Popular Posts

Saturday, January 12, 2013

၂၀၁၅ ခုနှစ်တွင် Expire Date ဖြစ်တော့မည်ဟုသတ်မှတ်ခံထားရသည့် USDP ပါတီမှ နုတ်ထွက်သူများရှိလာခြင်း ။


မော်လမြိုင်တွင် USDPက ဦးတင်စိုးမိုးနိုင် ပါတီကနုတ်ထွက်

           ဧပြီလ(၁) ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သော မွန်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးတင်စိုးမိုးနိုင်(ခေါ်)ဦးပီတာ သည် ယခုအခါတွင် ယင်းပါတီမှ နုတ်ထွက်ခွင့်တင်လိုက်ပြီးလို့ ၄င်းနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက သိရှိရပါတယ်။

           ဦးတင်စိုးမိုးနိုင် ဟာဆိုရင် ၁၉၉၃ ခုနှစ် ပြည်ခိုင်ဖြိုးအသင်း စတင်ဖွဲ့စည်းပြီး ယခုအချိန်ထိ အတွင်းရေးမှူးတာဝန်ကိုယူထားသူ တစ်ဦးလည်းဖြစ်ပြီး အစဉ်အဆက် အသင်းကနေ ပါတီအထိကို အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေသူတစ်ဦးအဖြစ် နာမည်ကျော်ဇော နေသူလည်းဖြစ်ပါတယ်။

         ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရွေးမခံဘဲ ပြည်နယ်ဝန်ကြီးတစ်နေရာ ရရှိလိမ့်မည်လို့ယူဆထားသူ တစ်ဦးဖြစ်ပြီး တကယ်တမ်း လွတ်တော်စနစ်အရ ပြည်သူရွေးချယ်သော ကိုယ်စားလှယ်များသာ နေရာရလာသောအခါ ထိုစဉ်က ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ရွေးကောက်ပွဲတွင် မိမိအား ကိုယ်စားလှယ်အဖြစ် မတင်သွင်းခြင်းအပေါ် မကျေနပ်မှုများရှိနေကြောင်း နီးစပ်သူများထံမှ သိရှိရပါတယ်။

          ဒါ့အပြင် မကြာခဏအသင်းအလုပ်အမှုဆောင်များကို တာဝန်မှရပ်စဲခြင်း၊ အရံအမှုဆောင် အဖြစ်ထားရှိခြင်းများကြောင့်လည်း ဗဟိုအလုပ်အမှုဆောင်များက မကြာခဏသတိပေးခြင်း ခံရသူလည်း ဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ မိမိပါတီအပြည့်အ၀ အနိုင်မရရှိတဲ့မြို့နယ်များ ဖြစ်တဲ့ (ရေးမြို့နယ်၊ချောင်းဆုံမြို့နယ်၊သထုံမြို့နယ်) အပါအ၀င်မြို့နယ်အချို့မှာ ၄င်းရဲ့ လက်ညှိုးထောင် ခေါင်းညိတ် စေလိုရာစေသူများနဲ့ ပါတီစည်းရုံးရေးကော်မတီဖွဲ့စည်းပြီး ပါတီအမှုဆောင်ဟောင်းတွေကို တာဝန်ကရပ်စဲခဲ့သူဖြစ်ပါတယ်။

          အသင်းမှ ပါတီသို့ ကူးပြောင်းစဉ်တွင် တစ်ကြိမ်၊ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်တစ်ကြိမ်

သွေးသစ်လောင်းသည်။ ပါတီသန့်စင်သည်ဟူသော အကြောင်းပြချက်ဖြင့်ဖြုတ်ထုတ်သတ် လုပ်ခဲ့သည့်ဖယ်ထုတ်ခံရသူအများစုသည် နှစ်ရှည်လများ ပါတီတွင် တာ၀၀န်ထမ်းခဲ့သူများ ဗဟိုသင်တန်းများအား တက်ရောက်ခဲ့သူများအများစု ပါဝင်နေသည်ကိုတွေ့ရသည်။ တနည်း အားဖြင့်သွေးသစ်လောင်းခြင်း၊ ပါတီသန့်စင်ခြင်းဆိုခြင်းထက် ယင်း၏နောက်ကြောင်းနှင့်ပတ်သက်၍ သိထားသူများအား ဖယ်ရှားကာ ၄င်းသြဇာခံပုဂိုလ်များကို အစားထိုးခဲ့ခြင်းဖြစ်သည်"

          မကြာခင်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် မော်လမြိုင်မြို့များမှာ ပြုလုပ်သွားတဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(၂)ဦး နဲ့ ခရိုင်မြို့နယ် ပါတီအလုပ်အမှုဆောင် များနဲ့တွေ့ဆုံပွဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ မှာကြားချက်များကို မကျေနပ်သောကြောင့် မွန်ပြည်နယ်ပါတီ အတွင်းရေးမှူးအဖြစ်က နုတ်ထွက်ခြင်း ဖြစ်သည်ဟုသိရှိရသည်။

          ယင်းသို့နုတ်ထွက်မှုကြောင့် ယခင် အသင်းအလုပ်အမှုဆောင်များ အဖြစ်က ရပ်စဲခံထားရသူများအနေဖြင့် ပါတီလုပ်ငန်းများအပေါ် စိတ်ပါဝင်စားစွာဆောင်ရွက်ရန် စိတ်အားထက်သန်နေကြကြောင်းသိရှိရသည်။

 

1 comment:

  1. ၂၀၁၅ အခြေအနေကို ခန့်မှန်းမိသွားပြီး မဟန်တော့မှန်းသိတာနဲ့ လစ်ပြေးတာနဲ့တူတယ်၊ မကြာခင် အဲဒီလူရင်ဘတ်မှာ ဒေါင်းတံဆိပ်ရောက်လာပါတော့မယ် ကြည့်ထားကြ။ နှစ်ပေါင်းများစွာ အဆီအနှစ်တွေ ခပ်စားလာပြီးမှ အရိုးတောင်မကိုက်ရတဲ့ အောက်ခြေပါတီဝင်တွေမျက်နှာကို မထောက်ပဲ “ငါကောင်းစားရေး”ကိုသာ ရှေ့ရှုတဲ့ အဲလိုခေါင်းဆောင်မျိုး အခြားပါတီတွေကလည်း လက်ခံမှာမဟုတ်လေတော့ မကြာခင် မျက်နှာပြောင်ကြီးနဲ့ ကြံ့ဖွတ်ထဲကိုသာ ပြန်ဝင်လာပါလိမ့်မယ် စောင့်ကြည့်။

    ReplyDelete