့် မြန်မာ့ အချုပ်အခြာ အာဏာ ကို ထိပါးရန်ဆောင်ရွက်ရှိ ပြီး လူသားချင်းစာနာမှု နှင့် မသက်ဆိုင်သော သတင်းအချက်အလက်များကို တပ်မတော်အစိုးရ ကိုအစဉ် တစ်စိုက် ဆန့် ကျင် သူများ နှင့် ရိုဟင်ဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ်ပေါက်ရေးဆောင်ရွက်နေကြသည့် အင်္ဂလန် နေထိုင် သည့်  Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌ ဖြစ်သူ ထွန်းခင်နှင့်လည်းကောင်း၊
Director General of Arakan Rohingya Union, Dr. Wakar Uddin နှင့် လည်းကောင်း ဆက်သွယ်မှုများ ရှိနေခဲ့သည် ကို တွေ့ ရသည်။
 အင်္ဂလန် နေထိုင် သည့်  Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌ ဖြစ်သူ ထွန်းခင်နှင့်တွေ့ ဆုံ
 http://www.rohingyablogger.com/2016/03/rohingya-representative-meets-special.html
 Director General of Arakan Rohingya Union, Dr. Wakar Uddin နှင့် ယှဉ်တွဲ
https://merhrom.wordpress.com/2015/03/26/arakan-rohingya-union-at-the-28th-session-of-the-united-nations-human-rights-council/
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်သော ပေါင်းသင်းဆက်ဆံရေး ရှိသော်လည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန် တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်အရေးတွင် တပ်မတော်အနေဖြင့် နယ်မြေစစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်ကာ လူ့ အခွင့်အရေး ချိုး ဖေါက်ခြင်း မရှိ ဟု တရားဝင် ပြော ကြားထားသည်။
အင်္ဂလန် နေထိုင် သည့်  Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌ ဖြစ်သူ ထွန်းခင်နှင့်
Director General of Arakan Rohingya Union, Dr. Wakar Uddinတို့ သည် ရခိုင်ပြည်နယ် တွင် ရိုဟင်ဂျာ ခွဲ ထွက် နယ်မြေ ဖြစ်ပေါ်လာစေရေးအတွက်  အစဉ် တစ်စိုက် ဆောင်ရွက်လျက် ရှိ ပြီး
မြန် မာနိုင် ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကို နောက် ကွယ် တိုက်တွန်း စေ့ဆော် ကြိုးကိုင် ကာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ အစိုးရ နှင့် ပြည်တွင်း အရပ်ဖက် လူ မှု အဖွဲ့ အစည်းများမှ တစ်ဆင့်  ဆောင်ရွက်နေခြင်းကြောင့် ရခိုင်ပြည်နယ် ကို  ကုလသ မဂ္ဂကြားခံ ထား ပြီး ရောင်းစားနေသူများကို မြန်မာ့လူ့ ဘောင် အဖွဲ့ အစည်း မှ ဖယ်ထုတ်ရှင်းလင်း ရန် အချိန်တန် ပါ ပြီ လို့  တိုက်တွန်းနှိုးဆော်လျက်  ...
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ များ အတွက် အရှက်သိက္ခာ ကင်းမဲ့စွာ တောင်းဆို နေသည့် Yanghee Lee
No comments:
Post a Comment