Popular Posts

Sunday, May 28, 2017

န၀တ အစိုးရအဖွဲ့ဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့် ကွယ်လွန်





နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)အစိုးရအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးညွန့် ဟာ မေ(၂၆)ရက်(သောကြာနေ့ ) ညပိုင်းက ရန်ကုန် မြို့ ရှိ အမှတ်(၁) တပ်မတော် ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့  ကျန်ရစ်သူ မိသားစုရဲ့  နာရေး ကြေညာ ချက် အရ သိရသည်။ 
ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးညွန့်ဟာ  (၁၉၈၈)ခုနှစ် တပ်မတော်က အာဏာသိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)ဖွဲ့စဉ် က စပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဝင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်၊ သာသနာရေးဝန်ကြီး တာဝန်နဲ့  အမျိုးသားညီလာခံကျင်းပရေး တာဝန်တွေကို ထမ်းဆောင်ခဲ့ ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်းမျိုးညွန့်ကို  မြစ်သားမြို့ တရုတ်တန်းနေ ဦးဘလေးနဲ့ ဒေါ်စောချယ်တို့ ကနေ မွေးဖွားခဲ့တာဖြစ်ပြီး  ကွယ်လွန်ချိန်မှာ အသက်(၉၀)ရှိပြီ ဖြစ်ပါတယ်။
သူ့ရဲ့ဈာပနကို မေ(၂၈)ရက် မွန်းလွဲပိုင်းမှာ မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာ မီးသဂြုင်္ိဟ် ဂူသွင်းခဲ့ ကြောင်း သတင်း ရရှိသည် ။ Credit - Central_News_Bureau

No comments:

Post a Comment