Popular Posts

Friday, September 11, 2015

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးအား ဗြိတိသျှနိုင်ငံ ဒုတိယသံအမတ် Mr. David Hall လာရောက် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးအား ဗြိတိသျှနိုင်ငံ ဒုတိယသံအမတ် Mr. David Hallသည် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦး နှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဥက္ကဋ္ဌ ပူးတွဲတာဝန်) ဦးဌေးဦးမှ မိမိတို့ပါတီအနေနှင့် အသင်းအဖြစ်တည်ရှိစဉ်ကပင် မိမိဒေသနှင့် နယ်မြေပြည်သူများ အကျိုးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းချိန်တွင် လည်း မိမိဒေသနှင့် မိမိနယ်မြေ ပြည်သူများအကျိုး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး အောင်နိုင်ရေးအတွက် ပါတီဝင်များက ပြည်သူ များနှင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-50/4613-mr-david-hall မှ ကူးယူဖေါ်ပြသည်။ 

No comments:

Post a Comment