Popular Posts
Saturday, June 28, 2014
တည်ငြိမ်သော စိတ်ဓါတ်ခွန်အားအပြည့်နှင့် ပြည်ခိုင်ဖြိုးလူငယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် ရလဒ်အဖြေကြောင့် နေပြည်တော် ပါတီဌာနချုပ်အနေဖြင့်  ပါတီဝင်များ စိတ်ဓါတ် မြှင့်တင်နိုင်ရေးအတွက် သင်တန်းပေါင်းစုံ ပြုလုပ်ပေးလျှက်ရှိနေသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နှင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲများတွင် ပြည် ခိုင် ဖြိုး ပါတီ က ပြည်သူ နှင့် တစ်သားတည်းကျခဲ့ကြောင်းလေ့လာတွေ့ ရှိရသည်။ ပြိုင်ဘက်ပါတီဖြစ်သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နှင့် နိုင်/ကျဉ်း အင်အားစုများစွပ်စွဲသကဲ့သို့  အတည်ယူပါကလည်း ဧရာ ၀တီတိုင်းဒေသကြီး နှင့် အောက်မြန်မာပြည် နာဂစ် ဒဏ်ခံ တိုင်း/ပြည်နယ် များ မပါ စဉ် ကပင် ဆန္ဒခံယူ ပွဲ ရလဒ်မှာ ၆၀% အထက် ရရှိပြီးဖြစ်ကြောင်းတွေ့ ရသည့် အတွက်  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲမှာ ပြည်သူ နှင့် တစ်ထပ်တည်း တစ်သားတည်းကျခဲ့ကြောင်း ငြင်းဆန်၍ မရနိုင်ပေ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ အနေဖြင့် ကမ်းပြို တောင်ပြို အနိုင်ရခဲ့ခြင်းကြောင့်  ပြည်ခိုင်ဖြိုး ပါတီအတွင်း စိတ်ဓါတ်ကျဆင်းမှုများနှင့် ပါတီကို စွန့် လွှတ်လို စိတ် များ ဖြစ် ပေါ်စေသည်အထိ  ဂယက်ရိုက်လှုပ်ခတ်သွားစေခဲ့သည်။ ယင်း ဂယက်ကို ကျော်လွှားနိုင်ရန် ပြည် ခိုင် ဖြိုးပါတီ ဌာနချုပ် က ပြင်ပ နိုင်ငံရေး သင်တန်းကျောင်းများမှ နည်းပြများကို ငှားရမ်း၍ သင်တန်းများဖွင့်လှစ်ခြင်း / သုတေ သနလုပ်ငန်းများဆောင်ရွက်ခြင်းတို့ ဖြင့် ဖြည့်စွက် ကုစား ခဲ့ကြသည်။
ပြည်ခိုင်ဖြိုး ပါတီ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပါတီဌာနချုပ်မှ ထင်မှတ်မထားသည့် ကြံ့ခိုင်သော စိတ် ဓါတ် တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ဖေါ်ကိုင်ဖက် များ၏ ကိုယ်ကျိုး ရှာမှုများကြောင့် ရင့်သန်ခိုင်မာစွာ ဖြစ်တည်ပေါ်ထွန်းလာသည်ကို လေ့လာတွေ့  ရှိရသည်။ တပ်မတော် မှာ နေရာကောင်းရရှိသော အရာရှိများက လုပ်ငန်းကျွမ်းကျင်အောင် ထမ်းဆောင်ပြီးချိန်မှ စ၍ စီနီယာ၊လုပ်ဖေါ်ကိုင်ဖက်၊ဂျူ နီယာ များကို ဘ၀တိုး တက်အောင် မှတ်မှတ်ထင်ထင် ကူညီပေးလေ့ရှိကြောင်း၊ အကို ကြီး / ညီလေးအနေဖြင့် အကူအညီ မတောင်းတတ်သူကိုပင် ခေါ်ယူ၍ အခွင့်အလမ်းကို ဖေါ်ဆောင်ပေးကြောင်း၊ ၂၀၁၀ တွင် ပြည် ခိုင် ဖြိုးပါ တီ အနိုင်ရအောင် ရုန်းကန်ပေးခဲ့ ရသည့်/ ကာယ - ဥာဏ စိုက်ထုတ်ပေးခဲ့ရသည့် ပါတီတွင် ကျန် ရှိနေသည့်လုပ်ဖေါ်ကိုင်ဖက်များကို လစ်လျှူရှုကာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ / တိုင်းဒေ သကြီး အစိုးရအဖွဲ့ တွင် ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူများမှာ ပြင်ပစီးပွား ရေးလုပ်ငန်းရှင်ကြီးများ၏ အိတ်ထောင်အတွင်းရောက်ရှိ နေမှုကို  မင်းတို့ ကောင်တွေ ကို ပြောချင်ရင် ငါတို့ အရင်  လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင်လုပ် ရမယ် / ငါတို့  ရွေးကောက်ပွဲ မှာအနိုင်ရ အောင်လုပ်ရမယ် ဟူသော စိတ်ဓါတ်များ တောက်လောင် စေလျှက် ရှိနေသည်ကိုတွေ့ ရသည် ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ  အောင်နိုင်ရေး မှန်းဆပါ ဟုဆိုလျှင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တွင် တာဝန်ထမ်းဆောင်နေသူများ၏  မဲဆန္ဒနယ် များကို အရှုံး ဟု သတ်မှတ်ပြီး ကျန် သည့် မဲဆန္ဒနယ်များကို နိုင်အောင်ဆောင်ရွက်မည် ဟူသည့် စိတ်ဓါတ်များ ပါတီတွင်း လူငယ်များတွင်ဖြစ်ပေါ်လျှက်ရှိသည် ကို လေ့လာတွေ့ ရှိရသည်။
