Popular Posts

Tuesday, January 15, 2013

မာန ကင်းတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဒေါ်စန်းစန်းနွယ်


၂၀၁၃ ခုနှစ် ၊ ဇန္န၀ါရီလ ဆန်း  ပိုင်း က ရန်ကုန်တိုင်းဒေသကြီး ၊ ပြည် ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွ့ံ ဖြိုးေ၇း ပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်တစ်ဦး ဆေးရုံတက်နေသည်ကို သွားရောက် ကြည့်ရှုသည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဒေါ်စန်းစန်းနွယ် ကို ရန်ကုန်ဆေးရုံကြီး အပေါက်ဝတွင် စောင့်ကြပ်သည့် တံခါးစောင့် က  ၀င်ကြေးအတွက် မုန့် ဖိုး တစ်ထောင်ကျပ် တောင်းဆိုခဲ့ကြောင်း သိ၇သည် ။

ယင်း ၀န်ထမ်း က ရန်ကုန်ဆေးရုံကြီး မိန်းပေါက်မှ Ward 7 - 8  သို့ သွားမည်ဆိုပါက ယင်း Ward ရှိ အပေါက်စောင့်ကိုလည်း ထပ်မံ ၍ မုန့် ဖိုးပေးရမည်ကြောင်း ပြောဆိုနေစဉ် တိုင်းဒေသကြီး ပါတီမှ တိုင်းပါတီကော်မတီဝင် တစ်ဦးမှ ၇န်ကုန်တိုင်းဒေသကြီး ၀န်ကြီး ကိုလည်း မုန့် ဖိုးတောင်းတာပဲလား ဟု ပြောဆိုမှ ယင်းအပေါက်စောင့်ဝန်ထမ်းများ မယုံတစ်ယုံဖြင့် ပြောဆိုထွက်ခွာသွားကြောင်း သိရသည်။

ယင်းသို့ တိုင်းဒေသကြီးဝန်ကြီးလဲ  မုန့် ဖိုးတစ်ထောင် ပေးရသည့်အတွက် ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များအတောင်းကြမ်း ပုံ ကို  ပြောဆိုလေ့ရှိသည့် ဦးဂျီဝမ်းလဲ ငါးရာပါပဲ ဆိုသည့် အဖြစ် ကို  သတိရမိကာ ရန်ကုန်ဆေးရုံကြီးဝန်ထမ်းများ အနေဖြင့် ယာဉ်ထိမ်းတပ်ဖွဲ့ ဝင်များ ထက် အတင့်ရဲ ကာ    ၀န်ကြီးမလဲ တစ်ထောင်ပါ ပဲ  ၊  ဒေါ်စု မ လဲ တစ်ထောင်  ပါပဲ  တောင်းမည့်သူများ ဟု ပြုံးတွေးလေး  တွေးတော နေလိုက်ရပါတော့သည် ။

 

 

1 comment:

  1. စိုးကျော်January 16, 2013 at 7:12 AM

    အပြာရောင် နဲ က ၇န်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးလား ? ? ?

    အပျိုကြီးလို့ ပြောကြတယ် ဟုတ်လား ? ? ?

    ReplyDelete