Popular Posts

Monday, July 21, 2014

ပြည်သူ့ မျက် ရည် ဖြင့် ကြီးပွားခဲ့သူများမှ ပီတိမျက်ရည်စားသုံးရန်ကြိုးစားသူများ (၁)



တပ်မတော်အစိုးရလက်ထက်တွင်  တပ်မတော်ကောင်းမှုကြောင့် ကြီးပွားတိုးတက်ခဲ့သူများထဲတွင် ထူးထရေး ဒင်းလဲ ပါဝင်လျှက်ရှိရာ တပ်မတော်လက်ထက် မြေယာအမြောက်အများကို ပိုင်ဆိုင်ခဲ့သည့် ဦးတေဇ မှာ အများ ပြည်သူထံ မှ မျက်ရည်ပေါက်ကြီးငယ်ကျ အောင် စိတ်ဆင်းရဲအောင် ဆောင်ရွက်ပြီး ရယူထားသည့် လယ်မြေ ဧကများစွာကို ပိုင်ရှင်လက်ဝယ်ထံသို့ ပေးအပ်ရန် မြွက်ဟကြေညာခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပိုင်ရှင်လက် ၀ယ် ပြန်လည် အပ်နှံ မည်ဟု ထုတ်ဖေါ်  ပြောကြားခဲ့သည်။
တပ်မတော်အစိုးရလက်ထက် ပြည်သူ့ မျက် ရည် ဖြင့် ကြီးပွားခဲ့မှုများကို အဖတ်ဆည်နိုင်ရေး အတွက် ပြည် သူ လူထု ၏ အမုန်း မျက် ရည် မှ အပြုံးမျက်ရည် အဖြစ် သို့ ပြောင်းလဲနိုင်အောင်  အလှူ    ဒါန မျိုး စုံပြု လုပ် လျှက် ရှိရာ  ၁၈.၇.၂ဝ၁၄ ရက်နေ့တွင် ထူးကုမ္မဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇ ၏ ရွှေရတုမွေး နေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ  ငွေ သိန်း (၅ဝ) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည် ။
နာရေးကူညီမှုအသင်း-ရန်ကုန်

1 comment:

  1. ဦးတေဇ က မှ သူတော်ကောင်းဆန်ပြီး တပ်မတော်အစိုးရလက်ထက် သိမ်းဆည်းထားတဲ့လယ်မြေ တွေ ပြန်ပေးမယ် ပြောနေသေးတယ် ။ ဇေကမ္ဘာ ဦးခင်ရွှေ ကတော့  လယ်သမား တွေ ရဲ့ လယ်မြေတွေ သိမ်းပြီးလယ်သမားမျက်ရည်နဲ့ ကြီးပွားနေတာ သူ့ ရဲ့  မြေယာရှင်းလင်းရေး တာဝန်ခံ ကတော့ တပ်မတော်အစိုးရလက်ထက်မှာ သိမ်းဆည်းထားတဲ့လယ်ယာမြေတွေ ပြန်ပေးဖို့ အစီအစဉ် လျော်ပေးဖို့ အစီအစဉ်မရှိဘူးပဲပြောနေတယ်
    ဦးတေဇ နဲ့  ဦးခင်ရွှေ နဲ့  ကတော့ နံ့ သာ ဆီနဲ့  အီးလို ပဲ

    ပြည်သူ့ မျက်ရည် နဲ့  ဗိုက် ပူနေ ကြတယ်

    ReplyDelete