Popular Posts

Friday, September 11, 2015

NLD ရန်ကုန်အနောက်ပိုင်းခရိုင်း ကိုယ်စားလှယ်များ တွေဆုံပွဲပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ်တာဝန်ပေးအပ်ထားသော ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများနှင့် တွေ့ဆုံလျက်ရှိရာ ၂၀၁၅ခု၊ သြဂုတ်လဂုတ်လ(၁၈)ရက်နေ့ မွန်းလွဲ(၃)နာရီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆) ကိုယ်စားလှယ်လောင်း ဒေါတ်တာအောင်သူ၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းတို့သည် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးသို့ ရောက်ရှိလာကြ၍ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ဆိပ်ကမ်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့နှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက နယ်မြေအခြေအနေကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာသို့ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဦးမောင်မောင်သန်း၊ ဦးသန်းဝင်းဦးနှင့် ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးအောင်မျိုးဆန်းတို့ တက်ရောက်ခဲ့ကြပါသည်။

http://www.nldofficial.org/ မှ ကူးယူဖေါ်ပြသည်။ 

No comments:

Post a Comment