Popular Posts

Thursday, July 10, 2014

မြန်မာတွေအသက်ခံရတာ အနိုင်ကျင့်တာခံကြရတာကြာပြီ မလေးရှားသံရုံး ဘာလုပ်နေသလဲ.....




မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများ နာရေးကို ကူညီဆောင်ရွက် ပေးနေသော ကွာလာလမ်ပူနာရေးကူညီမှုအ သင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်းမြို့၊ မန်ချူး ချို  င့်၌ အသတ်ခံရကြောင်း သတင်းရရှိသည်။
အသတ်ခံရသော ကွာလာ လမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်သည် မလေးရှား နိုင်ငံတွင် တရားမဝင်နေထိုင် သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူဖြစ်သည်။
ဇူလိုင် ၇ ရက်ကလည်း ၎င်း ကဲ့သို့ပင် ကိုတိုနီဆိုသူ အသတ်ခံရ ၍ ယင်းမှာ တရားမဝင်နေထိုင် သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူနှစ်ဦး သုံးရက်အတွင်း ဒုတိယအကြိမ် အသတ်ခံရခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် တရား မဝင် နေထိုင်သော မြန်မာနိုင်ငံ သားများကို အောက်လမ်းမှတစ် ဆင့် ပြန်ပို့ပေးရာတွင် နာမည်ကြီး သော ကိုတိုနီသည် ဇူလိုင် ၇ ရက် က ပီနန်မြို့တော် ဘတ်တာဝပ်မြို့ ၌ အသတ်ခံခဲ့ရသည်။
ယခု ဦးမျိုးပိုင် ထပ်မံအသတ်ခံရခြင်းကြောင့် မလေးရှားနိုင်ငံ ရောက် မြန်မာများကို ကူညီပေး နေသူအချို့သည် မြန်မာသံရုံးသို့ ချက်ချင်းသွားရောက်ပြီး သံရုံးအ နေဖြင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးမျိုးပိုင်သည် ဇူလိုင် ၇ ရက်က အသတ်ခံရသော ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သင်္ဂြိုဟ်ရာ၌ လိုက်လံပို့ဆောင် ပေးခဲ့သေး ကြောင်း ဦးမျိုးပိုင်၏မိတ်ဆွေဖြစ် သူ ကွာလာလမ်ပူရှိ ရွှေလူငယ် လေယာဉ်လက်မှတ် အရောင်း ဌာနမှ ကိုမျိုးက ပြောသည်။
‘‘အခုအနေအထားက အ ရမ်းကြောက်ဖို့ကောင်းတဲ့ အနေ အထားဖြစ်နေတယ်။ မလေးရှား မှာနေတဲ့ တရားမဝင် သူတွေကို ပြန်ပို့ပေးတဲ့သူ နှစ်ယောက် အ သတ်ခံလိုက်ရတယ်။ တစ်ခုခုလုပ်ဖို့ အခုတိုင်ပင်နေ ကြပါတယ်’’ဟု ကိုမျိုးက ပြောသည်။
ဦးမျိုးပိုင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ လုံခြုံရေးအ ခြေအနေအတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းထံ ဆက် သွယ်မေးမြန်းသော်လည်း အ ဆက်အသွယ် မရရှိခဲ့ပေ။
ဦးမျိုးပိုင် အသတ်ခံရမှုကြောင့် ကွာလာလမ်ပူမြို့တွင်နေထိုင်သော မြန်မာနိုင်ငံသားများသီတင်းနှစ်ပတ်တိတိ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရန်အချင်းချင်း ညှိနှိုင်းတိုက်တွန်းထားကြောင်း သိရသည်။


                                                                                                               7Day NewsDaily7Day News Daily  








No comments:

Post a Comment