Popular Posts

Tuesday, July 1, 2014

အနာဂါတ်အမိမြန်မာ့မြေကို ဘင်္ဂလားဒေ့ရှ် ပိုင်မြေမဖြစ်ရလေအောင်

တောင်ပိုင်းရှမ်းပြည်၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့၊ နောင်တောင်ပရဟိတ ဘကကျောင်းတော်ကြီး၌ ၂၀၁၄၊မေ၊(၁၉) မှ ၂၀၁၄၊မေ၊(၂၃) ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နည်းပြ ဆရာတော်သံဃာတော်များ၊ ဆရာဆရာမများ အဖွဲ့ ပေါင်း (၁၉၃)ဖွဲ့၊ အင်အား (၂၈၀၇)ဦးတို့က ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာ ညီလာခံကြီး မှ ညှိနှိုင်း ဆုံးဖြတ်ချက်
နေ့စွဲ ။ ။ ၁၃၇၆-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၀)ရက် ၂၃၊ ၅၊ ၂၀၁၄ (သောကြာနေ့)
ဒုတိယအကြိမ် မြောက် ယဉ်ကျေးလိမ္မာ ညီလာခံကြီးကို ၁၃၇၆-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆)ရက်မှ (၁၀ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့က ကြီးမှူးကျင်းပသည့်)ရက်၊ (၁၉-၅-၂၀၁၄) မှ (၂၃-၅-၂၀၁၄) နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသော ဟိုပုံးမြို့၊ နောင်တောင်ပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထိုညီလာခံကြီးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ အကြီးအမှူး သံဃာတော်များ၊ လူမှုကရုဏာဖောင်ဒေးရှင်းများ၊ ဓမ္မစကူးလ် ဓမ္မကျောင်းတော်နှင့် နိုင်ငံတစ်ဝှမ်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အခြေပြုသည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုယ်စားလှယ်များ၊ သံဃာတော် (၁၀၀၇)ပါး၊ သီလရှင် (၁၈)ပါး၊ အမျိုးသား (၄၆၁)ဦး၊ အမျိုးသမီး (၁၃၂၁)ဦး စုစုပေါင်း အင်အား (၂၈၀၇)ဦး တက်ရောက်ခဲ့ပါသည်။

ထိုညီလာခံကိုယ်စားလှယ်ကြီးများသည် ငါးရက်တိုင်တိုင် ဆွေးနွေးညှိနှိုင်းချက်များအရ အောက်ပါ ဆုံးဖြတ်ချက် (၅)ရပ်ကို ဆုံးဖြတ်ခဲ့ကြပါသည်။

၁။ မြန်မာနိုင်ငံ ပြည်သူများအား ဘဝဆုံးရှုံး လူညွန့်တုံးစေသော အရက်သေစာ,ဘီယာ မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို ထိန်းချုပ်ပေးရေး တောင်းဆိုသွားမည်ဟု ဆုံးဖြတ်သည်။

၂။ မျိုးဆက်သစ်လူငယ်များ၏ အကျင့်စာရိတ္တနှင့် ဘဝကို နစ်နာပျက်စီးစေသော ကေတီဗွီ (KTV) စင်တင်တေးဂီတနှင့် နိုက်ကလာပ် (Night Club) စသည်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ကန့်သန့်ပေးရန် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်သည်။

၃။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်၍ မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော သရုပ်ပျက် ဝတ် စားဆင်ယင်မှုနှင့် ယင်းတို့ကို ဖြစ်ပေါ်စေအောင် တွန်းအားပေး သည့် နိုင်ငံခြားဇာတ်လမ်းတွဲများ တားဆီးပေးရေး တောင်းဆိုသွားမည်ဟု ဆုံးဖြတ်သည်။

၎။ နိုင်ငံတည်ငြိမ်အေးချမ်းသာယာမှု ပျက်ပြားစေနိုင်သော မြန်မာတိုင်းရင်းသူများကို ပစ်မှတ်ထား၍ အကြမ်းဖက် အဓမ္မမှုများ ကျူးလွန်နေကြသည့် ဘာသာခြား၊ လူမျိုးခြားများအား ထိရောက်သော ဥပဒေဖြင့် အရေးယူဆောင်ရွက်ပေးရေး တောင်းဆိုသွားမည်ဟု ဆုံးဖြတ်သည်။

၅။ ယဉ်ကျေးလိမ္မာသင်တန်းအဖွဲ့ အချင်းချင်း ညီညွတ်ရေးနှင့် ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးကို ရှေ့ရှု၍ ယဉ်ကျေး လိမ္မာ ဓမ္မ စကူးလ်သင်တန်းများ မရှိသေးသောနေရာများ၌သာ ဦးစားပေး၍ သင်တန်းများ ဖွင့်လှစ်ကြရန် ဆုံးဖြတ်သည်။

၆။ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်များ ပို့ချသင်ကြားရာတွင် တစ်မူတည်းသော သင်ရိုးညွန်းတမ်းဖြစ်ရေးနှင့် အရည်အချင်းစစ် စာမေးပွဲများ တစ်ပြေးညီတည်း တစ်ပုံစံတည်း ဖြစ်စေရေးအတွက် သင်တန်း အဖွဲ့ အချင်း

ဒုတိယအကြိမ်မြောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာညီလာခံနောင်တောင်းပရဟိတတပ်ဦးကျောင်း၊ ဟိုပုံးမြို့



No comments:

Post a Comment