Popular Posts

Wednesday, May 24, 2017

ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တွေးခေါ်မှုဆိုင်မှုဆိုင်ရာ ပဋိပက္ခ ဖြစ်ပွား

ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး နှင့် နိုင်ငံတော် အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည် တို့  တွေ့ ဆုံ နှုတ်ဆက်မှုတွင်  မာသာထရီဆာ  ကို တွေ့ ဆုံ သကဲ့ သို့  ဖေါ်ကျူး သရုပ်ဆောင်ခဲ့ကြောင်း သိ ရသည်။

သို့ သော်လည်း ဒုတိယ အကြိမ် ပင်လုံ ညီလာခံ တွင် ဒို့ တာဝန် အရေး (၃) ပါး ကို မလိုသူများက  တပ်မတော် ၏ ၀ါဒဖြန့် ဆောင်ပုဒ် အဖြစ် ပုံဖေါ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မှ  ပြောကြားခဲ့သည်။

တပ်မတော်သားများအတွင်း အတွေးအခေါ်ပိုင်း ဆိုင်ရာ ပဋိပက္ခ များ ဖြစ်ပေါ်လျှက်ရှိနေကြောင်း၊ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ အမိန့် နာခံမှုဆိုင်ရာ အပိုင်း နှင့်   နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မာသာထရီဇာ ကဲ့သို့ ထင်မှတ် ကိုးစားစိတ်များ လွန်ဆွဲ ဖြစ်ပေါ်လျက်ရှိ နေကြောင်း သတင်းထောက်များ ၏ တပ်မတော်သားများအား တွေ့ ဆုံမေးမြန်းမှု အရ  သိရသည်။

ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး အနေဖြင့် အမိန့် ၊ တာဝန် နှင့်  ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ခင် လေးစား အားကျ မှု များ မှာ တွေးခေါ်မှု ဆိုင် ရာ ပဋိ ပက္ခ များ ဖြစ်ပေါ်နေ ကြောင်း ဓတ်ပုံ သတင်းများ က သက်သေခံလျက်ရှိသည်။
 = = = == = = = = = == = = = == = = = == = = = == = =
တပ်မတော်အရာရှိဟောင်း ဦးသန်းဌေး အနေဖြင့် ဒို့တာဝန်အရေး ၃ ပါးကို မလိုသူများက တပ်မတော်၏ ၀ါဒဖြန့်ဆောင်ပုဒ်အဖြစ် ပုံဖျက်ခဲ့ ကြ ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော ...
24.5.2017
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်တာဝန် အရေး ၃ ပါးကို မလိုသူများက တပ်မတော်၏ ၀ါဒဖြန့်ဆောင်ပုဒ်အဖြစ် ပုံဖျက်ခဲ့ကြ ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

မေ ၂၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC-2) တွင် ကျင်းပ သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးဖွင့်ပွဲတွင် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒို့တာဝန်အရေး ၃ ပါးဆိုပြီး တပ်မတော်အစိုးရလက်ထက်က စလို့ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိဖြစ်အောင် အမျိုး သားအကျိုးစီးပွားအတွက် ဖော်ထုတ်ကာကွယ်စောင့်ရှောက်လာခဲ့တဲ့အတွက် မလိုသူများက တပ်မတော် ရဲ့ ၀ါဒဖြန့်ဆောင်ပုဒ် န၀တ၊ နယက အစိုးရများရဲ့ ၀ါဒဖြန့်ဆောင်ပုဒ်ဖြင့် တံဆိပ်ကပ် ပုံဖျက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲများကို ဘေးဖယ်ပြီး အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီအရေး ကိစ္စ (၃) ချက်ဟာ ပြည်ထောင်စုကြီးရဲ့ သစ္စာတရား အမှန်ဖြစ်ကြောင်း သိသာထင်ရှားပါတယ်” ဟု ၄င်းက ပြောသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရေးဆွဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တဆင့်ပေါ်ထွက်လာတဲ့ ‘ဖက်ဒရယ်စနစ်မှာ အခြေခံရမယ့်မူများ’ ထဲက တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးနဲ့ ပတ် သက်၍ တင်ပြရလျှင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တော့ ညီညွတ်ဖို့လိုပါတယ်။ ကွဲလွဲခွင့်၊ ကျော်လွန်ခွင့်မရှိပါ။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်း မရှိစေရပါဘူး။

ဖက်ဒရယ်အစိတ်အပိုင်း Unit များ၏ သီးသန့်ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားပြဋ္ဌာန်း၊ ကျင့်သုံး ခွင့်ကို ခွင့်ပြုတဲ့ USA, Australia, Germay နဲ့ Swizerland နိုင်ငံများမှာရှိတဲ့ ပြည်နယ်များ Lander များ Conton များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ယင်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲခွင့်မရှိပါ။

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅၀ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများသည်လည်း The Constitution of the United States of American နှင့် အညီသာ ဖြစ်ရပါတယ်” ဟု ၄င်းက ပြောသည်။

 နှင်းမောင်ဦး
News Watch

No comments:

Post a Comment