Popular Posts

Friday, September 11, 2015

ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ၀က်လက်မြို့နယ် ကျေးရွာများသို့ ကွင်းဆင်း စည်းရုံး

y
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)၊ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် စက်တင်ဘာ (၉) ရက် နံနက် (၉) နာရီခွဲအချိန်က တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်း ဇေယျာမြင့်၊ ဦးအောင်ကိုစံ၊ ရွှေဘိုခရိုင် ပါတီကော်မတီဝင် ဦးသက်အောင်ဇော်၊ ၀က်လက်မြို့နယ် ပါတီဥက္ကဌ ဦးစိုးအေး တို့လိုက်ပါလျက် ၀က်လက်မြို့နယ် မင်းကုန်းကျေးရွာအုပ်စု မှတ်ထိကျေးရွာ ဦးဆွေဦး၏ နေအိမ်၌ ပြုလုပ်သည့် ပါတီဝင်များ၊ ဒေသခံလူထုများ အင်အား  (၁၀၀)ကျော်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မင်းကုန်းကျေးရွာအုပ်စု၊ ဆင်းနင်းကျေးရွာ ရွာဦးဇရပ်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ အင်အား (၁၅၀) ဦးတက်ရောက်ခဲ့သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်သည် အဖွဲ့ဝင်များနှင့်အတူ ညနေ (၅) နာရီအချိန်တွင် ၀က်လက်မြို့နယ် သီတဂူကြယ်တပွင့် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-67/4612-2015-09-11-08-53-12  မှ ကူးယူဖေါ်ပြသည်။ 

No comments:

Post a Comment