Popular Posts

Sunday, January 27, 2013

အစွဲကင်းသူများ အပြုံး အပြစ်ကင်းသည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုး ရေး ပါတီ အတွင်းရေးမှူး သူရ ဦးအောင်ကို တို့ သည် ပြည်သူ့ လွှတ်တော်အတွင်း တရားဥပဒေ စိုးမိုးရေးကိစ္စများ အတွက် အားသွန်ခွန်စိုက် ယုံကြည်ချက်အပြည့် နှင့်ဆောင်ရွက် နေကြကြောင်းသိရသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်တွင်  အုပ်ချုပ်ရေးနှင့် ဥပဒေပြု ရေး စသည့် မဏ္ဍိုင် နှစ်ရပ် ကို ပြည်သူလူထု က ရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်အသီးသီး ဖြင့် ဆောင်ရွက်နေကြပြီး တရားစီရင်ရေးမဏ္ဍိုင်တွင် ပါဝင်သူများမှာ ပြည်သူလူထုက ရွေးချယ်ထားသူ များ မဟုတ်ကြသည့်အတွက် တရားဥပဒေအထက်တွင် တရားသူကြီးများ ရှိနေကြောင်း သူရဦးအောင်ကို နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ က တစ်ညီတစ်ညွတ်တည်း သဘောတူညီကြ ကြောင်း၊ သူရဦးအောင်ကို နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှာလည်း လုပ်ငန်းသဘာဝအရ တူညီ သလို အသက်အရွယ် အရ အစ်မကြီး နှင့် မောင်လေး ခေါ်ဆိုကြပြီး  တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဦးဆောင်ရေး ပြိုင်တူ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သတင်းရရှိသည် ။

ပြည်သူ လူထုအကျိုးရှိသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ပေါ်လာရေးအတွက် ပါတီစွဲ၊ ၀ါဒစွဲ ၊ ပုဂ္ဂိုလ်စွဲ စသည့် အစွဲအားလုံးကို လစ်လျှူရှုပြီး ပျော်ပျော်ပါးပါးဖြင့်  ပြည်သူ ကပေးအပ်ထားသော  တာဝန်များ ကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

SMT

No comments:

Post a Comment