Popular Posts

Thursday, January 3, 2013

Current Issues များ အကြောင်း ဆွေးနွေးရာ NLD က ပါတီများ လွတ်လပ်စွာ စည်းရုံးခွင့် ဆုံးရှုံးလျှက် ရှိနေကြောင်း တင်ပြ

                                                                                  



၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့၊ နေပြည်တော်တွင်၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာနိုင်ငံတွင်လက်ရှိဖြစ် ထွန်းနေသော ကိစ္စရပ်များနှင့်ပတ်သတ်၍ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားသည့် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးဥာဏ်ဝင်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း၊  အတွင်းရေးမှူး ဦးဥာဏ်ဝင်းနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သုသေသနဌာနမှ ကိုနေခြည်ဝင်း လည်းတက်ရောက် ကြောင်း သိရသည်။

နေ့လည် (၁)နာရီမှ ည ၈နာရီခွဲအထိ ကျင်းပ၍ ပါတီ (၅၃)ပါတီတက်ရောက်လာရာ ထိုအစည်းအဝေးပွဲတွင် တက်ရောက်လာသော ပါတီများမှ အများစုက ကချင်ပြည်နယ်အခြေအနေနှင့် ငြိမ်းချမ်းရေးကိစ္စများကိုတင်ပြ ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းက ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်းပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ဆောင်ရွက်ရန်ဆန္ဒရှိသည်ကို ထုတ်ဖော်ခဲ့ပြီးဖြစ်ကြောင်း၊ အခြားပါတီများကလဲ အလားတူဆန္ဒရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဦးဥာဏ်ဝင်းက မကြာမီကထုတ်ပြန်ခဲ့သော ပြည်ထောင်စုကော်မရှင်၏ စာအရ ပါတီအစည်းအဝေးများကို ပါတီရုံးမဟုတ်သောနေရာ၌ ကျင်းပလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်လိုအပ်ကြောင်းဟူသောချက်မှာ မဖြစ်သင့်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အရ ပါတီများလွတ်လပ်စွာ စည်းရုံးခွင့်ကို ထိခိုက်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုကော်မရှင်အတွင်းရေးမှူးက အုပ်ချုပ်ရေးမှူးဆိုသည့်နေရာတွင် အုပ်ချုပ်ရေးအဆောက်အအုံတွင်း၌ အုပ်ချုပ်ရေးတာဝန်ယူသူများကိုဆိုလိုခြင်းဖြစ်ကြောင်း ရှင်းလင်း၍ ပြည်ထောင်စုကော်မရှင်ဥက္ကဌမှလည်း အုပ်ချုပ်ရေးဆိုသည်မှာ အာဏာပိုင်ကိုဆိုလိုခြင်းဖြစ်ကြောင်း (၂) မျိုး ပြန်လည်ရှင်းလင်းခဲ့သည်။

ပါတီများလွတ်လပ်စွာ စည်းရုံးခွင့် ဆုံးရှုံးမှုအကြောင်း အသေးစိတ်သိရှိလိုပါက အတွင်းရေးမှူး ဦးဥာဏ်ဝင်း ( ဖုန်းနံပါတ် - ၀၉၅၁၇၉၂၄၇) နှင့် ကိုနေခြည်ဝင်း (ဖုန်းနံပါတ် - ၀၉ ၅၄၁၇၃၃၂)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည် ။

No comments:

Post a Comment