Popular Posts
Saturday, January 12, 2013
ရန် ကုန် မြို့ လယ် က မု ဒိမ်း ပါ တီ ကြီး နှင့် မုဒိမ်း ၏ သားကောင် ဖြစ်ရသူများ
ပန်းဘဲတန်း ဒီချုပ်ပါတီရုံးခန်း၌ ပညာဒါနကျောင်းသူအား အဓမ္မပြုကျင့်မှုဖြင့် ပါတီဝင်တစ်ဦးကို အမှုဖွင့်
အောင်သစ်လွင်                    ရန်ကုန်၊ဇန်န၀ါရီ-၅                              အတွဲ (၁၁)၊ အမှတ်(၄၄)
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ပါတီဝင်လူငယ်တစ်ဦးက ရုံးခန်းတွင် ပညာဒါနသင်တန်း တက်နေသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ကျောင်းသူ၏မိဘများက ယင်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်သည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ဖွင့်လှစ်ထားသော ဒေါင်းအားမာန်ပညာဒါနကျောင်းတွင် တက်ရောက်သင်ကြားနေသော အသက် ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးအား ဇန်န၀ါရီ ၃ ရက်က ပါတီဝင်ဖြစ်သူ ခင်မောင်ထူး(ခ)သားကြီး(ခ)ဆိုဖီရင်းက ကိုကာကိုလာအချိုရည်ထဲ အိပ်ဆေးခတ်ကာ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တရားလိုက တိုင်ကြားထားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ခင်မောင်ထူးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ် အင်န်အယ်လ်ဒီပါတီဝင်တစ်ဦးဖြစ်သူ ကိုမောင်မောင်၏ပြောကြားချက်အရ သိရသည်။
ပန်းဘဲတန်းရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တရားခံအား စစ်ဆေးနေဆဲအဆင့်တွင် ရှိနေသေးသည့်အတွက် တိတိကျကျ ထုတ်ဖော်ပြောကြားရန် မဖြစ်နိုင်သေးကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၈ ရက်တွင် ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးဒုတာဝန်ခံ ဦးကြည်တိုးက "ဒီအမှုဟာ မှန်လား မှားလား အဖြေမှန်မပေါ်သေးတဲ့အတွက် ပါတီအနေနဲ့ စောင့်ကြည့်နေပါတယ်။ ကိုယ့်အဖွဲ့ဝင်ဖြစ်နေလို့ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်ပေးတာမျိုး မလုပ်ပါဘူး။ တရားဥပဒေရှေ့မှောက်မှာ အမှုမှန်ပေါ်ပေါက်ရေးကိုပဲ လိုလားပါတယ်"ဟု ဆိုသည်။
တရားလို၏ဦးလေးတော်စပ်သူ ဦးတင်ဝင်းက "အင်န်အယ်လ်ဒီရုံးခန်းထဲမှာ ဖြစ်ခဲ့တာတောင် ပါတီက တာဝန်ရှိတဲ့သူတွေ အခုချိန်ထိ လာရောက်မေးမြန်းတာမျိုး မရှိသေးပါဘူး။ ကလေးက စာမေးပွဲဖြေခါနီးမှ ဒီလိုဖြစ်ရတာပါ။ ဒီပညာဒါနကျောင်းရဲ့ အုပ်ချုပ်မှုပိုင်းက အရမ်းအားနည်းပါတယ်"ဟု ပြောသည်။
ခင်မောင်ထူး၏ မိသားစုဝင်တစ်ဦးက "ပန်းဘဲတန်းရဲစခန်းက ကျွန်တော်တို့နဲ့သူ့ကို တွေ့ခွင့်မပေးသေးတဲ့အတွက် ဘာတစ်ခုမှ တိတိကျကျ မသိရသေးပါဘူး"ဟု ဆိုသည်။
အဆိုပါအမှုအား ပန်းဘဲတန်းရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
http://www.7daynewsjournal.com/article/9254   မှ ကူးယူဖေါ်ပြသည် ။
ပန်းဘဲတန်းမြို့နယ် NLD ပါတီမှ ဖွင့်လှစ်ထားသည့် ပညာဒါနကျူရှင်၌ ကျောင်းသူတစ်ဦးအား တာဝန်ခံမှ သားမယားအဖြစ်ပြုကျင့်
