Popular Posts

Friday, September 11, 2015

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦး ဟင်္သာတမြို့၊ လူရွှင်တော်များ ဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်သို့ လှူဒါန်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးသည် စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁ဝ) နာရီ (၃ဝ)မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာ တခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်/ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့၊ သုံးထပ်ဆောင်၌ ဟင်္သာတမြို့၊ လူရွှင်တော်များဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 ရှေးဦးစွာ လူရွင်တော်များဖေါင်ဒေးရှင်း ဘဏ္ဍာရေးမှူး ဦးဝင်းဇော်မိုးက ယခုဖေါင်ဒေးရှင်းများအား ဖွဲ့စည်းရခြင်းမှာ သက်ကြီးအနုပညာရှင်များအား နှစ်စဉ် ပူဇော် ကန်တော့ရန်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ အနုပညာရှင်များ၏ သားသမီးများ ပညာရေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ လက်ရှိဘဏ္ဍာရေးအခြေအနေအား ရှင်းလင်း ပြောကြား သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက မိမိအနေဖြင့် ယခုဖေါင်ဒေးရှင်းဖွဲ့စည်းခြင်းကို ဆိုင်း ပညာရှင် ဦးမိုးဝင်း၏ Facebook မှတစ်ဆင့် သိရှိရပါကြောင်း၊ ကောင်းသည့်အလုပ်ဖြစ်၍ မိမိအနေဖြင့် အားပေးသည့်အနေနှင့် အလှူငွေများ လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအဖွဲ့အောင်မြင်စေရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း၊ အခြားသောနေရာများတွင်လည်း ယခုကဲ့သို့ ဖေါင်ဒေးရှင်းများ ထူထောင်၍ ဆောင်ရွက်စေလိုကြောင်း၊ မိမိအနေနှင့် မိသားစုအနေဖြင့် အလှူငွေ ထည့်ဝင်ပြီးဖြစ်ကြောင်း၊ အခြားသူများကိုလည်း ပါဝင်ထည့်ဝင်ရန် လှုံ့ဆော် ပေးခဲ့ကြောင်း၊ အခြားအဖွဲ့အစည်းများကိုလည်း ထည့်ဝင်လှူဒါန်းကြစေလိုကြောင်း၊ လူရွှင်တော် ဖေါင်ဒေးရှင်းနှင့် အမျိုးသမီးတေးသံရှင်များ ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူအနေနှင့်လည်း လက်ရှိမတည်ငွေများ တိုးပွားအောင် ထိုက်သင့်သည့် ဝင်ငွေရအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်လျှင် အောင်မြင်မည် ဖြစ်ကြောင်း၊ ပြောကြားခဲ့ပြီး အလှူရှင်များက အလှူငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

http://www.usdp.org.mm/index.php/2014-12-04-09-21-66/4611-2015-09-11-08-47-32 မှ ကူးယူဖေါ်ပြသည်။ 

No comments:

Post a Comment