Popular Posts

Monday, January 7, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ တွင် မော်လမြိုင် NLD များ ခြေသွက်လက်စွမ်းပြ


မော်လမြိုင်မြို့၊မြေနီကုန်းရပ်ကွက် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ရန်
(၅.၁.၂၀၁၃) ရက်နေ့နံနက်(၀၉း၀၀)နာရီတွင်  မြေနီကုန်းရပ်ကွက်၊အခြေခံပညာရေးကျောင်း၊ မဟာမြိုင်တွင် မြို့နယ်တာဝန်ရှိ ရွေးချယ်ရေးအဖွဲ့မှ လာရောက်လျှက် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ပါတီကြီးတစ်ခုဖြစ်သည့် NLD ပါတီမှ ဦးကြည်သိန်းအား ရပ်ကွက်အုပ်ချုပ်ရေး မှူးအဖြစ် ရွေးချယ်ခဲ့ပါသည်။ 

 ရပ်ကွက်အုပ်ချုပ်ရေးဥပဒေတွင် အခန်း(၃) ပုဒ်မ(၅)အပိုဒ်ခွဲ (င)တွင် သက်ဆိုင် ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်းအနည်းဆုံး ဆယ်နှစ်နေထိုင်လျက် ရှိသူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တစ်ကယ်နေထိုင်သူဖြစ်ခြင်းဟုပါရှိသော်လည်း ရွေးချယ်ရေးအဖွဲ့သည် သေချာစွာစုံစမ်းခြင်းမပြု
ဘဲရွေးချယ်ခဲ့သည်ဟု ထင်ပါသည်။
ဦးကြည်သိန်းသည် မြေနီကုန်းရပ်ကွက်တွင်အစဉ်နေထိုင်သူမဖြစ်သလို (၂၀၀၇)ခုနှစ်ခန့်မှ ဈေးကြိုရပ်ကွက်မှ ပြောင်းေ၇ွှ့နေထိုင်လာသူဖြစ်ပြီး ၄င်း၏အိမ်ကို လည်း(ABC)ကုမ္မဏီ
အား နှစ်ချုပ်ဌါးရမ်းထားပြီး ရွှေ့ပြောင်းနေထိုင်သူဖြစ်ပါလျှက် လိမ်လည်ရွေးချယ်ခံခဲ့သူ ဖြစ်ကြောင်းတွေ့ ရပါသည်။ထို့အတူအပိုဒ်ခွဲ(စ)တွင် ရပ်ရွာကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း  ဟုပါရှိသော်လည်း ဦးကြည်သိန်းသည်၁၉၈၇ခုနှစ်၌ ဒေါက်တာလွမ်းသာ၏ညီဖြစ်သူပလားနီ(ခ)ဦးမျိုးလွင်မှ ယုံကြည်အပ်နှံလွှဲအပ်ခဲ့သည့် ဆိုင်ခန်းအား အလွဲသုံးစားပြုခဲ့မှုဖြင့်တရားစွဲခံရပြီး ပြစ်ဒဏ်(၁)နှစ်ကျခံရဖူးသော  သူဖြစ်ပါသည်။ ထို့ကြောင့် ရွေးချယ်ရေးအဖွဲ့များ မည်သို့ရွေးချယ်သွားသည်ကို စဥ်းစားမရဖြစ်နေပါသည်။
ထိုရွေးကောက်ပွဲအား မော်လမြိုင်မြို့၊မြေနီကုန်းရပ်ကွက်နယ်မြေ(၁)နေ ဦးမောင်မြင့်(MME-၆၂၃၈၁၁)ကိုင်ဆောင်သူ၏ တိုင်ကြားစားအား အောက်တွင်ဖော်ပြအပ်ပါသည်။

ထို့အတူမော်လမြိုင်မြို့နယ် ကျိုက်ဖနဲရပ်ကွက်တွင် လည်း (၆.၁.၂၀၁၃)ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရာ ပါတီကြီးတစ်ခုမှဦးကြည်စိုးအားလူအင်အားဖြင့်ပူးပေါင်းဆောင်ရွက်ပြီး
အုပ်ချုပ်ရေးးမှူးဖြစ်ရန်အားထုတ်ခဲ့ကြပါသည်။
ရွေးချယ်ရေးအဖွဲ့မှ လည်းသေချာစွာစစ်ဆေးခြင်းမပြုဘဲ အတည်ပြုခဲ့ပါသည်။သို့သော်ထို ဦးကြည်စိုးမှာ (၂၀၀၉)တွင်မှ ကျိုက်ဖနဲ ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သူဖြစ်ပါသည်။ ထိုဖြစ်စဉ်များ ကိုကြည့်ခြင်းအားဖြင့် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးသည်  သေချာစွာ စီစစ်ခြင်းမပြုဘဲ အုပ်ချုပ်ရေးမှူးရွေးချယ်တင်မြှောက်ပွဲများအား ပြီးစလွယ်ဆောင် ရွက်နေကြောင်း တွေ့ရှိရပါသည်။
မွန် မျိုးဆက်သစ် ဘလော့မှကူးယူဖော်ပြသည်။

No comments:

Post a Comment