Popular Posts

Friday, September 11, 2015

ပြည် ထောင် စု ပါ တီ N L D ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကျွန်မတို့နိုင်ငံဟာ..
တိုင်းရင်းသား ပေါင်းစုံရှိတဲ့အတွက်
ပြည်ထောင်စု ဖြစ်တယ်ဆိုတာကို
မေ့လို့ မဖြစ်ပါဘူး။
ဘာပဲလုပ်လုပ်..
ပြည်ထောင်စုစိတ်နဲ့ လုပ်ရမှာ ဖြစ်ပါတယ် ။
ကျွန်မတို့ . အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း
ကျွန်မတို့က.. ဘယ်တုန်းကမှလဲ 
ဗမာပါတီတစ်ခုအဖြစ် မခံယူခဲ့ပါဘူး။
ပြည်ထောင်စု ပါတီ။
ပြည်ထောင်စုကို ယုံကြည်တဲ့ ပါတီ။
ပြည်ထောင်စု အတွင်းမှာ တိုင်းရင်းသားအားလုံး
ညီညီညွတ်ညွတ်နဲ့ နေထိုင်မယ်။
ချစ်ချစ်ခင်ခင်နဲ့ နေနိုင်မယ့်ပါတီ
ပြည်ထောင်စုပါတီပဲ ဖြစ်ရပါမယ်။
နောက်တစ်ခု .......
ကျွန်မရဲရဲတင်းတင်း ပြောရဲတာ ရှိပါတယ်။
ကျွန်မတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။
တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီ 
ဟုတ် မဟုတ် ....၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ
တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်
ပြန့်ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။
ဒါ့ကြောင့်လည်း ကျွန်မတို့ဟာ
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်
ကျွန်မတို့ရဲ့ ပါတီဟာ ပြည်ထောင်စုဖွား 
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ပါတီ။
ပြည်ထောင်စုပါတီလို့ပဲ ကျွန်မကတော့ သတ်မှတ်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment