Popular Posts

Wednesday, October 26, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ၊ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် အဖွဲ့ဝင်များနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် (၈)ကြိမ်မြောက် CLMV၊ (၇) ကြိမ် မြောက် ACMECS ထိပ်သီး အစည်းအဝေး များနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်- မဲခေါင် ညီလာခံသို့တက်ရောက်ရန် ယနေ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၅)ရက် နံနက်ပိုင်း တွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများလိုက်ပါသွားကြသည်။
နိုင်ငံတော် ဒုတိယ သမ္မတ (၁)  ဦးမြင့်ဆွေ ၊  ဒုတိယ သမ္မတ (၂) ဟင်နရီ ဗန်ထီးယူ နှင့် တပ်မတော် ကာ ကွယ် ရေး ဦးစီးချုပ် မင်းအောင်လှိုင် တို့  နှင့် နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် တို့ မှ ပို့ ဆောင် နုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည် ။

No comments:

Post a Comment