Popular Posts

Monday, May 29, 2017

"မြန်မာနိုင်ငံက ရိုဟင်ဂျာဆိုသူတွေဟာ အိုင်အက်စ်ရဲ့အေးဂျင့်တွေ " လို့ သီရိလင်္ကာ မဘသ ဘုန်းတော်ကြီး ပြောကြား



သီရိလင်္ကာနိုင်ငံမှာရှိတဲ့ မူဆလင်တွေက အကြမ်းဖက်သမားတွေဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ အမည်ခံ ထားသူတွေဟာ အိုင်အက်စ်(ISIS) အဖွဲ့ရဲ့ အေးဂျင့်တွေဖြစ်တယ်လို့ သီရိလင်္ကာ  နိုင်ငံက ဘာသာရေး အစွန်းရောက်အဖွဲ့လို့ သတ်မှတ်ခံရတဲ့  ဘိုဒူဘာလာဆီနာ ခေါ် BBS( သီရိ လင်္ကာ မဘသ) အဖွဲ့ကြီး ကပြောဆိုလိုက်ပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများပါဝင်တဲ့ အဆိုပါ ဘီဘီအက်စ်ဟာ သီရိလင်္ကာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး မူဆလင်အကြမ်းဖက်ဝါဒကို အမြဲရှုံ့ချ ကန့်ကွက်လေ့ရှိသူတွေဖြစ် ပါတယ်။ 
လတ်တလောမှာ မူဆလင်လူမျိုးများပိုင်ဆိုင်သည့် ဆိုင်ခန်းများနဲ့ ဗလီများတိုက်ခိုက်ခံရမှုမှာတော့ ဘီဘီအက်စ်ပါဝင်ခြင်းမရှိဘူးလို့ ဗုဒ္ဓဘာသာ အရေးတက်ကြွလှုပ်ရှားသူအများအဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒီလမ်သာ ၀ီသာနာဂီက ဆိုပါတယ်။ ဒီလမ်သာက ပြောကြားခဲ့တာကတော့ မူဆလင်တွေ အနေနဲ့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ၀ီလ်ပါတူတောအတွင်းမှာ မူဆလင်ကိုလိုနီတစ်ခု တည်ထောင်နေပြီး အိုင်အက်စ်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သီရိလင်္ကာနဲ့ အိန္ဒိယမှာ အင်အား တောင့်တင်းနေကြောင်း လည်းဆိုပါတယ်။
နိုင်ငံရဲ့ အရှေ့ပိုင်း မှာလည်း ရှေးဟောင်းသုတေသနပညာအရ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ကျောင်းတော်နေ ရာတွေ ကိုလည်း မူဆလင်တွေက ဖယ်ရှားမှုတွေ လုပ်နေတယ်လို့ ဒီလမ်သာ က ဆိုပါတယ်။ ဒါ့အပြင် မေလ ၁ ရက်က သီရိလင်္ကာရေပြင်မှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာဆိုသူ ၃၂ ဦးဟာ အိန္ဒိယနိုင်ငံမှာ အခြေအနေမကောင်းလို့ သီရိလင်္ကာနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ အိုင်အက်စ် အဖွဲ့ရဲ့အေးဂျင့်တွေသာ ဖြစ်တယ်လို့ လည်း ၎င်းက ဆိုပါတယ်။ 
အဆိုပါ ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာနိုင်ငံကလာတဲ့ မြန်မာတိုင်းရင်းသားထဲကဆိုရင် မြန်မာဘာသာ စ ကားပြောနိုင် ရ မှာ ပြောတတ်ရမှာဖြစ်သော်လည်း မြန်မာစကားကို မပြောတတ်ဘဲ ဘင်္ဂါလီစကားသာ ပြောသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား မူဆလင်များသာဖြစ်ရမယ်လို့ လည်းဆိုပါတယ်။ ထိန်းသိမ်းထားတဲ့ ၎င်းဘင်္ဂလီစကားပြောသူများတွင် ကလေး ၁၆ ဦးပါဝင်ကာ ၁၅ လအရွယ် ကလေး တစ်ဦးပါဝင်ပါတယ်။ ဘီဘီအက်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗန်နာနာဆရာသီယိုဟာ လက်ရှိမှာ မူဆလင်အဆောက်အအုံတွေကို ဖျက်ဆီးမှုများရဲ့ နောက်ကွယ်က ကြိုးကိုင်သူအဖြစ်နဲ့ တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ယခင်ကလည်း အလားတူစွပ်စွဲချက်များနဲ့ တရားရုံးမှာ မကြာခဏ စွဲဆိုခံရခဲ့ဖူးပါတယ်။ BBS ခေါင်းဆောင်ဖြစ်သူ ဗန်နာနာဆရာသီယိုကို မူဆလင်တွေက ထောင်အတွင်းမှာ လုပ်ကြံသတ်ဖြတ်ပစ်ဖို့ အစီအစဉ်တွေရှိတယ်ဆိုတာကို ဖော်ထုတ်သိရှိထားကြောင်းလည်း ဒီလမ်သာက မီဒီယာတွေကို ပြောကြားခဲ့သလို ဗုဒ္ဓဘာသာရဟန်းတော်တွေအနေနဲ့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ 
ဒါကြောင့် အစိုးရအာဏာပိုင်တွေအနေနဲ့လည်း သီယိုကို ဖမ်းဆီးထားတရားစွဲထားသလို ရဲတွေအနေ နဲ့လည်း မူဆလင်အကြမ်းဖက်သမားတွေကို ဖမ်းဆီးသင့်တယ်လို့ ဆင်ဟာလာရာဝယ အဖွဲ့ခေါင်းဆောင် ဗုဒ္ဓဘာသာရဟန်းတော် သုဒသိတက သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အာဏာပိုင်တွေကတော့ မူဆလင်ဖြစ်ဖြစ် ဗုဒ္ဓဘာသာဖြစ်ဖြစ် အကြမ်းတိုက်ခိုက်တဲ့လုပ်ရပ် လုပ်ကိုင် သူမှန်သမျှကို စစ်ဆေးဖော်ထုတ်နှိမ်နင်းဖို့ အမိန့်ပေးထားပြီး အထူးရဲတပ်ဖွဲ့တွေလည်း ဖွဲ့ စည်းထား တယ်လို့ သိရပါတယ်။
AkonThi ( ဖေ့ဘုတ် စာမျက် နှာ ) / Edkza  မှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment