Popular Posts

Friday, September 11, 2015

ရေစကြိုမြို့နယ် ဒီချူပ်ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ မထမအတွင်းဝန် ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အဖွဲ့ချုပ်ရုံးသို့ စက်တင်ဘာ ၈ ရက်မွန်းလွဲ ၁နာရီခွဲခန့်က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ ပထမ အတွင်းဝန်ဖြစ်သူ Andreas Magnusson နှင့် ယင်း၏ ရုံးတာဝန်ခံ ကိုအောင်အောင် ဆိုသူတို့လာရောက်ခဲ့ကြပြီး မြို့နယ်ဥက္ကဋ္ဌ ဦးသန်းအောင်၊ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ငွေ၊ တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးတင်သောင်း၊ ဦးမင်းဟန် တို့အပြင် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဆိုင်ရာကိစ္စ
များကို EU မှမည်သို့ကူညီဆောင်ရွက်နေပုံများ ရှင်းပြပြီး ၊ ၄င်းတို့ သိလိုသော အကြောင်းအရာများကို မေးမြန်း သွားခဲ့ကြပါသည်။

ဒေသခံများက မဲစာရင်းအခက်အခဲများ၊ ဒေသတွင်း စည်းရုံးရေးဆင်းရာတွင် လတ်တလော ရေကြီးရေလျံ ဖြစ်နေမှုကြောင့်လမ်းပန်းအခက်အခဲများ ကိုတင်ပြ ခဲ့ကြသည်။
အတွင်းဝန်နှင့်အဖွဲ့သည် မိမိတို့အဖွဲ့ချုပဘ်အဖွဲ့ဝင်များနှင့်မှတ်တမ်းဓာတ်ပုံများရိုက်ကာ မွန်းလွဲ ၂နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြပါသည်။

ဒေါက်တာကျော်ငွေ
မြို့နယ်သတင်းပြန်ကြားတာဝန်ခံ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(မကွေး ၁၀ )


http://www.nldofficial.org/news-state-division/%E1%80%B1%E1%80%9B%E1%80%85%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%92%E1%80%AE%E1%80%81%E1%80%BA%E1%80%B4%E1%80%95%E1%80%B9/ မှ ကူးယူဖေါ်ပြသည်။ 

No comments:

Post a Comment