ယင်းသို့ သော စိတ်ဓါတ်များကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်သည်ဟူ၍ စစ်မရောက်ခင် မြှား ကုန်နေသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းကောင်းစားနေသည့် မဲ        ဆန္ဒနယ်များနှင့် ၂၀၁၅ ရွေး ကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ က ရှုံးနိမ့်နိုင်သည့်အတွက် လက်ရှိ အစိုးရ ၀န်ကြီးဖြစ်တုန်း တစ်သက်စာ ရှာသွားမယ် ဟူသော မဲဆန္ဒနယ်များရှိ ကိုယ်စားလှယ်များကို ပါတီလူငယ်များက ယင်းလူလည် များ၏ အပြစ်ကို ပြင်ပမီဒီယာ သို့ ဖွင့်လှစ် ချ ပြခြင်းမရှိသည်မှာ ပြည်ခိုင်ဖြိုး ပါတီ၏ လူငယ် များ ပါတီအပေါ် သစ္စာစောင့်သိမှုကို မှတ်ကျောက်တင်ခြင်းဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည်။
ပါတီလူငယ်များတွင် သစ်လွင်သော အကြံဥာဏ်များရှိနေသည်ကို ပါတီတွင်လက်ရှိ နေရာရနေသူများ က လစ်လျူ ရှုထားသည့်အတွက် ပါတီဌာနချုပ်၏ ရွေးချယ်မှု သုံးသပ်ဆန်းစစ်မှု နည်းလမ်းအသစ်များ ဖြင့် အစားထိုး ကာ ပါတီလူငယ်ကဏ္ဍသစကိုဖေါ်ဆောင်ပေးပါက ပြည်ခိုင်ဖြိုး ပါတီ၏ စိတ်ဓါတ် မှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ အမြင့်မားဆုံးသိုရောက်ရှိသွားမည်ဖြစ်သည် ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီမှာ ပြည်ခိုင်ဖြိုး ပါတီလူငယ် များကဲ့သို့  တည်ငြိမ် ၍ တစ်စိမ့်စိမ့် ထိုးထွက်ပေါ်ထွန်းလာသော စိတ်ဓါတ်ခွန်အား မရှိပဲ ကောက်ရိုးမီး ထတောက်သည့် ပမာ စိတ်ဓါတ်ခွန်အားသာရှိနေသည်ကို လေ့လာတွေ့ ရှိရသည်။
ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် အနေဖြင့် တည်ငြိမ်သော စိတ်ဓါတ်ခွန်အား ပိုင်ရှင် ပါတီလူငယ်များကို ဖေါ်ထုတ် မွေးမြူ ပျိုးထောင် လေ့ကျင့် တာဝန်ပေးနိုင်ရန် ဆုံးဖြတ်လုပ်ဆောင်သင့်ပါကြောင်း . . . . .
(စိတ်ဓါတ်ခွန်အား လေ့လာဆန်းစစ်ချက်မှာ လူအင်အား ငွေအင်အား  စိတ်ဓါတ်အင်အားနှင် အချိန် ပေး၍ လုပ်ဆောင်ရခြင်းကြောင့် ကုန်ကျ ပင်ပန်းမှုများကို လစ်လျူ ရှုကာ  ပြည် ခိုင် ဖြိုးပါတီ၏ လူငယ် တွေ့ ဆုံ ပွဲ အစီအစဉ်  ကို ဂုဏ် ပြု ဖေါ်ထုတ် ရေးသားအပ်ပါသည်  )
1 comment:
  1. ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ကအနိုင်ရမယ်လို့ ဆိုချင်တာလား
    ပါတီတွင်းမှာရော အခွင့်အရေးရတဲ့လူနဲ့  အခွင့်အရေး ဆုံးရှုံးတဲ့လူ
    မိုးသီးပြောသလိုဆိုရင် ကြံ့ခိုင်ရေးမှာလဲ လူငယ်ဘ၀ရဲ့ အချိန် ကို စွန့် လွှတ်ပြီး သင်ကြားထားတဲ့ ပညာနဲ့  ပြင်ပလုပ်ငန်းတွေမှာ ၀င်လုပ်ရင် ရမဲ့ ဝင်ငွေ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ရင် ရမဲ့ ငွေကြေးတွေကို မမက်မောပဲ ကြံ့ခိုင်ရေးထဲမှာပဲ စီးမျောနေတဲ့ လူငယ်တွေ တစ်ရေးနိုးလာရင်ရော ပါတီတွင်းအကွဲအပြဲ ကို ကျော်စွာဝင်း မောင်ရေစက်လို ရေးသားစရာမလို ပဲ ပြိုင်ဘက်ပါတီတွေကို အကြံပေးလိုက်ရုံ နဲ့  ဖြစ်ပေါ်စေနိုင်မဲ့  အတားအဆီးတွေကိုရော ဘယ်လို ကျော်လွှားမလဲ
    မိုးသီး ကတော့ သူက လူပျိုကြီးပါတဲ့  နိုင်ငံရေးမှာ အချိန်ပြည့်ပေးထားလို့ ပါတဲ့ 
    ReplyDelete