၃-၁-၂၀၁၃ ရက်နေ့ ၁၂နာရီ ၃၀မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၂၉)လမ်း နှင့် လမ်း(၃၀)ကြား၊ အနော်ရထာလမ်းရှိ အမှတ်(၂၄၁)၊ ပထမထပ်(၀ဲ)ရှိ NLD ပါတီမှ ဖွင့်လှစ်ထား သော ပညာ ဒါန ကျူရှင်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကား ပြောပြိုင်ပွဲ လုပ်နေစဉ် တက်ေ ရာက် လာ သူများထဲမှ မမေသက်ဦး(ခ) နားဝီးရီ(၁၅) နှစ်(မွတ်ဆလင် အစ္စလမ် ဘာသာကိုးကွယ် သူ)၊ (ဘ)ဦးဇော်မြင့် (ပန်းဘဲတန်းမြို့နယ် NLD ပါတီဝင်)၊ အမှတ်(၁၉၄)၊ ပထမထပ်(၀ဲ)၊ လမ်း(၃၀)၊ အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်နေသူသည် ကျူရှင်တိုက်ခန်း အပေါ်ထပ် (၇)လွှာရှိ သူငယ်ချင်း ဖြစ်သူ နာဇေးဒါးအခန်း၌ ၎င်း၏အစ်မဖြစ်သူ မ၀င်းမာဦး ရောက်ရှိနေခြင်း ရှိ/မရှိ သိရှိလိုသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
အစ်မဖြစ်သူ မ၀င်းမာဦးမရှိသဖြင့် (၅)မိနစ်ခန့်အကြာတွင် ပညာဒါန ကျူရှင် သို့ ပြန်ဆင်းလာခဲ့ကြောင်း၊ ပညာဒါနကျူရှင်သို့ရောက်ရှိ ချိန်တွင် ပြိုင်ပွဲဝင်သူများမရှိတော့ဘဲ NLD ပါတီ ပညာဒါနကျောင်းတာဝန်ခံ သားကြီး(ခ) ခင်မောင်ထူး(ခ)ဆိုးဖီရမ်း(၂၂)နှစ်၊ (မွတ်ဆလင်အစ္စလမ် ဘာသာကိုးကွယ်သူ)၊ (ဘ)ဦးေ မာင်ေ မာင်၊ အမှတ်(၁၂၄)၊ မြေညီထပ်၊ လမ်း(၃၀)၊ အမှတ်(၈) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်နေသူမှ ကိုလာ သံဗူးတိုက်ခဲ့ကြောင်း၊ ယခင်ကလည်း ရိုးရိုးသားသား တိုက်လေ့ရှိသောကြောင့် သောက်လိုက် ရာ တွင် မူးမေ့စေတက်သော ဆေးများထည့်၍ တိုက်ခဲ့သဖြင့် ခဏအကြာတွင်မူးမေ့သွားခဲ့သည်။
၎င်းပြန်လည်သတိရလာချိန်တွင် ရုံးခန်းအနီးရှိ ပစ္စည်းများထား သည့်အခန်းသို့ ရောက်ရှိနေပြီး ၎င်းဝတ်ဆင် ထားသည့် အပေါ်အကျီင်္နှင့် ဘောင်းဘီရှည်တို့မှာ ကျွတ်လျက်ရှိနေပြီး သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုဖီ ရမ်းမှာ အနီး၌ထိုင်နေသောကြောင့် ၎င်း သတိ လစ်နေခိုက် သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းနှင့် ၎င်းကိ စ္စနှ င့် ပတ်သက်၍ မည်သူ့ကိုမျှမပြောရန် ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် အ၀တ်အစားများပြန်ဝတ်၍ လှေခါး အတိုင်းပြန်ဆင်းလာစဉ် မြေညီ ထပ်၌ မိခင် ဒေါ်လှလှထွေးနှင့်တွေ့ဆုံပြီး ဖြစ်စဉ် အားပြောပြ ခဲ့ကြောင်း၊ ထို့နောက် မိခင်နှင့်အတူ ပန်းဘဲ တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့ စခန်းမှ ၄-၁-၂၀၁၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ အချိန်တွင် (ပ)၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် မ-၃၇၆ ဖြင့် သားကြီး(ခ)ခင်မောင်ထူး(ခ) ဆိုဖီရမ်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သ တင်း ရရှိပါသည်။
http://www.oppositeyes.info/2013/01/nld.html  မှ ကူးယူဖေါ်ပြသည်။
ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ဆန္ဒပြပြီးနောက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက် NLD ပါတီအား မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမည်
19:13  Myanmar Express Group  33 comments
အိန္ဒိယတွင် ဆေးကျောင်းသူ မုဒိန်းကျင့်ခံရမှုကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြနေချိန်တွင် မြန်မာနိုင်ငံတွင်လည်း NLD ကျူရှင်တာဝန်ခံမှ  ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူ မုဒိန်းကျင့်ခံရမှုအတွက် NLD ပါတီအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြကြမည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်း မြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ NLD ပညာဒါန ကျူရှင် ကျောင်းမှ ကျောင်း တာဝန်ခံ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက်ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း ပန်းဘဲတန်း မြို့ခံ များနင့် ရဲတပ်ဖွဲ့ဝင် များထံမှ သိရသည်။
NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်း တွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ ပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီးက ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားထားသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ NLD မှ  ၎င်းတို့ နှစ်ဦးမှာ ရည်းစားများဖြစ်ကြောင်း၊ လက်ထပ်ဖို့ သဘောတူထားသူများဖြစ်ကြောင်း၊ မုဒိန်းကျင့်သူမှာ NLD ပါတီဝင် မဟုတ်ကြောင်းနှင့် မုဒိန်းကျင့်ခံရသူမှာ ကျောင်းသူမဟုတ်ကြောင်း ယုတ်တိမရှိသော ဖြေရှင်းမှုများ ရှိခဲ့သည်။
မဒိန်းကျင့်တဲ့ ကုလား အသက်က ၂၂ နှစ် ရှိပြီး မိန်းကလေး အသက်က (၁၅) နှစ် ပဲ ရှိသေးတာကြောင့် ရည်စားတွေ ဆိုတာ လက်ခံနိုင်စရာမရှိပေ။ ထို့အပြင် အသက်လည်း မပြည့်သေးတာကြောင့် လက်ထပ်ဖို့ သဘောတူထားသည်ဆိုတာလဲ ယုတ်တိမရှိကြောင်း ပြည်သူအများက ဝေဖန်ထောက်ပြခဲ့ကြသည်။
 မှုဒိန်းကျင့်သူ  မှာ NLD ပါတီဝင်လည်း မဟုတ် ချိန် ကောင်မလေးက ပညာဒါနက ကျောင်းသူလည်း မဟုတ်ပဲနှင့် NLD ရုံးခန်းထဲတွင် ယခုကဲသို့ ကာမ ကျူးလွန်နေခြင်းအတွက် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။
၎င်းကိစ္စနှင့် ပတ်သက်၍  ပါတီရံပုံငွေ အတွက် အခန်းငှားခြင်းဖြစ်နေိုင်ကြောင်း၊  လမ်းဘေးက အလေနတောတွေက NLD ရုံးခန်းထဲ ဝင်ပြီး ချောက်ကညင်းဂျော ဆွဲနေကြောင်း၊  NLD ပညာဒါန ဆိုပြီး အမည်ခံ တည်းခိုခန်းများသာ ဖြစ်ကြောင်း၊  တရားဥပဒေ စိုးမိုးရေး လို့ တွင်တွင် အလုပ်နဲ့ သက်သေမပြပဲ ပါးစပ်က နေ လေနဲ့ပဲ အော်ပြီး ကိုယ့်အလှည့် မှာ နာမည် ပျက်မှာ သိပ်ကြောက် နေကြကြောင်း လူထု က ပြင်းပြင်းထန်ထန် ဝေဖန်လျှက်ရှိကြသည်။
NLD ပါတီမှ ပညာဒါန ကျူရှင်ဖွင့်ကာ အသက်မပြည့်သေးသော ကျောင်းသူအား မုဒိန်းကျင့် သတင်းအား YPI နှင့် The Voice တို့မှ ဖော်ပြမှု
20:20  Myanmar Express Group  9 comments
From :Yangon Press International
ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင်  အသက် ၁၅နှစ်အရွယ် မိန်းခလေးတစ်ဦးအား အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ  ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ်ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ  ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။
ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း"ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။
သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး၏ မိသားစုဝင်များထံမှသိရသည်။
ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။
အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ချက် အရ သိရသည်။
