Popular Posts

Monday, May 15, 2017

ရိုက်စား အစိုးရ အဖွဲ့ ဝင် များကို အရေးယူပေးပါ - အမေစု ထံ ပေးစာ ( ၁ )



လေးစားရပါသော အမေ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ …..


ကျွန်တော်များ ရန်ကုန်ကြေးမုံ နိုင်ငံရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ တိုင်ကြားစာ တစ်စောင် ပြည်သူ့  ထံ မှ လက်ခံရရှိခဲ့ပါသည် ခင်ဗျာ …
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော် မှာ လုပ်ငန်းရှင် များ မွေးမြူကာ အစိုးရ တင်ဒါများကို ခွဲတမ်းပေး ခွင့်ပြုပေးလျက်ရှိနေကြောင်း သိရသည်။


ပို့ ဆောင်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာနမှ  ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့ နယ် အတွင်း လိုအပ်လျက်ရှိသည့် စာတိုက်ရုံး တစ်ရုံး ဆောက်လုပ်ရန် အတွက် ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံး မှ တင်ဒါ ခေါ်ယူခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့  လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်မှ တင်ဒါအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်း တင်ဒါ အဖွဲ့ တွင် ရန်ကုန်တိုင်းဒေ သကြီး စာတိုက်မှူး ကို လည်း တင်ဒါ လက်ခံ အဖွဲ့  ၀င်  တစ်ဦး အဖြစ်  ဆောင်ရွက်စေခဲ့ပါသည်။ 
တင်ဒါ စည်းမျဉ်း စည်းကမ်းအရ Quotation တူ ၊ Quality တူ လျင် ဈေးနည်းသူကို ဆောက်လုပ်ခွင့် ပေးရမည် ဖြစ်သော်လည်း စာတိုက်ဆောက်လုပ်ရေး တင်ဒါအဖွဲ့  ခေါင်းဆောင် ဒေါ်နီလာကျော် မှ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီး သူ တစ်ဦး ကို အမြင့်ဆုံး ဈေးဖြင့် ဆောက်လုပ်ခွင့် ပေးခဲ့သည့် ကျောက်တန်း မြို့ နယ် စာတိုက်ရုံး ဆောက်လုပ်မှု  တင်ဒါ ခေါ်ယူမှုဆိုင်ရာ အဂတိ လိုက်စားမှု ဖြစ်ပွား ပေါ်ပေါက် ခဲ့သည် ကို လေ့လာသိရှိရသည် ။
တိုင်ကြားသူက တိုင်ကြားသော်လည်း တင်ဒါ အဖွဲ့ ခေါင်းဆောင် ဒေါ်နီလာကျော်မှ တာဝန်ယူ ဖြေရှင်းခြင်း မရှိပဲ တင်ဒါ အဖွဲ့ တွင် ပါဝင်သူ ရန်ကုန် စာတိုက်မှူး အား လက်ညှိုး ထိုး အပြစ် ခံ ယူ စေခဲ့ သည့် အထိ ဖြစ်ပွားခဲ့ ကြောင်း ကွင်းဆင်းမေးမြန်းမှုများအရ သိရသည် ။
သို့ ဖြစ်ပါသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် မှ ခန့်  အပ် ထား သော အစိုးရ အဖွဲ့  ၀င်များ ၏ အဂတိ တရား လက်ကိုင်ထား ဆောင်ရွက်နေမှု ကို စစ်ဆေး အရေးယူ ပေးပါရန် လေးစားစွာ တိုက်တွန်း ပန်ကြားပါသည် ။

ရန်ကုန်ကြေးမုံ

No comments:

Post a Comment