Popular Posts

Friday, January 4, 2013

ပြည်ထောင်စုစိတ်ဓတ်အတွက် မြန်မာ့တပ်မတော်သားအများအပြားအသက်စွန့် လှူ ခဲ့ရ


 ကချင်ပြည်နယ်တွင် KIA နှင့်တပ်မတော်စစ်ကြောင်း တို့ စစ်ပွဲဆင်နွဲရာတွင် KIA က သမရိုးကျ မဟုတ် သော နည်းဖြင့် ထိုးစစ်ဆင်နွဲ ခဲ့ခြင်းကြောင့် မြန်မာ တပ်မတော်မှ တပ်မတော်သား အမြောက်အများ ပြည်ထောင်စု စိတ်ဓတ်အတွက် အသက်ပေးလှူခဲ့ရကြောင်းသိရသည်။
မြန်မာ့တပ်မတော်စစ်ကြောင်းများ က ကချင်KIA ၏ နောက်ဆုံးခံစစ်စည်းဖြစ်သော လကြမ်းယာ ကုန်း ကို ထိုးစစ်ဆင်ရာတွင် ခြေလျင် ခြေမြန် တပ်ရင်းများဖြင့် ထိုးစစ်ဆင်ခဲ့ပြီး သံချပ်ကာ နှင့် ယန္တရားများ အလွန်အကျူးသုံးစွဲခဲ့ခြင်းမရှိကြောင်း နှင့် မော်တော်ယဉ် သုံးစွဲခြင်း မရှိခဲ့ကြောင်း သိရသည်။
KIA ဘက်မှ Prado, Surf စသည့် တောင်ပေါ်မောင်း four wheels Drive မော်တော်ယာဉ်များပေါ်တွင် လေယာဉ်ပစ်စက်သေနတ်များတင်ဆောင်ပြီး မြန်မာ့တပ်မတော်ခြေလျင် စစ်ကြောင်းများ ကို မျဉ်းပြိုင် မောင်းနှင် ပစ်ခတ်ခဲ့မှုကြောင့် မြန်မာ့တပ်မတော်ဘက်မှ လကြမ်းယာ ကုန်းကို တပ်မတော်သားအများ အပြား အသက်ပေးလှူပြီး သိမ်း ပိုက်ခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည် ။
အချစ်နှင့် စစ်တွင် အောင်နိုင်ရေးအဓိက ဖြစ်သည့်အတွက် အသက်ပေးလှူသွားသည့် တပ်မတော်သား များကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် တရားသောအောင်မြင်ပါစေကြောင်း ဆု တောင်း လိုက်ပါသည်။
သီဟကိုကို (ခ)တင် ကို ကို (ဘ) ဗိုလ်မှူးကိုလေး   ကျဆုံးသူငယ်ချင်း မင်းရဲ့ လျော်ကြေး ကို ထုတ်မဲ့သူ မရှိလို့  နိုင်ငံတော်ကို ပေးအပ်လိုက်ပါသည်။ သူငယ်ချင်း ကောင်းရာသုဂတိလားပါစေ ။

No comments:

Post a Comment