Popular Posts

Monday, May 29, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ မေ ၂၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင် ငံခြား ရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန် အား ယနေ့ နံနက် ၁၀ နာ ရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။


တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။




တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့် အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် လည်း တက်ရောက်သည်။
Myanmar President Office ဖေ့ဘုတ် စာမျက်နှာမှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment