Popular Posts

Tuesday, July 15, 2014

၉ - ကိုးန၀င်းကိန်း နေသည့် မြန်မာ့ နိုင်ငံရေး



မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် မြန်မာ့လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် ၊ ဇန္န၀ါရီလ ၊ (၄) ရက်နေ့ ၊ နံနက် ၀၄၂၀ နာရီ တွင် ဗြိ စ္ဆာ လဂ် ဖြင့် နိုင်ငံတော် ဇာတာ ကို ဖြစ်ပေါ်စေခဲ့သည်။ ဗြိ စ္ဆာ ရာသီ မှာ အင်္ဂါ ဂြိုလ် ပိုင်စိုးသည့် အတွက် အင်္ဂါ နှင့် ပတ်သက်သူများ ကောင်းစားခဲ့ကြသည်။ ဗြိစ္ဆာရာသီသခင်ဖြစ်သည့် အင်္ဂါ ဂြိုလ်မှ ပြဋ္ဌါန်းချက်များတွင် ဂဏန်း သင်္ကေတအားဖြင့် (၉)ဂဏန်း ကို ပိုင်ဆိုင်သည့်အတွက် မြန်မာ့ အယူ တွင် ကိုးန၀င်း ဖြင့် အောင်မြင်ကြသူများပြားခြင်းနှင့် တိုက်ဆိုင် လျှက်ရှိသည်။
သို့ အတွက်ကြောင့်  မြန်မာ့နိုင်ငံရေးတွင် တြင်းကြေ ၊ န၀င်းကြေ နာမည်များမှာ အထူးထင်ရှားသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဥက္ကဋ္ဌ ဦးနေ၀င်း ဆိုလျှင် နာမည် ဂြိုလ်သက်များအရ စနေ - ၁၀ နှစ်၊ ဗုဒ္ဓဟူး - ၁၇ နှစ် ပေါင်းလျှင် (၂၇) ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံကို တစ်ပါတီ၊ တစ်ဦးတည်း စနစ်ဖြင့် ရှင်ဘုရင်တစ်ပါး သဖွယ် အုပ်ချုပ်မင်းလုပ်ခွင့် ရရှိခဲ့သည်။ အလားတူ ပင် နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ မှာလည်း နာမည် ဂြိုလ်သက်အရ န၀င်း မကိုက်သော် လည်း တြင်း ကိုက်ခြင်းကြောင့် ဘုရားတည်ခြင်းနှင့် သက်ဆိုင်သော န၀င်းယတြာ အမြောက်အများကို ဆောင်ရွက်ပြီး ရှင်ဘုရင်တစ်ပါး သဖွယ်ဘုန်းကြီးခဲ့သည်ဟု ဆိုသည် ။
ရွှေတိဂုံစေတီတော်ကြီးဘက်စုံပြုပြင်ရာတွင် နာမည် န၀င်းကိုက်သည့် လူများဖြင့် ဆောင်ရွက်ခဲ့ရာ ငွေပန်းထိမ် ဦးစံသိန်း မှာ နာမည် အရ  ( စံ=အင်္ဂါ = ၃ + သိန်း= သောကြာ=၆) ၉  န၀င်းရခဲ့ခြင်း ကြောင့် နိုင်ငံတော်၏ အခမ်းအနားများတွင် မရှိမဖြစ်ပါဝင်ခဲ့ရသူတစ်ဦးအဖြစ် လူသိများခဲ့သည်။
ယင်းသို့ မြန်မာ့နိုင်ငံရေးတွင် ( ၉ ) ကိုးဂဏန်း၏ အရေးပါမှုကြောင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း တွင် သမ္မတ အဖြစ် ဦးသိန်းစိန် နာမည်အရ ( သိန်း=သောကြာ=၆ + စိန်=အင်္ဂါ=၃ ) ၉ ကိုးန၀င်း ကို ရွေးချယ်ခဲ့ကြသည်ဟု မြန်မာ့ လက်ရိုး / လက်ဆန်း ဗေဒင်လောက သားများက ဝေဖန်ပြောဆိုလျှက် ရှိသည်။ ယင်းသို့  ၉  ကိုးန၀င်းကို ရွေးချယ်ရခြင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း နာမည်အရ (အောင်= တနင်္ဂနွေ = ၁  +  ဆန်း = အင်္ဂါ = ၃ +     စု = အင်္ဂါ = ၃ + ကြည် = တနင်္လာ=၂ ) ၉ ကိုးန၀င်း ရနေခြင်းကြောင့် အတိုက်အခံ ကို ယှဉ်ပြိုင် နိုင်ရေး နှင့် မြန်မာ့လွတ်လပ်ရေးဇာတာနှင့် အံကိုက်ဖြစ်စေရေးအတွက် ဦးသိန်းစိန် ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည် ၀ါရင့်  ဗေဒင်ဆရာကြီးများ ကပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း  စစ်ဗိုလ်ချုပ်ကြီးများ အများအပြား ပါဝင်နေသည့် အစိုးရကို ယှဉ်ပြိုင်နိုင်ရေးအတွက် ၉ ကိုးန၀င်းကို  ၉ န၀င်းဖြင့် ယှဉ်ပြိုင် အောင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း နာမည်အရ (အောင်= တနင်္ဂနွေ = ၁  +  ဆန်း = အင်္ဂါ = ၃ +     စု = အင်္ဂါ = ၃ + ကြည် = တနင်္လာ=၂ ) ၉ ကိုးန၀င်း ရသကဲ့ သို့  ဖြိုးဇေယျာသိန်း ( ဖြိုး= ကြာသပတေး=၅ + ဇေ=အင်္ဂါ=၃ + ယျာ=ဗုဒ္ဓဟူး=၄ + သိန်း= သောကြာ= ၆ ) = (၁၈) = (၉)  ကိုးန၀င်း ရသူကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ် ပြိုင်စေခဲ့ပြီး ဖြိုးဇေယျာသိန်း(ခေါ်) ဇေယျာသော်ကိုပင် သူမ၏ အနီးကပ်အဖြစ် ခန့် အပ် ကာ န၀င်း နှစ်ထပ် ရရှိအောင် ဆောင်ရွက်ထားသဖြင့် လာမည့် ၂၀၁၅  ရွေးကောက်ပွဲတွင် မြန်မာဗေဒင် ကိန်းခန်း အရ နာမည် အတည့်ကောက် ပေါင်း ခြင်း ၉ ကိုးန၀င်း ရရှိသူများ ၊ နာမည် ဂြိုလ်သက် ပေါင်းခြင်း (၉) ၉ ကိုးန၀င်း ရရှိသူများမှာ အင်အားကြီးပါတီများ၏ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံရဖွယ် ရှိ ကြောင်း ၊ မြန်မာ့  နိုင်ငံရေး လောက တွင် ကိုးန၀င်း အမည်ပါသူများကြီးစိုးနေခြင်းဖြင့် ကိုးန၀င်း ကိန်း နေသည့် မြန်မာနိုင်ငံရေးလောက အဖြစ် လက်ရိုး/လက်ဆန်း ဗေဒင် ရှုထောင့်မှ သုံးသပ်မှုမျိုးစုံ ထွက် ပေါ်လျှက်ရှိနေကြောင်း . . . . . .

No comments:

Post a Comment