အဓမ္မပြုကျင့် ခံရသော ကျောင်းသူမှာ အ.ထ.က (၁) ပန်းဘဲတန်းတွင် ပညာသင်ကြား နေသူဖြစ်ပြီး ယင်းနေ့ နံနက် ၈ နာရီ ခန့် တွင် NLD ပညာ ဒါန သင်တန်းကျောင်းရှိ ကျပန်းစကားပြော ပြိုင်ပွဲသို့ သွားရောက်ရာ ပြိုင်ပွဲပြီး ချိန် တွင် အဆိုပါ ကျူရှင်ကျောင်း ၇ လွာရှိ အမဖြစ်သူ၏ သူငယ်ချင်း အခန်းသို့ အမဖြစ်သူ ရှိ၊မရှိ သွားရောက် ကြည့်ရှုကာ မတွေ့၍ ပြန်လည် ဆင်းလာချိန်တွင် ကျောင်းတာဝန်ခံ ခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်း အသက် ၂၂ နှစ် က ကိုကာကိုလာ အချိုရည် ဘူးတွင် မူးမေ့ စေတတ် သည့် ဆေးထည့်ကာ တိုက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ အမ ပြောကြားချက် အရ သိရသည်။
ယင်းအချိုရည်ကို သောက်ပြီး မူးမေ့ သွားခဲ့ရာ သတိ ပြန်ရချိန်တွင် သူမ ဝတ်ထားသော အပေါ် အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်မှာ ကျွတ်လျက် အနေ အထားဖြင့် အနားတွင် ခင်မောင်ထူးကို တွေ့ရပြီး သတိလစ် နေခိုက် ခင်မောင်ထူးက ၄င်းကို အဓမ္မ ပြုကျင့် နေသည်ကို သတိ ထားမိကြောင်း ယင်း အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြန်မပြောရန် ခင်မောင်ထူးက ပြောဆို ခဲ့ပြီး အဆိုပါ ကျောင်းသူ တိုက်ပေါ်က ဆင်းလာစဉ် သမီးဖြစ်သူ အိမ်ပြန် နောက်ကျ၍ အပူတပြင်း ရှာဖွေနေသည့် မိခင်နှင့် တိုက်အောက် တွင် တွေ့ခဲ့ပြီး မိခင်ဖြစ်သူကို အသိပေး ခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့ပြီး ရဲစခန်းက (ပ) ၈ / ၂၀၁၃၊ ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဓမ္မ ကျူးလွန် ခံရသူ၏ ဦးလေး ဖြစ်သူ၏ ပြောကြားချက်နှင့် ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်၍ The Voice Weekly က NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း နေဆဲဖြစ် ကြောင်း ပြစ်မှု ကျူးလွန်သူဟု ယူဆ ရသူကို အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် သွားသည် ကိုသာ သိရှိ သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
NLD ပါတီ သတင်း ပြန်ကြားရေး ဌာန ဦးကြည်တိုး ထံသို့ ဆက်သွယ် မေးမြန်း ရာ ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲ ခံရသူမှာ သင်တန်းဆရာ မဟုတ်ဘဲ ရပ်ကျေး အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ယင်းအမှုနှင့် ပက်သက် ၍ ရဲအရာ ရှိများက လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သည်ကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ အမှန်အတိုင်း ဖြစ်ရန် သာ ဆောင်ရွက် မည် ဖြစ်ကြောင်း The Voice Weekly သို့ ဖြေကြားသည်။
2 comments:
  1. far su see ko thaw taw khan ya pyi pop
    ReplyDelete
  2. တို့သတိပေးခဲ့သည်ခဲ့ကြသည်။
    4. ပြော: "သင်အလ္လာဟ်အရှင်မြတ်မှတပါးပဌနာပြုသူတို့၏အမျိုးအဘယ်သို့ထင်ကြသနည်း သူတို့ကမြေကြီးတပြင်ဖန်တီးသောအရာကိုအကြှနျုပျကိုပြရန်! ဒါမှမဟုတ်သူတို့ဘုရားသခင်နှင့်အတူ, ကောင်းကင်ဘုံပါဝင်မှုအတွက်သလော သငျသညျသစ္စာဝါဒီလျှင်, အကြှနျုပျရှေ့မှာစာအုပ် (ကုရ်အာန်) သို့မဟုတ်အသိပညာများပင်ဆိုငျရာအစအနရှိရှိယူလာပါ။ "
    5. အဘယ်သူအလ္လာဟ်အရှင်မြတ်မှတပါးအမှီ ပြု. သောသူထက် ပို. လမ်းလွဲဖြစ်ပါသည်, ကဲ့သို့သောရှင်ပြန်ထမြောက်ခြင်း၏နေ့မရောက်မှီတိုင်အောင်သူ့ကိုမဖြေကြမည်နည်း ထိုသူတို့က [မိမိတို့ဘုရား] သူတို့ရဲ့ invocation မှလစျြလြူရှုကြသည်။
    6. သောအခါလူသားထု [စစ်ကြောစီရင်ခြင်း] ကိုစုဝေးစေကြသည်သူတို့၏ရန်သူများဖြစ်နှင့် [ထိုသူတို့အဘို့] သူတို့၏ဝတ်ပြုရေးတွင်ငြင်းပယ်ပါလိမ့်မယ်။
    ReplyDelete