Popular Posts
Monday, May 29, 2017
တာမွေ မြို့ နယ် ဥပဒေ အရာရှိ တရားလို အမှုသည် ထံ မှ ငွေကျပ် သိန်း(၂၀) တောင်းခံမှု လူမှုကွန်ရက် တွင် ပျံ့ နှံ့ 
(အွန်လိုင်း ဖေ့ဘုတ်  စာမျာက်နှာ သို့ တိုင်ကြားစာ)
ကျွန်မသည် ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊က/ဂ ရပ်ကွက်၊ဗညားဒလလမ်မကြီး၊တိုက်အမှတ် ( ၁၃၂ ) ၊ အခန်း ၄လွှာ တွင်နေထိုင်နေသော မစိုးမိုးအေး ( ၁၂/သကတ နိုင် ၁၃၄၀၃၅ )  ဖြစ်ပါသည် ။
 ကျွန်မတိုင်ကြားလိုသည်မှာ အမ အရင်းဖြစ်သူ တာမွေမြို့နယ် htet mobile ပိုင်ရှင် မထက်ထက်လွင် မှ တရားလိုတိုင်တန်းခဲ့သော တာမွေမြို့မရဲစခန်း ၏ ပ- ၇၁၆ /၂၀၁၆ ပုဒ်မ ၄၀၈ အမှုအတွက် တာမွေ မြို့နယ် ဥပဒေ အရာရှိ ဒေါ်မြမြစိုးမှ သူဘဲရှေ့နေ သူဘဲ ဥပဒေအကြံပေး ဟုပြောကာ ၄င်းအတွက် (၁၀)သိန်း ဟိုဘက်အတွက် (တရားသူကြီး) (၁၀)သိန်းပေးရန်တောင်းခံခဲ့ပါသည် ။
 ထို့အပြင်ရှေ့နေငှားမည်ဆိုပါက ဒီအမှုအား လှည့် မကြည့်တော့မည်ဖြစ်ကြောင်းပြောကြားသဖြင့် ကျွန်မ နှင့် အမဖြစ်သူမှအမှုအကြောင်းနားမလည်သဖြင့် သူပြောတဲ့ အတိုင်း သိန်း (၂၀) ကို ဘယ်လို ယူ မှာလဲဟုမေးသော အခါ သူ (၁၀) သိန်း တရားသူကြီး (၁၀) သိန်းခွဲယူရမည် ဟုပြောသောကြောင့် အသင့်ပါလာငွေ (၁၀) သိန်းအား  ပေးခဲ့ပြီး ကျန်ငွေ ၁၀ သိန်းအား ဒေါ်မြမြစိုးမှ နောက် တစ်ပါတ် တွင် အမ ထံ ဖုန်းခေါ်၍ တောင်းခံခဲ့ သဖြင့်  အမ မှ ဒေါ်မြမြစိုး ရုံးသို့ ဆိုင်ရှိတပည့်ဖြစ်သူအား အဖော်ခေါ်၍ သွားပေးခဲ့ပါသည်။ 
 အဆိုပါငွေပေးနေမှုအား တပည့်ဖြစ်သူ မှ ကားပေါ် တွင် ကင်မရာစမ်းနေရာမှ ငွေပေးငွေယူအစအဆုံး
ရိုက်ကူးမိနေကြောင်း နောက်တစ်နေ့ကြမှ အမ မထက်ထက်လွင် အားပြောကြားခဲ့၍ အမ မှ သိရှိခဲ့ပါ သည်။
သို့ဖြစ်၍ အမှုအကြောင်းမသိနားမလည်သူ ပြည်သူ လူထုအား အမှုအားအကြောင်းအမျိုးမျိုးပြ၍ လာဘ်ငွေ သိန်း (၂၀) ရယူ သူ များအားဥပဒေ အရ အရေးယူပေးပါရန် ငွေပေးငွေယူနေသော အထောက်အထား ဓါတ်ပုံမှတ်  တမ်း များနှင့် တကွ လူမှုကွန်ရက် စာမျက်နှာမှတဆင့်  တင်ပြ တိုင်ကြားအပ်ပါသည်။
 (ငွေပေးငွေယူပြုလုပ်နေသော (၁၇) မိနစ်ခန့်ကြာရှည်သည့် အထောက်အထားမှတ်တမ်း video file နှင့် ဟိုဘက် ဒီဘက် ခွဲယူရမည်ဆိုသော အသံ ဖိုင် များအား သက်ဆိုင်ရာဌာနများမှ ခေါ်ယူစစ်ဆေး သည့်အချိန်တွင် တင်ပြ အစစ်ဆေးခံသွားမည် ဖြစ်ပါသည်)
တိုင်ကြားသူ
မစိုးမိုးအေး
အခန်း(၄)..တိုက်အမှတ်(၁၃၂)၊
ဗညားဒလ လမ်းမကြီး၊က/ဂ ရပ်ကွက်၊
ဖုန်း ၀၉၇၇၃၇၉၇၉၂၂
Credit=Shwe Ta Kar
No comments:
Post a Comment